နိုင်ငံတကာမှ ပရိတ်သတ်တွေသိထားသင့်တဲ့ ကိုရီးယားအနုပညာရှင်တွေ အုံနဲ့ကျင်းနဲ့ပါဝင်ပတ်သတ်နေတဲ့ ပဋိပက္ခ

Posted on - Mar 12 []

Theingi Kyaw

စာရေးသူ

အမှန်တကယ်တော့ Burning Sun ဆိုတဲ့ ကလပ်မှစတင်လို့ ပြဿနာတွေဖြစ်ပွားခဲ့တာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။ မူလအစကတည်းက ပြဿနာကြီးမားလာခဲ့ကာ ကိုရီးယားမီဒီယာတွေရဲ့ သတင်းဖြန့်ကျဲမှုတွေနဲ့ တစ်စ၊ တစ်စ အစဆွဲထုတ်လို့လာခဲ့တာဆိုတာ....လက်ရှိအချိန်မှာဆိုရင်တော့ ရဲတွေကပါ အသေးစိတ်စစ်ဆေးနေပြီး တော်တော်ကို အရှိန်အဟုန်တက်နေခဲ့ပါပြီ။ အဆိုပါ အကြောင်းအရာနဲ့ပတ်သတ်ပြီး နိုင်ငံတကာမှ ပရိတ်သတ်တွေအနေနဲ့ ပါ ကိုရီးယားပြည်တွင်းက အကြောင်းအရာတွေကို သေသေချာချာသိသင့်တယ်ဆိုပြီး ကိုရီးယားလူမျိုးတစ်ယောက်က ဖြစ်ပျက်နေတဲ့အကြောင်းအရာအသေးစိတ်ကို အင်တာနက်ပေါ်မှာတင်ခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာကို မိုမိုလေးမှ ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့ လိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

မူရင်းရေးသားသူအတိုင်းပဲ တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

ကျွန်တော်/ ကျွန်မက ကိုရီးယားလူမျိုးတစ်ယောက်ပါ။ ပြီးတော့ #Seungri နဲ့ Burning Sun ရဲ့ပြဿနာကို ကိုရီးယားလူမျိုးတွေဘယ်လို ထင်ကြသလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သတ်ပြီးပြောပြသွားမှာဖြစ်ပါတယ်။

K-pop ပရိတ်သတ်တွေတော်တော်များများက မှားနေကြပါတယ်။ ဒါဟာ idol တစ်ယောက်ရဲ့ ပဋိပက္ခတစ်ခုပဲ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းပိုင်းက အကြီးအကဲတွေ ဦးဆောင်နေပြီး ကိုရီးယားနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည့်တန်ဆာအမှုနဲ့ မူးယစ်ဆေး အရှုပ်တော်ပုံဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ နှစ်ပေါင်းများစွာ အပြစ်ပေးခြင်းမခံထားရတဲ့ ရဲတပ်ဖွဲ့ရဲ့အကျင့်ပျက် ခြစားမှုကြီး လည်းဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ သတင်းထောက်တွေက စကားပြောထားတဲ့ conversation တွေကို ရဲတွေကို မပို့ခဲ့သလဲ...??
ဒါက ဘာဖြစ်လို့လဲဆိုတော့ ရဲတွေက ဒီအကျင့်ပျက်ခြစားမှုမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြလို့ပါပဲ။
ဒါကြောင့် သတင်းထောက်တွေက conversation တွေကို ရဲတွေအစား ကိုရီးယားမှာ အကျင့်ပျက်ခြစားမှုတွေကို သီးသန့်စုံစမ်းတဲ့ အဖွဲ့အစည်းထံကိုပေးပို့ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ conversation တွေက အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းတဲ့ရုံး ကိုရောက်သွားပါပြီ။

××××××××××××××××××××××××××××××××××××××××××

အကျင့်ပျက်ခြစားမှုတွေကို သီးသန့်စုံစမ်းတဲ့ အဆိုပါ ကိုရီးယားဗဟိုအုပ်ချုပ်ရေးက ယခုလိုပဲတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ conversation မှာ နောက်ကွယ်မှာ အတင်းအကြပ်ပြောခိုင်းတာတာမျိုးမရှိဘူး။ ပြီးတော့ ဒီ စကားပြောတွေက ကိုရီးယားဘာသာစကားနဲ့လည်းဖြစ်နေတဲ့အတွက် အရမ်း shock ရသွားမိပါတယ်။" လို့ပြောကြားခဲ့ပါတယ်။

