လူကြီးတွေက ချစ်သူနဲ့ပန်းခြံမသွားနဲ့ဆိုပေမယ့် သွားခဲ့ဖူးတဲ့ မြတ်ကေသီအောင်

Posted on - Feb 15 []

Harry Mon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ကံမကောင်းတဲ့ အနုပညာရှင်တစ်ဦးကို ပြပါဆိုရင်တော့ သရုပ်ဆောင်မြတ်ကေသီအောင်လည်း တစ်ဦးအပါအ၀င်ပါပဲနော်။ သူမအနေနဲ့ အိမ်ထောင်ဖက်ရဲ့အကြောင်းကို သေချာမကြည့်ဘဲနဲ့ အချစ်မပါဘဲ ဦးနှောက်တစ်ခုတည်းနဲ့ရွေးချယ်ဆုံးဖြတ်ခဲ့တဲ့ အိမ်ထောင်ရေးအခြေအနေကြောင့် မသာမယာနဲ့ ခဏအကြာမှာလမ်းခွဲခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ သူမက တစ်ဦးတည်းသာအရိုးထုတ်နေပြီး လွတ်လပ်စွာနေထိုင်သွားတော့မယ်လို့လည်း ဆိုပါတယ်။

အိမ်ထောင်ရေးမသာယာခဲ့ပေမယ့် လက်ရှိမှာတော့ တစ်ဦးတည်းပျော်ပျော်ရွှင်ရွှင်နေထိုင်နေတဲ့ မြတ်ကေသီအောင်ကတော့ အခုခေတ်ရဲ့ ချစ်သူတွေတွေ့ဆုံကြရပုံနဲ့ သူမတို့ရဲ့ခေတ်ကာလက ချစ်သူတွေအချင်းချင်းတွေ့ဆုံကြရပုံတွေအခြေအနေကိုလည်း ပြောပြခဲ့ပါတယ်။ သူမတို့ငယ်စဉ်အချိန်က တည်းခိုခန်းဆိုတာတွေလည်းမရှိတော့ ချစ်သူချင်းချိန်းတွေ့ကြတဲ့အခါ ပန်းခြံတွေမှာသာ တွေ့ကြရတယ်လို့ ပြောပြခဲ့ပါတယ်။ လူကြီးတွေက ပန်းခြံတွေမလိုက်နဲ့ကောင်လေးအိမ်မလိုက်နဲ့ ဘယ်လိုပဲပြောပြော ပန်းခြံမှာပဲ တွေ့စရာရှိတော့ ပန်းခြံသွားတယ်။ ကားပတ်မောင်းတယ်လို့လည်း ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါသေးတယ်။

တချိန်လုံးရယ်မောနေရမယ့် အင်တာဗျူးလေး

မိုမိုလေးပရိသတ်ကြီးရေ လူတိုင်းကတော့ ကိုယ်လုပ်ချင်ရင်လုပ်မှာပဲတဲ့နော်။ သူမတို့လက်ထက်ကလည်း အိမ်ထောင်ပြုပြီးသွားတဲ့ လူကြီးမိဘတွေက အိမ်ထောင်မပြုနဲ့မကောင်းဘူးဆိုရင် မနာခံဘဲ ပြုခဲ့ပြီးမှ ဒီအကြောင်းတွေကို သိရှိခဲ့ရတာကြောင့် အခုအချိန်မှာ လူငယ်တွေကို အိမ်ထောင်မပြုဖို့ ပြန်လည်ပြောပြခဲ့တယ်ဆိုပါတယ်။

ဒါပေမယ့်လည်း သူမရဲ့တူမတွေဆိုရင် အသက်ကဘယ်လိုကြီးပြီ ပြုမှာပဲဆိုသူတွေပဲတွေ့ရတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ မိုမိုလေးပရိသတ်ကြီးကရော အိမ်ထောင်ပြုဖို့ကို ဘယ်လိုစဉ်းစားထားတယ်ဆိုတာ ပြောပြခဲ့ပါဦးနော်။

မိုမိုလေးပရိသတ်ကြီးရေ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ကံမကောင်းခဲ့တဲ့ မြတ်ကေသီအောင်ကတော့ ကျန်တဲ့သူတွေအနေနဲ့ အိမ်ထောင်ရေးကို စဉ်းစားတဲ့အခါ ဦးနှောက်နဲ့ဆုံးဖြတ်မှုသာမက အချစ်ကိုလည်း ပိုမိုဦးစားပေးသင့်တယ်လို့ အကြံပြုထားပါတယ်။ ပြောရမယ်ဆိုရင်တော့ ဦးနှောက်နဲ့ကို ၃၀ ဖိုးလောက်ပဲဆုံးဖြတ်ပြီး အချစ်ကိုတော့ ၇၀ လောက်ပါဝင်နေဖို့လိုတယ်လို့ အကြံပေးခဲ့ပါတယ်နော်။ မိုမိုလေးပရိသတ်ကြီးကရော သူမရဲ့အကြံပြုချက်ကို ထောက်ခံတယ်ဆိုရင် ပြန် share ပေးသွားခဲ့ပါဦးနော်။

HM (မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။