လူကြမ်းမင်းသား​တွေကို ဆရာတင်​ ပွဲထုတ်​ထားလို့ ပရိသတ်​​​တွေ ချီးကျူး​နေကြတဲ့ "မြို့ပြမုဆိုးများ" ရုပ်ရှင်ဇာတ်ကားကြီး

Posted on - Feb 12 []

Myint Myat

စာရေးသူ

BONAZA PRODUCTION ရဲ့ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "မြို့ပြမုဆိုးများ" ရုပ်ရှင်ကတော့ ​သေ​သေချာချာပြင်​ဆင်​ထားတဲ့ အက်​ရှင်​ပြကွက်​​တွေနဲ့ အမိုက်စားရိုက်ချက်တွေကို ​ပေါင်းစပ်​ပြီး အကောင်းဆုံးပုံဖော်ထားတာမို့ အက်​ရှင်​ကား ကောင်းကောင်းလေးမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေ ​တော်​​တော်​​လေး စိတ်​ဝင်​စား​နေကြတာပဲ ဖြစ်ပါတယ်။ အဆိုပါ"မြို့ပြမုဆိုးများ" ရုပ်ရှင်​ထဲမှာ​တော့ လူကြမ်းမင်းသားတစ်​ဦးဖြစ်​တဲ့ ကိုလူ​ချောအဖွဲ့ထဲက ဦးဆွိက ဖိုက်​တင်​သင်​​ပေးတဲ့ ဆရာတစ်​ဦးဖြစ်​တဲ့အပြင်​ ရုပ်​ရှင်​ထဲမှာလည်း အဓိကသရုပ်​​ဆောင်​တစ်​ဦးအ​နေနဲ့ ပါဝင်​ထားပါ​သေးတယ်​။

လတ်​တ​လောမှာ​တော့ "မြို့ပြမုဆိုးများ" ရုပ်​ရှင်​ဇတ်​ကားကြီးထဲက ​ခေါင်း​ဆောင်​မင်းသားဖြစ်​တဲ့ ခါရာက ဦးဆွိကို ဆရာအ​နေနဲ့ ​လေးစားစွာ ပရိသတ်​​တွေအတွက်​ တင်​​ပေးထားတာ ​တွေ့ရပါတယ်​။ လူကြမ်းးမင်းသား​ပေမယ့်​ တရိုတ​သေနဲ့ ​နေရာ​ပေးပွဲထုတ်​ခဲ့တာကြောင့်​ ပရိသတ်​​တွေက ​တော်​​တော်​​လေး ချီးကျူး​နေကြတာ ​တွေ့ရပါတယ်​။

လူကြမ်း​တွေကို ချစ်​ကြတဲ့ ပရိသတ်​​တွေက​တော့ ​တော်​​တော်​​လေးကို ချီးကျူး​နေကြတာပါ။

ပရိသတ်​​တွေ သ​ဘောကျ​နေကြတဲ့ ဦးဆွိနဲ့ ခါရာတို့ရဲ့ဗီဒီယို

"မြို့ပြမုဆိုးများ"ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယို

"မြို့ပြမုဆိုးများ" ရုပ်ရှင်ဇာတ်ကားမှာတော့ ခါရာ၊ ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ ထပ်ဆင့်အကယ်ဒမီ ဇင်ဝိုင်း၊ ပြည့်ဝတီမောင်၊ မင်းမြတ်စိုးစံ၊ ဦးဆွိ၊ ခန့်ညား၊ ဂျာဆိုင်းအိန်၊ ဟိန်းသစ်စ၊ ဟန်နွေ တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာဥာဏ်ထင်ရဲ့ ထူးခြားကောင်းမွန်တဲ့ ရိုက်ကူးတင်ဆက်မှုတွေနဲ့ ဖန်တီးပုံဖော်ထားတယ်လို့လည်း သိရပါတယ်။ "မြို့ပြမုဆိုးများ" ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် မတ်လ (၁) ရက်နေ့မှာ ရုံတင်ပြသွားမှာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြင်နေကျ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကွဲထွက်နေတဲ့ "မြို့ပြမုဆိုးများ" ရုပ်ရှင်ဇာတ်ကားကိုသဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;"မြို့ပြမုဆိုးများ" ရုပ်ရှင်ဇာတ်ကား

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။