*******************************************************

ဒီ conversation တွေကို သတင်းထောက်တွေက ရဲတွေကိုပေးပို့ခဲ့ရင်လည်း အစဖျောက်ခံရဖို့ ဖြစ်နိုင်ချေများပါတယ်။

ဒီလိုဘာကြောင့်ပြောရသလဲဆိုရင် Burning Sun တုန်းက လည်း ရဲတွေကို ငွေပေးပြီးနှုတ်ပိတ်ခဲ့ပါတယ်။ ဂန်းနမ်းကလပ်ကို တစိုက်မတ်မတ် စစ်ဆေးနေတဲ့ ဂန်းနမ်းရဲတပ်ဖွဲ့ကလည်း အဆိုပါ စွပ်စွဲချက်တွေကြောင့် ဂန်းနမ်းကလပ်ကို စစ်ဆေးမှုတွေရပ်နားထားရပါတယ်။ ဂန်းနမ်းကလပ် ကိုလည်း တခြားအဖွဲ့က လတ်တလောမှာစစ်ဆေးနေပါတယ်။

ဒုတိယအနေနဲ့ Seungri တင်မကဘူး ကိုရီးယား နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက အကြီးအကဲတွေ ပါ ပါဝင်နေတယ်လို့ဘာကြောင့် ကိုရီးယားလူမျိုးတွေက ပြောကြသလဲ...??
____________________________________________________________________________________

K-Pop ပရိတ်သတ်တွေတော်တော်များများက အဆိုပါအဖြစ်အပျက်ကို #Seungri အနေနဲ့ ပထမဆုံးကြားခဲ့ကြတယ်။ ဒါပေမယ့်လည်း ကိုရီးယားလူမျိုးတွေအနေနဲ့ ပထမဆုံးမြင်တာ အဲ့တာမဟုတ်ဘူး။

ရဲတွေ၊ နိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အကျင့်ပျက် ခြစားမှုဟာ တောင်ကိုရီးယားမှာဖြစ်နေတာ တစ်ခါ၊ ၂ခါမကတော့ဘူး။ လွန်ခဲ့တဲ့ ၂၀၁၀ ကို ပြန်သွားရအောင်..။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

Lee Yong-joon လို့ခေါ်တဲ့ စုံထောက်ဟာ ဂန်နမ်း ကလပ်မှာ ဖြစ်နေတဲ့ မူမမှန်တဲ့အမှုတွေကို စုံစမ်းနေတုန်းမှာ အသတ်ခံခဲ့ရတယ်။ ရဲတွေက ဒါကို ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုလို့ ကြေငြာလိုက်တယ်။ ဒါပေမယ့်လည်း ဒါဟာ အမျိုးအမည်မသိဘဲထူးဆန်းစွာသေဆုံးမှုတစ်ခုပါ။

အဆိုပါ စုံထောက်က ဂန်နမ်းမှာရှိတဲ့ ရဲစခန်းမှာ စစ်ဆေးမှုတွေလုပ်နေတုန်း အသတ်ခံလိုက်ရတာဖြစ်တယ်။ ဂန်နမ်းမှာရှိတဲ့ ရဲစခန်းမှာ တာဝန်မထမ်းဆောင်ခင်အချိန်တွေတုန်းက လည်း သူဟာ အရမ်းတိကျတဲ့သူတစ်ယောက်ဖြစ်ပြီး ရဲတပ်ဖွဲ့ကပေးအပ်တဲ့ ထူးချွန်ဆုကို ၃နှစ်ဆက်တိုက် ရရှိခဲ့တယ်။ ဂန်းနမ်းမှာရှိတဲ့ ရဲတွေက သူ့ရဲ့သေဆုံးမှုနဲ့ပတ်သတ်လို့ မီဒီယာတွေနဲ့ ဆက်ဆံရမှာကို အင်မတန်မှကြောက်ရွံ့ခဲ့တယ်။ ဒါကြောင့် အဆိုပါ စုံထောက်က သူ့ချစ်သူကောင်မလေးနဲ့ ပြဿနာဖြစ်ပြီး သတ်သေသွားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး အမှုရုတ်သိမ်းလိုက်တယ်။

