သင်တို့မျက်လုံးတောင်သင်တို့ ယုံနိုင်မှာမဟုတ်တဲ့ Jung Joonyoung တို့အုပ်စုထဲမှာပြောထားတဲ့ စကားများ

Posted on - Mar 12 []

Theingi Kyaw

စာရေးသူ

Dispatch သတင်းမီဒီယာမှ Jung Joonyoung ရဲ့ Kakao Talk messages တွေကို ဖွင့်ချလာခဲ့ပါတယ်။ မတ်လ ၁၂ရက်နေ့မှာ ဆိုရင်တော့ Dispatch သတင်းမီဒီယာ ဟာ Jung Joonyoung ရဲ့ Kakao Talk messages ရဲ့မူရင်း screenshot ကို ပြန်လည်ပြင်ဆင်ပြီးဖွင့်ချလာခဲ့ပါတယ်။

အဆိုပါ စကားပြေထားကြတဲ့အထဲမှာ အဓိကအကြောင်းအရာကတော့ အမျိုးသား (၄)ယောက်က သူတို့ အိပ်ခဲ့တဲ့ ကောင်မလေးတွေနဲ့အကြောင်းကို ပြန်ပြီး စမြုံ့ပြန်ထားကြတာပဲဖြစ်ပါတယ်။

Mr. A: X တစ်ယောက် Y နဲ့ တစ်ညအချိန်ဖြုန်းခဲ့တယ်။ (one-night stand သဘောမျိုးပြောချင်တာပါ။)( ပြီးတော့ အဆိုပါကောင်မလေးက မိန်းကလေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။)

Mr. B: X ရေ Y က စားသောက်ဆိုင်ကောင်းလား? (သူတို့မေးချင်တဲ့အဓိပ္ပာယ်ကတော့ အဲ့ဒီကောင်မလေးက အိပ်ရာထက်မှာ စွမ်းဆောင်ရည်ကောင်းလား ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ)

Mr. C: ငါ မနေ့က Z နဲ့တွေ့ခဲ့တယ်။

Mr. D: Oh! Z ကတော့ တကယ့် ကောင်မပဲ..။

Jung Joonyoung: သီချင်းအသစ်အတွက် ခေါင်းစဉ်က ဘာလဲ??

Mr. A: ခေါင်းစဉ်..? ဒါက OOOOO ပဲ..။

Jung Joonyoung: မိန်းမယောနိတွေအတွက် သီချင်းပဲ ။

ဖော်ပြပါ စကားတွေဟာ Jung Joon Young ဘက်မှမဟုတ်ဘဲ အဆိုပါ Group Chat ထဲက တစ်ယောက်ယောက်ဘက်မှဖြစ်ပါတယ်။ Jung Joon Young ဟာ လက်ရှိအချိန်မှာတော့ သူ့နဲ့ကောင်မလေးတစ်ယောက် လိင်ဆက်ဆံထားပုံတွေကို ခိုးယူဗီဒီယိုရိုက်ကူးခဲ့ပြီး အဲ့ဒီ ဗီဒီယိုတွေကို Group Chat ထဲမှာ ဖြန့်တယ်ဆိုတဲ့ ကောလဟာလတွေနဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Jung Jooyoung ဟာ ရဲတွေထံမှာ စစ်ဆေးခံနေရပါတယ်။ အကောင်းဆုံးတွေဖြစ်လာနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

GI GI(momolay)
Source : KStarLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။