ဖခင်မေတ္တာ မရခဲ့တဲ့ သူမအကြောင်း ရေးထားတဲ့စာကို မိခင်ကြီးမဖတ်စေချင်ဘူးဆိုတဲ့ ခိုင်နှင်းဝေ

Posted on - Feb 12 []

Moe Kalay

စာရေးသူ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေ အတွက် သရုပ်ဆောင် ခိုင်နှင်းဝေ ရဲ့ ငယ်ဘဝ ပုံရိပ်ကလေးတွေ နဲ့ သူမဘဝရဲ့ ရင်ဖွင့် သံလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေ က အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို ပရဟိတ များစွာတို့ကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။ ဒီတစ်ခါမှာတော့ သူမက ငယ်စဉ်ကတည်းက ဖခင်မရှိပဲ ရပ်တည်း ခဲ့ရပြီး ဖခင်ရဲ့ မေတ္တာတရားတွေမရခဲ့တဲ့အကြောင်း ကို ရင်ဖွင့်ပြောထားတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝက " ဖခင်မေတ္တာငတ်မွတ်ခြင်း
(သို့) အမေ မဖတ်စေလိုသော ရင်ဖွင့်သံ
------------------ကျွန်မ ဘဝမှာ မွေးဖွားလာစဉ်ကနေ ယနေ့ထိ အဖေရဲ့မေတ္တာကို မရရှိခဲ့ဖူး ဝန်ခံရ ရင် ကျွန်မ ဖခင်တယောက်ရဲ့ မေတ္တာကို သိပ်လိုချင်ခဲ့တယ်လေ .....ကျွန်မ မှာ အမေပဲရှိတယ် ကျွန်မနားမှာ ကျွန်မရှေ့မှာ အမေပဲရှိတယ် ကျမအဒေါ်တွေ ဦးလေးတွေရှိတယ်ကျွန်မ အဖေမေတ္တာလိုချင်ကြောင်းဖွင့်ဟမိရင် အမေစိတ်မကောင်းမှာစိုးလို့ တယောက်ထဲ ကြိတ်ခံစားခဲ့ရတဲ့ ဝေဒနာကို ကျွန်မလို Broken Family က လူတွေ နားလည်ကြမှာပါ .."

"ကျွန်မလေ .....ကျွန်မရှေ့မှာ ကြုံလာတဲ့အခက်ခဲတိုင်းကို တံတိုင်းကြီးလို မားမားမတ်မတ် ရပ်တည်ပြီး ငါ့သမီးလေးကို မထိနဲ့ဆိုပြီး ကာကွယ်ပေးမယ့် အဖေ လိုချင်တာ ပေါ့ ကျွန်မကို တခြားလူတွေနဲ့ဆက်ဆံတဲ့အခါ အယုံမလွယ်ဖို့ ကျွန်မအပေါ်အနိုင်ကျင့်စော်ကားတာမျိုး မဖြစ်စေရ အောင် ဖခင်မေတ္တာနဲ့ ဆုံးမပေးမယ့် အဖေမျိုး လိုချင်တာပေါ့ ကျွန်မနားကိုရောက်လာမယ့် အန္တရယ်တွေကို ငါ့သမီးထိ ဓားကြည့် ဆိုပြီး အသင့်ရှိနေတတ်တဲ့အဖေမျိုး လိုချင်တာပေါ့ ခုတော့ ကျွန်မမှာ ဖေဖေမရှိဖူး .."

တခါတလေ စဉ်းစားမိတယ် လူတွေဘာလို့ကျွန်မကိုအနိုင်ကျင့်တာလဲ?ဘာလို့ကျွန်မ မေတ္တာကိုအလွဲသုံးစားလုပ်ကြတာလဲ?ဘာလို့ ကျွန်မကို တန်ဖိုးမထားတာလဲ?သူတို့လုပ်ချင်ရာလုပ်ကြပြီး ဘာလို့တောင်းပန်ရင်ကျေအေးခိုင်းနေတာလဲ?တောင်းပန်လို့ ကျွန်မကမကျေအေးနိုင်တော့ ကျွန်မကို လူဆိုးမကြီးလို့ဘာလို့ထင်တာလဲ?ကျွန်မကို ဘာလို့အထင်သေးစော်ကားချင်ကြလဲ?ကျွန်မရှေ့က တံတိုင်းကြီးလို ခွန်အားအပြည့်နဲ့ ကာကွယ်ပေးမယ့် အဖေ မရှိလို့လား?? ငယ်ငယ်ထဲက ခုထိ ကျွန်မဘဝကို တယောက်ထဲရပ်တည်နေလို့ အထင်သေးကြတာလား?
ကာကွယ်ပေးမဲ့ အိမ်ထောင်ဦးစီး ယောင်္ကျားသားဆိုတာ ငယ်ငယ်ထဲကမရှိခဲ့လို့များ ကျွန်မဘဝထဲကို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် လုပ်ချင်သလိုတွေလာလုပ်နေကြတာလား?"