ဒါပေမယ့်လည်း အသတ်ခံရတဲ့ စုံထောက်မိသားစုဘက်မှ သူ့ချစ်သူနဲ့ဘာမှပြဿနာမရှိပါဘူးလို့ ပြောခဲ့တယ်။ အဆိုပါ အမှုကို ရုတ်သိမ်းလိုက်တာနဲ့ပတ်သတ်ပြီး ဆန့်ကျင်ခဲ့တယ်။ ဒါပေမယ့်လည်း သူတို့ဟာ အဆိုပါ အမှုကို လုံးလုံးကြီးကို မသိကျိုးကျွံပြုခဲ့တယ်။ စုံထောက် Lee Yong-joon တစ်ယောက်တည်း ဂန်နမ်း ကလပ် အကျင့်ပျက်ခြစားမှုကို သူတစ်ယောက်တည်းသီးသန့်ကိုင်တွယ်တာက သိပ်ကို မူမမှန်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ တောင်ကိုရီးယားမှာ ရဲတွေက တစ်ကိုယ်တော်စစ်ဆေးရေးလုပ်တဲ့အခါ ၂ယောက်တစ်ဖွဲ့ဖွဲ့ပြီး စစ်ဆေးရေးလုပ်ကြတာ..။

သူဟာ ဂန်နမ်းရဲစခန်းမှာဆိုရင် တော်တော်သတိရှိတဲ့သူပဲ..။ မိတ္တူကူးစက်တောင် တခြားရဲစခန်းက မိတ္တူကူးစက်ကိုသုံးတာ....။ ပြီးတော့ သူယုံကြည်ရတဲ့ ဘူဆန်က လူကို သတင်းအချက်အလက်တွေပေးဖို့ သွားနေတဲ့အချိန်မှာပဲ ကားတိုက်မှုဖြစ်ခဲ့တယ်။ Yeongdong Hospital မှာ ဆေးရုံတက်နေတုန်း ရေအိမ်သွားမယ်လို့ပြောသွားပြီး အဲ့ဒီအချိန်မှာပဲ ပျောက်သွားတာပဲ..။ သိပ်မကြာခင်မှာပဲ ဆေးရုံနဲ့ဝေးတဲ့ ရေလှောင်ကန်မှာ သေနေတာကိုတွေ့ရတာပဲ။

သူ့ကို သေလျက်တွေ့ရတာ ၁.၅မီတာ နက်တဲ့ ရေလှောင်ကန်မှာပဲဖြစ်တယ်။ အရပ် ၁၇၅စင်တီမီတာ ရှိတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ အဲ့ဒီ ရေလှောင်ကန်က တိမ်လွန်းတယ်။ ပြီးတော့ အဲ့ဒီအနားမှာ ဘယ်ဆည်မှမရှိဘူး။ ဒါကြောင့် ရေစီးကြောင်းနဲ့လည်းမျောစရာအကြောင်းလဲမရှိဘူး။

ပြီးတော့ သူဟာ လည်ပင်းအညှစ်ခံရပြီး သေဆုံးနေတာဖြစ်ပါတယ်။

အားလုံးရဲ့အမြင်ကတော့ သူဟာ လည်ပင်းအညှစ်ခံရပြီး အသတ်ခံရတာဖြစ်ပါတယ် ။ သူ့ရဲ့သေဆုံးနေတဲ့ အဆုတ်မှာ ရေမှော်တွေ့ခဲ့ရတာကြောင့် ရေနစ်ပြီးသေဆုံးနေတယ်လို့ ရဲဘက်က ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ရေမှော်ဟာ ဆည်ထဲမှာရှိတာမျိုးမဟုတ်ဘဲ ပင်လယ်ပြင်မှာသာတွေ့ရတာမျိုးဖြစ်ပါတယ်။ ဒါဟာ ကိုရီးယားနိုင်ငံမှာတော့ အချိန်အတော်ကြာအောင် လူပြောများနေကြဆဲဖြစ်ပါတယ်။

