ပြည်ထောင်စုနေ့အကြောင်းကို လေးလေးနက်နက် အဓိပ္ပါယ်ဖွင့်ခဲ့တဲ့ ဒေါင်း

Posted on - Feb 12 []

Rowena

စာရေးသူ

လတ်တလော ပရိသတ်တွေကြား ရေပန်းစားနေတဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဒေါင်းဟာ သူ့ရဲ့ ဆန်းတက်နေချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ရင့်ကျက်တည်ငြိမ်ပြီး ယောကျာ်းပီသတဲ့ ဒေါင်းက သရုပ်ဆောင်လဲကောင်းမွနတာကြောင့် ပရိသတ်တွေက အားပေးနေရသူဆိုလဲ မမှားပါဘူး။ အခုဆိုရင် ဒေါင်းက အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေနိုင်သူ ဖြစ်နေပါပြီ။

ဒေါင်းရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုဖြစ်တဲ့ "အချစ်ဖြင့်လွမ်းစေ Longing with Love" ဇာတ်လမ်းတွဲကလဲ မကြာခင်မှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ "အချစ်ဖြင့်လွမ်းစေ" ဇာတ်လမ်းတွဲက စာရေးဆရာမကြီး နုနုရည်အင်းဝရဲ့ ဝတ္ထုကို ဒါရိုက်တာနေသန်မောင်က ပြန်လည်အသက်သွင်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

"အချစ်ဖြင့်လွမ်းစေ" ဇာတ်လမ်းတွဲမှာ ဒေါင်း၊ ပိုင်ဖြိုးသုနဲ့ အိန်ဂျယ်လမုံတို့က အဓိကပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုနေ့အမှတ်တရ အနေနဲ့ "အချစ်ဖြင့်လွမ်းစေ" ဇာတ်လမ်းတွဲမှာ နောင်မင်းလတ်အဖြစ် သရုပ်ဆောင်ထားတဲ့ ဒေါင်းရဲ့ စကားသံကို အတူတူ နားထောင်ကြည့်ရအောင်နော်။

နောင်မင်းလတ် အဓိပ္ဗာယ်ဖွင့်ဆိုထားတဲ့ ပြည်ထောင်စုနေ့ (ဒေါင်း)

"အချစ်ဖြင့်လွမ်းစေ" ဇာတ်လမ်းတွဲကြီးက ဖေဖော်ဝါရီလအတွင်း ပြသတော့မှာမို့ စောင့်မျှော်ကြည့်ရှုဖို့ မမေ့ပါနဲ့နော်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: အချစ်ဖြင့်လွမ်းစေ

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။