တိုင်းပြည်မှထွက်ခွာခွင့်ပိတ်ပင်ခံထားရပြီးဖြစ်တဲ့ လိင်ဆက်ဆံတဲ့ဗီဒီယိုတွေကို Group Chat တွေမှာဖွတဲ့ Jung Joon Young

Posted on - Mar 12 []

Theingi Kyaw

စာရေးသူ

Jung Joon Young ဟာဆိုရင်တော့ လက်ရှိအချိန်မှာ အမျိုးသမီးတွေများစွာနဲ့ လိင်ဆက်ဆံခဲ့ပြီး အလိုမတူပဲ ဗီဒီယိုတွေရိုက်ယူခဲ့မှုနဲ့ စွဲချက်တင်ထားခြင်းခံထားရပါတယ်အဆိုပါအမှုဟာဆိုရင်လည်း တရားဝင်စစ်ဆေးဖို့ စီစဉ်နေပါပြီ။

မတ်လ ၁၂ရက်နေ့မှာ ဆိုးလ်မြို့ရဲတပ်ဖွဲ့အေဂျင်စီက ယခုလိုပဲပြောပြခဲ့ပါတယ်။ " ကျွန်တော်တို့ Jung Joon Young နဲ့ တခြား တရားမ၀င် ဗီဒီယို ရိုက်ထားတဲ့ သူနဲ့ဆက်စပ်နေတဲ့သူတွေကို ဒီနေ့လည်မှာပဲ စစ်ဆေးဖို့ စီစဉ်ပြီးပါပြီ။ တခြား သံသယရှိသူတွေက ဘယ်သူတွေလည်းဆိုတာကိုတော့ ကျွန်တော်တို့ ပြောပိုင်ခွင့်မရှိပါဘူး။" လို့ထုတ်ပြန်ခဲ့ပါတယ်။

ရဲတွေရဲ့ ပြောပြချက်အရ Jung Joon Young နဲ့ အပေါင်းအပါတွေဟာ တရားမ၀င်လုပ်ရပ်တွေနဲ့ပတ်သတ်လို့ အပြစ်ပေးဖို့ရာအတွက် စစ်ဆေးနေခံရပြီပဲဖြစ်ပါတယ်။ သူတို့ဟာ ကောင်မလေးတွေကို ဆေးခတ်ပြီး မုဒိမ်းကျင့်တာတွေလုပ်ရုံသာမက အဆိုပါ မုဒိမ်းးကျင့်တဲ့ဖြစ်ရပ်တွေကိုပါလျို့ဝှက်ဗီဒီယိုရိုက်ကူးထားပါတယ်။ ဒါ့အပြင်သူတို့ဟာ အဆိုပါဗီဒီယိုတွေကို အုပ်စုဖွဲ့ စကားပြောကြတဲ့ အထဲမှာထပ်ဖြန့်ကြပါတယ်။ ကောင်မလေးတွေဘက်ကလည်း တရားမစွဲပါဘူး အဲ့ဒီဗီဒီယိုတွေကို မဖြန့်ပါနဲ့လို့ပြောတာတောင်မှ မြိန်ရည်လျှက်ရည်ဖြန့်ကြပါတယ်။

အဆိုပါဖြစ်ရပ်ဟာ တောင်ကိုရီးယားမှာ တရားမ၀င်တဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ပြောချင်တဲ့အဓိပ္ပာယ်ကတော့ သူတို့ကို သံသယရှိသူတွေအဆင့်ကနေကျော်လွန်ပြီး အပြစ်ရှိသူအဖြစ်သတ်မှတ်ကာ အပြစ်ပေးဖို့ စုံစမ်းခံရတောာ့မှာပဲဖြစ်ပါတယ်။

BIGBANG ရဲ့ Seungri အပါအ၀င် တခြားသော လူ (၇)ယောက်ရှိတဲ့ chatroom အကြောင်းဟာ မတ်လ ၁၁ရက်နေ့မှာတော့ SBS funE ရုပ်သံမှသတင်းပေးပို့ခဲ့ပါတယ်။ အစောပိုင်းကသတင်းပေးပို့ချက်အရ Jung Joon Young ဟာ အဆိုပါ အုပ်စုထဲက တစ်ယောက်ဖြစ်ပြီး တရားမ၀င်ရိုက်ကူးထားတဲ့ လိင်ဆက်ဆံနေတဲ့ မတူညီတဲ့ ဖြစ်စဉ် (၁၀)ခုကို အဆိုပါ chatroom ထဲမှာဖြန့်ခဲ့ပါတယ်။

အဆိုပါသတင်းထွက်ပေါ်လာချိန်မှာ Jung Joon Young ဟာ ရိုက်ကူးရေးတစ်ခုကြောင့် နိုင်ငံခြားထွက်သွားတာဖြစ်ပြီး မတ်လ ၁၂ရက်နေ့ချက်ချင်းပဲ ကိုရီးယားကိုပြန်လာခဲ့ပါတယ်။ ရဲတွေအနေနဲ့ သူရောက်လာတဲ့ အချိန်မှာ တန်းပြီး မဖမ်းခဲ့ပေမယ့်လည်း မေးခွန်းမေးဖို့ ဆင့်ခေါ်ထားခဲ့တယ်လို့ဆိုပါတယ်။ သူတို့အနေနဲ့ Jung Joon Young ကို ကိုရီးယားမှထွက်ခွာခွင့်ပိတ်ထားခဲ့ပါတယ်။ ဒီ အကြောင်းအရာဟာ အမှန်ဖြစ်ခဲ့ရင်တော့ Jung Joon Young တစ်ယောက် ကျိန်းသေ အပြစ်ပေးခံရမှာဖြစ်ပါတယ်။ အမှန်တရားအမြန်ဆုံးပေါ်ပေါက်လာပါစေလို့ဆုတောင်းပေးပါတယ်။

GI GI(momolay)
Source : Soompi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။