ပြီးတော့ ကျွန်တော်တို့ ၂၀၁၀ကို ကြည့်ပြီးပြီဆိုတော့ ၂၀၁၅ခုနှစ်ကိုပြန်သွားရအောင်။ ဒီသတင်းတစ်ပုဒ်က အရာရှိတွေနဲ့ စီးပွားရေးသမားကြီးတွေရဲ့ သားသမီးတို့ အကျင့်ပျက်ခြစားမှုအကြောင်းကိုရေးထားတာဗျ။ အဆိုပါ သတင်းရဲ့မူရင်းရေးသားသူက တောင်ကိုရီးယားရဲ့ နာမည်ကြီး ကောလဟာလတွေကို ဖမ်းနေကြဖြစ်တဲ့ မီဒီယာတစ်ခုကဖြစ်တယ်။ သူတို့ဟာ တောင်ကိုရီးယားရဲ့သမ္မတဟောင်းတွေဖြစ်တဲ့ Lee Myung-bak နဲ့ Park Geun-hye တို့ရဲ့အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်ခဲ့တဲ့ပြီး အဆိုပါ သမ္မတတွေကလည်း အကျိုးဆက်အနေနဲ့ ထောင်နန်းစံခဲ့ရပါတယ်။

အဆိုပါသတင်းရဲ့ပြောကြားချက်အရ နိုင်ငံရေးသမားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ သားသမီးတွေကမူးယစ်ဆေးဝါးတွေကိုဖြန့်ဖြူးနေကြတာဖြစ်ပြီး သူတို့ဟာ နာမည်ကြီးအနုပညာရှင်တွေနဲ့လည်းတော်တော်ရင်းနှီးတယ်လို့ဖော်ပြပါရှိပါတယ်။ အဆိုပါသားသမီးတွေက အဓိကဖြန့်ဖြူးသူတွေဖြစ်ကြပြီး သူတို့ရဲ့ လူမှုရေးလုပ်ငန်းတွေကို (social activities ) ဂန်နမ်မှာ ပြုလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။ အဆိုပါသတင်းကို မူရင်း သတင်းထောက်က မဖျက်ခဲ့ပေမယ့်လည်း အဆင့်မြင့်နည်းပညာတွေနဲ့ အhack ခံရပြီး ပျက်သွားခဲ့ပါတယ်။ အဟက်မခံရခင်မှာ အဆိုပါသတင်းကို သိမ်းဆည်းထားတဲ့သူတွေရှိခဲ့လို့သာ သတင်းကျန်ရစ်ခဲ့တာပါ။

ကဲ...ဒီလောက်ဆိုရင်တော့ seungri ပရိတ်သတ်တွေပြောနေကြတဲ့ ဒီကိစ္စဟာ တောင်ကိုရီးယားမှာရှိတဲ့ တခြားကိစ္စတွေကို ကာဗာလုပ်ချင်လို့ဆိုတဲ့အကြောင်းအရာက ကျိုးကြောင်းဆီလျော်မှုမရှိကြောင်းသိလောက်ပြီထင်ပါတယ်။ နိုင်ငံရေးပဋိပက္ခတွေဟာ တောင်ကိုရီးယားမှာနေရာယူထားတာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်ပါတယ်။ အပြစ်မရှိတဲ့သူတွေကို အပြစ်တင်ကြ၊ လူသတ်ကြ၊ ဖွက်ကြ လုပ်နေခဲ့တာ ၁၀နှစ်လောက်တောင်ရှိခဲ့ပါပြီ။

အဆိုပါ (အစောပိုင်းက ပြောခဲ့တဲ့ conversation) ကို ဖော်ထုတ်ခဲ့တဲ့ သတင်းထောက်နဲ့ Burning Sun ရဲ့ပထမဆုံးပေါ်ထွက်လာခဲ့တဲ့ တရားခံတို့ပြောပြချက်အရ Seungri ဟာ ပွဲကြီးပွဲကောင်းရဲ့ သေးသေးလေးသာဖြစ်ပါတယ်။ Seungri ရဲ့နောက်ကွယ်မှာဖုံးကွယ်နေတဲ့ တကယ့်ကိစ္စကြီးကို ဖော်ထုတ်ဖို့ ကြိုးစားနေကြပါပြီ။ ပြောရမယ့်ဆိုရင်တော့ club Arena, club mu-in, အစရှိသဖြင့်ပေါ့..။ Burning Sun ထက်ပိုပြီး မူးယစ်ဆေးဝါးတွေကို ဖြန့်ချီနေတဲ့ ကလပ်တွေကို စစ်တမ်းကောက်ယူနေပြီလို့သိရပါတယ်။

