ချစ်​သူများ​နေ့မတိုင်​ခင်​မှာပဲ လက်​​ဆောင်​​တွေအများကြီးနဲ့ Surprise ​အတိုက်​ခံလိုက်​ရတဲ့ သင်​ဇာဝင့်​​ကျော်

Posted on - Feb 12 []

Myint Myat

စာရေးသူ

ပရိသတ်​​တွေအရမ်းချစ်​ကြတဲ့ မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ သူမကိုယ်​သူမ အမြဲ ယုံကြည်​မှုရှိပြီး တက်​ကြွလန်းဆန်း​နေတတ်​တဲ့ ဆွဲ​ဆောင်​မှုရှိလွန်းသူ​လေး တစ်​ဦးပါ။ အမြဲလိုလို စိတ်​ဝင်​စားစရာ​ကောင်းတဲ့ အမိုက်​စား ​ဖက်​ရှင်​​တွေနဲ့ ပွဲတက်​​လေ့ရှိတဲ့ သင်​ဇာ​လေးက​တော့ ပရိသတ်​​တွေရဲ့ စိတ်​အာရုံကို အမြဲဖမ်းစားထားနိုင်​သူ​လေးပါ။ ဒီ​နေ့​နံနက်​ခင်း​လေးမှာ​တော့ သင်​ဇာက ချစ်​သူများ​နေ့အကြိုအတွက်​ Surprise အလုပ်​ခံလိုက်​ရတဲ့ သူမရဲ့ပုံရိပ်​​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားတာ တွေ့ရပါတယ်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ ချစ်​စရာ​ကောင်းတဲ့ Surprise ​ကြောင်​ အံ့အားသင့်​​နေတဲ့ သင်​ဇာရဲ့ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

သင်​ဇာ​လေးက​တော့ "ဒီနေ့စောစောစီးစီး သူတို့လေးတွေကိုယ့်ကို Valentine’s Day အကြို surprise လာတိုက်ကြတယ် ... ပျော်တယ်ကွယ်... ကျေးဇူးလဲအရမ်းတင်ပါတယ် 🙏🏼🥰😍😘🙏🏼" ဆိုပြီး သူမရဲ့ အမာခံပရိသတ်​​တွေရဲ့ Surprise​ကြောင့်​ ​ပျော်​​နေတဲ့ သူမရဲ့ပုံရိပ်​​တွေကို လူမှုကွန်​ယက်​​ပေါ်မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

သင်​ဇာဝင့်​​ကျော်​က​တော့ လတ်​တ​လောမှာ အချစ်​​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုရယ်​၊ ပရိသတ်​​တွေရယ်​၊ သူငယ်​ချင်း​တွေရယ်​နဲ့အတူ ဘဝကို ​ပျော်​​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။

သရုပ်​​ဆောင်​ပိုင်းမှာလည်း ကျရာဇတ်​ရုပ်​ကို ပီပြင်​​အောင်​ သရုပ်​​ဆောင်​နိုင်​တဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အမိုက်​စားဖက်​ရှင်​နဲ့ လန်း​နေတဲ့ သင်​ဇာ​လေးကို ချစ်​​ပေးလိုက်​ကြပါဦး​နော်​။

Myint Myat
Source:Thinzar Wint Kyaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။