ကျွန်မလည်း မိန်းမသား တစ်ဦးပဲမို့တယောက်တည်းရပ်တည် နိုင်လို့ ရပ်တည်နေတယ် အမြဲ ကိုယ့်ကိုကိုယ်အမြဲအားပေးနေခဲ့တယ် ကာကွယ်ပေးဖို့ လူဆိုတာမလိုအပ်ဘူးထင်ခဲ့ပေမဲ့ တခါတခါ ကိုယ့်ကိုကာကွယ်ပေးမဲ့လူကိုယ့်ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးမဲ့လူမျိုးကျွန်မ လိုချင်လာမိတယ် ...ကျွန်မဘဝကို အားငယ်ခြင်းတွေ သိမ်ငယ်ခြင်းတွေ စိတ်ဓာတ်ကျခြင်းတွေ ဆိုတာ မရှိအောင် ကျွန်မ နေခဲ့ပေမယ့်
အမေနဲ့ဆွေမျိုးတွေမသိအောင်အမြဲတိတ်တိတ်လေးအားငယ်မိတယ်"

"ကျွန်မ လူတွေကိုယုံကြည်တယ် မေတ္တာလေးနည်းနည်းပေးရင် သူတို့ ဘာပြောပြော လုပ်တယ်ဆိုတာ
ကျွန်မ မေတ္တာငတ်ခဲ့လို့ပါ ကျွန်မ သိပ်အဖော်မင်လို့ပါ ကျွန်မ မိသားစုက မရတဲ့ မေတ္တာတွေ အချစ်တွေ တောင့်တမိလို့ပါ ကျွန်မ မျက်နှာ မာတယ်ဆိုတာ ကျွန်မရဲ့ အားငယ်မှုတွေကို Cover လုပ်ထားတာပါ ....ကျွန်မဘဝထဲကို မေတ္တာစစ်မပေးနိုင်ပဲ ထပ်မဝင်လာကြပါနဲ့တော့လုပ်ချင်သလိုလုပ် ပြောချင်သလိုပြော ဪ ငါပြောလိုက်ရင်ပြီးတာပဲ သူက ကလေးလိုပဲ ငါပီးရင်ပီးတယ် ငါ့ကိုယုံတယ် ငါ့ကိုသူလိုအပ်တာပဲဆိုတဲ့အချိုးတွေ ကျွန်မ ကြောက်နေပါပြီ ..."

အစစ်အမှန်မဟုတ်တဲ့ မေတ္တာ စေတနာ တွေကို ကျွန်မ အမှန်တကယ် မေတ္တာငတ်မွတ်သူမို့ ထပ်လာမပေးကြပါနဲ့တော့ ....ဘဝအဆက်ဆက်လည်း မိသားစုမေတ္တာ ငတ်မွတ်မှုကို မခံစားရပါစေနဲ့လို့ အမြဲဆုတောင်းတယ် ...သားသမီးတွေကို ဂရုစိုက်တဲ့အဖေတွေ တွေ့ရင် ကျွန်မ ငေးပြီး အားကျနေရသူမို့ အဖေမေတ္တာရကြတဲ့ အဖေရှိနေသေးတဲ့ လူသားတိုင်း အဖေမေတ္တာ အမေ မေတ္တာကို ရနေတုန်း တန်ဖိုးထားတတ်ကြဖို့ ကျွန်မ မေတ္တာရပ်ခံ ပါတယ်ရှင် ...." ဆိုပြီး ပြောထားပါတယ်။

ခိုင်နှင်းဝေက သူမရဲ့ငယ်ဘဝ ပုံရိပ်ကလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပြီး သူမရဲ့ ငယ်စဉ်က တည်း က ဖင်တစ်ယောက်ရဲ့ ဂရုစိုက်မှု ၊ ဖခင်တစ်ယောက်ရဲ့ လှုံခြုံမှု ပေးခြင်း တွေကို မရခဲ့ပဲ ကြီးပြင်းလာရတဲ့ အကြောင်း ကို ရင်ဖွင့်ပြီး ပြောထားတာပါ။

သရုပ်ဆောင် ခိုင်နှင်းဝေ ရဲ့ ငယ်ဘဝပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;khine hnin wai's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။