တတိယအနေနဲ့ Kim Sang-kyo ဟာ လိင်ပိုင်းဆိုင်ရာပြစ်မှုကျုးလွန်သူဖြစ်ပါတယ်။ ဒါကြောင့် ဒါကို မယုံကြတဲ့ Seungri ရဲ့ပရိတ်သတ်တွေကို ပြောပြချင်ပါတယ်။ Kim Sang-kyo ကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုနဲ့ တရားစွဲထားတဲ့ အမျိုးသမီး (၃)ယောက်က Burning Sun က ၀န်ထမ်းတွေနဲ့ ရင်းရင်းနှီးနှီးပတ်သတ်ပါတယ်။

JTBC ဥက္ကဋ္ဌရဲ့ စွပ်စွဲမှုကို ပိတ်ပင်ဖို့ရာ Seungri ကို ဆွဲထည့်တယ်လို့ Seungri ရဲ့ပရိတ်သတ်တွေပြောကြမယ်ဆိုတာ သိပါတယ်။ အစောပိုင်းကပြောပြထားသလိုပဲ Burning Sun ထက်ကြီးမားတဲ့ ပဋိပက္ခမရှိပါဘူး။ k-pop ပရိတ်သတ်တွေပြောပြောနေတဲ့ SOPA အမှုဆိုတာက ကံမကောင်းအကြောင်းမလှဘဲဖြစ်လာတာဖြစ်ပြီး Burning Sun ထက်ကြီးမားတဲ့အမှုဆိုတာမရှိသေးပါဘူး။

Kim Sang-kyo ကို တရားစွဲထားတဲ့ အမျိုးသမီးတွေထဲက တရုတ်အမျိုးသမီးတစ်ယောက်ဟာ တိုင်းပြည်မှထွက်ခွာခွင့်ပိတ်ပင်ခံထားရပြီး မူးယစ်ဆေးကုန်သွယ်မှုနဲ့စစ်ဆေးခံနေရပါတယ်။ ကျန်တဲ့အမျိုးသမီးတွေကလည်း Burning Sun ရဲ့တရားဝင် social networking site မှာတင်ထားတဲ့ ဓာတ်ပုံတွေ၊ ပုံရိပ်တွေအရ အဆိုပါ ကလပ်နဲ့အထူးရင်းနှီးတယ်ဆိုတာ တွေ့ထားပါတယ်။

Burning Sun ရဲ့ပထမဆုံး အမှုပေါ်လာတုန်းက ကိုရီးယားတွေဟာ CCTV အကြောင်းသိချင်ကြပါတယ်။ အမှုတွေဖမ်းမိတဲ့ cctv တွေဆိုတာ တောင်ကိုရီးယားမှာ မှိုလိုပေါက်နေတာပါ။ ဒါပေမယ့်လည်း ပထမတုန်းက ဂန်နမ်ရဲစခန်းရဲ့ပြောပြချက်အရ အဆိုပါ ကလပ်မှာ cctv မရှိဘူးလို့ဆိုပါတယ်။ ရဲစခန်းကပြောတဲ့ CCTV မရှိဘူးဆိုပေမယ့်လည်း Seungri အမရဲ့ Instagram မှာတော့ ကြည်တောက်နေတဲ့ editing video ကို ပထမဆုံးအနေနဲ့ထုတ်ပြန်ခဲ့ပါတယ်။

နောက်မှာတော့ Seungri ရဲ့ ညီမဟာ အဆိုပါဗီဒီယိုထဲမှာ Kim Sang-kyo ဟာ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူဖြစ်တယ်လို့ဆိုပါတယ်။ Burning Sun မှာ DJ အနေနဲ့ အလုပ်လုပ်နေတဲ့ သူမရဲ့စကားဟာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါဆိုရင် ရဲတွေပြောတဲ့ မရှိဘူးဆိုတဲ့ CCTV ဆိုတာ ဘယ်ကထွက်လာသလဲ..?? ဒါကတော့ Kim Sang-kyo ကို ပထမဆုံး စွပ်စွဲခဲ့တဲ့ အမျိုးသား ရဲ့ cctv ပါ။ အဲ့ဒီ ဗီဒီယိုထဲမှာ သူဟာ Kim Sang-kyo ကို ဆံပင်ဆွဲပြီး လမ်းကြားထဲကို ဖြတ်ခေါ်လာပါတယ်။

