တိရစ္ဆာန်ချစ်တာက အရမ်းအစွဲအလန်းကြီးလို့ မနည်းဖြတ်ရတယ်ဆိုတဲ့ ကော်နီ

Posted on - Feb 15 []

Harry Mon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ လူတိုင်းလူတိုင်းကတော့ ကိုယ်ချစ်ခင်ရတဲ့ တိရစ္ဆာန်အကောင်လေးတွေရှိကြတတ်တာပဲနော်။ အဲ့ဒီလိုအထဲမှာမှ တော်တော်ကြီးကို စွဲစွဲလန်းလန်းနဲ့ ချစ်ကြသူတွေ၊ အချို့တွေဆိုရင် အစွန်းရောက်တဲ့အထိ ချစ်ကြသူတွေတောင်ရှိနေပါသေးတယ်။ တချို့တွေကလည်း ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးကို ကူညီစောင့်ရှောက်ပြီး ဂရုစိုက်ပေးတတ်ကြပါတယ်။ အဲ့ဒီအထဲမှာတော့ လတ်တလောမှာ "ဆေး" သီချင်းနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို အပိုင်သိမ်းထားသူ တေးသံရှင် ကော်နီလည်း အပါအ၀င်ပါပဲနော်။

တေးသံရှင်ကော်နီတစ်ယောက် တိရစ္ဆာန်လေးတွေကို အရမ်းကို ချစ်တတ်လွန်းသူပါ။ သူမရဲ့ချစ်တတ်မှုတွေက အရမ်းကို အစွဲအလန်းကြီးတာကြောင့်လည်း မနည်းဖြတ်ယူထားရတယ်လို့ ပြောပြပါတယ်။ တိရစ္ဆာန်လေးတွေကို စားဖို့မပြောနဲ့ တိရစ္ဆာန်လေးတွေရဲ့ သဘာဝတွေကိုပြသတဲ့ TV လိုင်းတွေတောင် ကြည့်လို့မရတဲ့သူတစ်ဦးပါလို့ မကော်က ပြောပြထားပါတယ်နော်။

တိရစ္တာန်ချစ်တတ်ကြောင်း ပြောပြထားတဲ့အင်တာဗျူးလေး

မိုမိုလေးပရိသတ်ကြီးထဲမှာရော တေးသံရှင်ကော်နီလိုမျိုး တိရစ္ဆာန်ချစ်တတ်သူတွေပါရဲ့လား။ သူမရဲ့ချစ်တတ်မှုကတော့ အစွန်းရောက်နေတယ်ပဲပြောရမလား၊ သူမပြောသလို အစွဲအလန်းကြီးတယ်ပဲ ဆိုရမလားပဲနော်။

မိုမိုလေးပရိသတ်ကြီးရေ ကော်နီက သူမရဲ့အိမ်မှာလည်း ကြောင်လေး ၁၃ ကောင်နဲ့ ခွေးလေး ၂ ကောင်မွေးထားပါတယ်တဲ့နော်။ အဲ့ဒီခွေးလေး ၂ ကောင်ကလည်း အကောင်းစားခွေးကြီးတွေမဟုတ်ဘဲ လမ်းဘေးကခွေးလေးတွေကို သနားလို့ မွေးထားတာပါတဲ့။ ချစ်စရာကောင်းလိုက်တဲ့ စိတ်ထားလေးနော်။

မိုမိုလေးပရိသတ်ကြီးရေ ကော်နီကတော့ သူမအိမ်မှာမွေးထားတဲ့ကလေးလေးတွေတင်မကဘဲ အခြားဂေဟာတွေမှာ စောင့်ရှောက်ထားတဲ့ ကလေးလေးတွေအတွက်ကိုပါ လှူဒါန်းတာတွေ၊ သွားရောက်ကြည့်ရှုပေးတာတွေပြုလုပ်ပေးတတ်သူပါနော်။ ချစ်စရာကောင်းတဲ့စိတ်ထားလေးနဲ့ ကော်နီကို မိုမိုလေးပရိသတ်ကြီးက အားပေးကြပါဦးနော်။

HM (မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။