သနပ်​ခါး​​ပါးကွက်​ကြား​လေးနဲ့ ယဉ်​ယဉ်​​လေးပွဲတက်ခဲ့တဲ့ သင်​ဇာဝင့်​​ကျော်

Posted on - Feb 12 []

Myint Myat

စာရေးသူ

ပရိသတ်​​တွေအရမ်းချစ်​ကြတဲ့ မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ သူမကိုယ်​သူမ အမြဲ ယုံကြည်​မှုရှိပြီး တက်​ကြွလန်းဆန်း​နေတတ်​တဲ့ ဆွဲ​ဆောင်​မှုရှိလွန်းသူ​လေး တစ်​ဦးပဲ ဖြစ်​ပါတယ်​။ အမြဲလိုလို စိတ်​ဝင်​စားစရာ​ကောင်းတဲ့ အမိုက်​စား ​ဖက်​ရှင်​​တွေနဲ့ ပွဲတက်​​လေ့ရှိတဲ့ သင်​ဇာ​လေးက​တော့ ပရိသတ်​​တွေရဲ့ စိတ်​အာရုံကို အမြဲဖမ်းစားထားနိုင်​သူ​လေးပါ။ လတ်​တ​လောမှာ​တော့ သင်​ဇာက ရင်​​အေးဖွယ်​ဖက်​ရှင်​​လေးနဲ့ သနပ်​ခါးပွဲ​တော်​သို့တက်​​ရောက်​ခဲ့တဲ့ သူမရဲ့ပုံရိပ်​​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားတာ တွေ့ရပါတယ်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ အရမ်း​တွေ​ချစ်​ဖို့​ကောင်း​နေတဲ့ သင်​​ဇာဝင့်​​ကျော်​ရဲ့ ပုံရိပ်​​လေး​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

သင်​ဇာ​လေးက​တော့ "Congratulations 🍾🎊🎉🎈 သနပ်ခါးပွဲတော်👏🏼👏🏼👏🏼" ဆိုပြီး သူမရဲ့ချစ်​စဖွယ်​ပုံရိပ်​​တွေကို လူမှုကွန်​ယက်​​ပေါ်မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

လှလိုက်​တာ သင်​ဇာရယ်

သင်​ဇာဝင့်​​ကျော်​က​တော့ လတ်​တ​လောမှာ အနုပညာအလုပ်​​တွေလုပ်​ရင်း အချစ်​​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုကိုလုပ်​​ကျွေးရင်း ဘဝကို ​ပျော်​​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။

သရုပ်​​ဆောင်​ပိုင်းမှာလည်း ကျရာဇတ်​ရုပ်​ကို ပီပြင်​​အောင်​ သရုပ်​​ဆောင်​နိုင်​တဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ပါးကွက်​ကြား​လေးနဲ့ အရမ်းကိုချစ်​စရာ​ကောင်း​အောင်​ ပွဲတက်​ခဲ့တဲ့ သင်​ဇာ​လေးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Thinzar Wint Kyaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။