နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာ သုံးလေ့ရှိတဲ့ အမိုက်စားလှည့်ကွက်များ

Posted on - Feb 12 []

Douglas Thura

စာရေးသူ

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေကို စွဲစွဲမြဲမြဲအားပေးလာတဲ့ အမာခံပရိသတ်တစ်ယောက်အနေနဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်မြောက်လာဖို့ ဘယ်လိုနည်းပညာတွေ၊အယူအဆတွေ သုံးပြီးရိုက်ကူးရလဲဆိုတဲ့အကြောင်းအရာတွေကို ပြင်းပြင်းပြပြသိချင်ကြမိမှာ အမှန်ပါ။ မဖြစ်နိုင်တဲ့ အရာတွေ၊ ကမ္ဘာပေါ်မှာမရှိတော့တဲ့ သက်ရှိတွေနဲ့ ပတ်သက်ပြီး ပီပီပြင်ပြင် ရိုက်ကူးတင်ဆက်နိုင်လေ့ရှိတာကြောင့် Hollywood ရုပ်ရှင်တွေရဲ့ နောက်ကွယ်ကအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိချင်ကြတာလည်း ဆန်းတော့မဆန်းပါဘူး။ တစ်ကယ်တော့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုရဲ့ နောက်ကွယ်မှာ အမိုက်စားလှည့်စားမှုတွေတစ်ချို့ရှိနေပါတယ်။ ဘယ်လိုလှည့်စားမှုမျိုးတွေလဲဆိုတာကို မိုမိုလေးနဲ့ အတူ ခံစားကြည့်ရှုလိုက်ရအောင် ...

ရုပ်ရှင်ကားတော်တော်များများရဲ့ Night Scene တွေပြတဲ့အခါ မိုးမရွာထားပေမဲ့ လမ်းတွေက စိုစွတ်သလိုဖြစ်နေတာကို တစ်ချို့ ပရိသတ်တွေတော့ သတိထားမိကြမှာပါ။ တစ်ကယ်တော့ တမင်ရေဖြန်းထားတာဖြစ်ပြီး စိုစွတ်နေတဲ့လမ်းပေါ်မှာ Night Scene ရိုက်ကူးရတာဟာ အလင်းရောင်ကိုပိုမိုကြည့်ကောင်းသွားစေတဲ့အပြင် ရုပ်ထွက်ကိုလည်း ပိုပြီးကြည်လင်တောက်ပစေတာကြောင့်ဖြစ်ပါတယ်။

ရာသီဥတုဖောက်ပြန်တဲ့ ဇာတ်ဝင်ခန်းတွေမှာ အသုံးပြုတဲ့တိမ်တွေကိုတော့ နွားနို့ တွေဖျော်စပ်ထားတဲ့ Cloud Tank Machine တွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။

လူပေါင်းထောင်သောင်းမက ထည့်သွင်းရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းတွေမှာလည်း လူအများကြီးငှားရမ်းဖို့ အဆင်မပြေတာကြောင့် လူအုပ်စုသေးသေးလေးကို ထည့်သွင်းရိုက်ကူးပြီး Special Effect တွေနဲ့ လူထောင်သောင်းမကဖြစ်လာအောင် ပွားထားတာဖြစ်ပါတယ်။

ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းတွေမှာလည်း နီကိုတင်းဓာတ်မပါဝင်တဲ့ ဆေးလိပ်တွေကို အသုံးပြုရိုက်ကူးရတာဖြစ်ပါတယ်။

မဖွယ်မရာဇာတ်ဝင်ခန်းတွေ ရိုက်ကူးတဲ့နေရာမှာလည်း မင်းသားနဲ့ မင်းသမီးရဲ့ ကိုယ်ကြားမှာ ခေါင်းအုံးတွေခံထားတာဖြစ်ပါတယ်။

မှန်ခွဲတဲ့ဇာတ်ဝင်ခန်းတွေမှာ တစ်ကယ့်မှန်အစစ်တွေကိုသုံးရင် အန္တရာယ်များတာကြောင့် Sugar Glass တွေကိုအသုံးပြုထားတာဖြစ်ပါတယ်။ (အန္တရာယ်လည်းကင်း၊ အရသာလည်းရှိတာပေါ့နော်)

သွေးရောင်တွေကို ဖန်တီးရာမှာလည်း သကြားရည်နဲ့ ဆေးအမှုန့် တွေကို ခပ်ပျစ်ပျစ်ဖျော်ပြီး အသုံးပြုထားတာဖြစ်ပါတယ်။

ဆေးသုံးတဲ့ဇာတ်ဝင်ခန်းတွေမှာ သုံးတဲ့အဖြူရောင်အမှုန့် တွေဟာ Powdered Milk နဲ့ သကြားတွေ ဖြစ်ပါတယ်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။