Burning Sun ရဲ့ဝန်ထမ်းဟာ Kim Sang-kyo ကို စော်ကားနေတဲ့အချိန်မှာ အဲ့ဒီ vip အဖွဲ့ဝင်တစ်ယောက်က ဘာလုပ်နေသလဲ..။ တားမြစ်တာတွေဘာတွေမရှိဘဲ Kim Sang-kyo အရိုက်ခံနေရာကို ကြည့်ပြီး အေးဆေးပဲ ကားမောင်းပြီးထွက်သွားခဲ့တယ်။ သူတို့တွေက ဘယ်သူတွေလဲ..?? လူတွေကို ရိုက်နှက်ပြီး ဘာကြောင့် အပြစ်ပေးမခံရတာလဲ..။ သူတို့ မူးယစ်ဆေးဝါးတွေဖြန့်ချီနေချိန်မှာ ဘာကြောင့် နာမည်အတပ်မခံခဲ့တာလဲ။

Burning Sun ရဲ့ ရိုက်နှက်မှု

ကံကောင်းစွာနဲ့ပဲ သတင်းထောက်ဖြစ်သူဟာ အဆိုပါ စကားပြောကို ပထမဆုံးအနေနဲ့ ရဲတွေကိုမပေးခဲ့ဘဲ တခြားအေဂျင်စီကို ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ တောင်ကိုရီးယားရဲ့မှုခင်းရေးရာ ၀န်ကြီးတောင် ဒီအမှုကို သိနေတာပေါ့။ ၀န်ကြီးဖက်ကလည်း အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုရီးယားလူမျိုးတွေတော်တော်များများက ကိုရီးယား အနုပညာရှင်တွေလောက်ပဲ အဖော်ခံရပြီး အပြစ်ပေးခံရပြီး ပြီးဆုံးသွားမှာကို ကြောက်ရွံနေကြပါတယ်။ ကိုရီးယား ပရိတ်သတ်တွေအနေနဲ့ သူတို့ idol ကို ကာကွယ်ပေးဖို့အတွက်နဲ့ မလိမ်ကြဖို့ မျှော်လင့်ပါတယ်။ ဒါဟာ ကိုရီးယားသမိုင်းအတွက် အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်ပြီး ဖော်ထုတ်မှကိုဖြစ်မှာပါ။

မူလအစက အဆိုပါ ကိစ္စဟာ နယ်ခံရဲတစ်ယောက်ကိုင်တွယ်ထားတာပါ။ ကြည့်ရတာ ဂန်နမ်ကလပ်မှာရှိတဲ့ မှုးယစ်ဆေးပါးဖြန့်ချီတဲ့ အမှုဟာ ရဲတွေသိလောက်ပြီးဖြစ်ပါတယ်။ သက်သေတွေလည်းစုဆောင်းပြီးဖြစ်ပါတယ်။ အစောပိုင်းကပြောကြားခဲ့တဲ့ သေဆုံးသွားတဲ့ ရဲဖြစ်သူဟာ သက်သေတွေကို ဘူဆန်ရဲစခန်းကို သွားပို့ဖို့ ကြိုးစားခဲ့ပုံပါပဲ။ (အဲ့ဒီအသွားလမ်းမှာပဲ လုပ်ကြံခံရပြီး မသေသေးလို့ ဆေးရုံအထိလုပ်ကြံခံခဲ့ရတာ ဖြစ်နိုင်ချေတော်တော်များပါတယ်။)

ကုမ္ပဏီကြီးတွေနဲ့ပတ်သတ်ပြီးလည်းပြောချင်တာရှိပါတယ်။ ကလပ်တွေရဲ့ ထူထောင်သူတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်ခဲ့တဲ့ အကြီးစားကော်ပိုရေးရှင်းတွေဟာ Burning Sun ရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဟော်တယ်တွေနဲ့လည်း စပ်ဆက်နေပါတယ်။ သူတို့ဟာ မိန်းမပျိုလေးတွေကို ဟော်တယ်ခန်းခေါ်သွားပြီး လျို့ဝှက်ကင်မရာတွေတပ်ဆင်မယ်ဆိုတာသိပြီးသားပါ။ ဒါပေမယ့်လည်း ရဲတွေကတော့ သူတို့ကို သေသေချာချာစစ်ဆေးမှုတွေမလုပ်ပါဘူး။ ဒါပေမယ့်လို့ ဒီကိစ္စက အရမ်းအရေးကြီးတယ်လို့ ကိုရီးယားတွေထင်ကြသလဲဆိုတာကို သင်တို့ကိုပြောပြချင်တာဖြစ်ပါတယ်။

GI GI(momolay)
Souerce : @k_fact_

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။