သက်မွန်မြင့် မုန့်ကျွေးတာကို Thank You လို့ ပြန်ပြောခဲ့တာကြောင့် ပရိသတ်တွေသဘောကျနေရတဲ့ ခေတ်နဲ့သစ်

Posted on - Feb 12 []

Rowena

စာရေးသူ

ပရိသတ်တွေချစ်ကြတဲ့ ရုပ်ရှင်နှင့်အဆိုတော် ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်က မကြာခင်ကပဲ (၂)နှစ် ပြည့်သွားပြီဖြစ်ပြီး စကားတွေလဲ တီတီတာတာနဲ့ ပြောတတ်နေပြီ ဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့က ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းကပါ ချစ်ခင်ကြပါတယ်။

သမီးလေး မေမြန်မာခေတ်နဲ့ မေမြန်မာသစ်က ဖေဖော်ဝါရီလ (၁၀) ရက်နေ့က မေမေချစ်သုဝေရဲ့ "ကတိ" အယ်လ်ဘမ်မိတ်ဆက်ပွဲလေးကို ရောက်ရှိလာကြပါတယ်။ သမီးလေးတွေက ချစ်စရာကောင်းလွန်းတာမို့ ထိုပွဲလေးကိုတက်ရောက်လာသူတွေကလဲ လက်ကနေမချနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

တီတီသက်မွန်မြင့်ကလဲ သမီးလေးတွေကို ချစ်တာကြောင့် မုန့်တွေဝယ်ကျွေးခဲ့တာ အလိမ္မာတုန်းလေး ခေတ်နဲ့ သစ်က Thank You ဆိုပြီး ပြန်ပြောခဲ့တာကြောင့် တီတီသက်မွန်အပါအဝင် ပရိသတ်တွေလဲ ပွဲကျခဲ့ရပါတယ်။

ဖေဖေနဲ့မေမေစတိုင်လ် အပြည့်ရှိတဲ့ ခေတ်နဲ့သစ်😘

ပရိသတ်တွေလဲ စကားတတ်လွန်းတဲ့ ခေတ်နဲ့သစ်တို့ရဲ့ ပုံရိပ်တွေကို သဘောကျကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ သမီးလေးတွေရဲ့ အခုပုံရိပ်လေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Ria Bo Vich
Photo: Ria Bo Vich

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။