လမ်းစမ်းလျှောက်ရင်းအရမ်းကို ပျော်ရွှင်နေပြီဖြစ်တဲ့ အာဇာနည်နဲ့ဝမ်း တို့ရဲ့သားငယ်လေး ချစ်ချစ်တုန်ရဲ့ ဗီဒီယို

Posted on - Feb 12 []

K Kay

စာရေးသူ

အဆိုတော် အာဇာနည်နဲ့ ဝမ်းတို့ရဲ့ သားငယ်လေး ချစ်ချစ်တုန်ဟာဆိုရင် ဝိုင်းဝိုင်းစက်စက် မျက်နှာလေးနဲ့ အရမ်းကို အပြုံးချိုပြီး ချစ်စရာ ကောင်းလွန်းခဲ့တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုသာမကဘဲ အနုပညာရှင်အသိုင်းအဝိုင်းတွေရဲ့ ချစ်ခင်မှုကိုပါ ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ အများရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့ရတဲ့ သားငယ်လေး ချစ်ချစ်တုန်ကတော့ ကိုယ့်အားကိုယ်ကိုးပြီး လမ်းစလျှောက်တတ်နေခဲ့ပြီပဲ ဖြစ်ပါတယ်။

လမ်းစလျှောက်တဲ့နေ့လေးမှာ အရမ်းကို ပျော်ရွှင်နေခဲ့ရတဲ့ ချစ်ချစ်တုန်လေးရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ လမ်းလျှောက်ရင်း အရမ်းကို ပျော်ရွှင်နေခဲ့ရတဲ့ ချစ်ချစ်တုန်ရဲ့ video file လေးကို ဆက်လက်ပြီး ကြည့်ရှုအားပေးကြပါဦးနော်။

သားငယ်လေး ချစ်တုန် လမ်းစလျှောက်နေပြီဖြစ်ကြောင်းကို ဖေဖေ အာဇာနည်က " ချစ်ချစ်လေး လမ်းစမ်းလျှောက်နေပြီ❤️ " ဆိုတဲ့ စာသားလေးနဲ့ ဖစ်ဖစ်ချစ်ချစ်ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

လမ်းစမ်းလျှောက်ရင်း အရမ်းကို ပျော်ရွှင်နေခဲ့ရတဲ့ ချစ်ချစ်တုန်လေးရဲ့ video

အသက် ၁ နှစ်သာ ရှိသေးပေမယ့်လည်း လမ်းစမ်းလျှောက်ရင်း အရမ်းကို ပျော်ရွှင်နေတတ်ပြီဖြစ်တဲ့ ချစ်ချစ်တုန်လေးရဲ့ video file လေးကို ကြည့်ရင်း သဘောကျနှစ်သက်ပြီး အချစ်တွေပိုမိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် ပရိသတ်ကြီးရေ။ အိမ်ထောင်သက် ၁၅ နှစ် ကျော်သည့်တိုင်အောင် ချစ်စရာကောင်းတဲ့ သားသားလေးတွေနှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးအဖြစ် ရပ်တည်နေထိုင်ကြဆဲဖြစ်တဲ့ အာဇာနည်နဲ့ ဝမ်းတို့ မိသားစုလေးကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : PhitPhitChitChit's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။