တင်ပါးလုံးပြီး ကျစ်လာစေဖို့ နည်းလမ်းမှန် Squat ထိုင်နည်းကို ကိုယ်တိုင်လုပ်ပြခဲ့တဲ့ သန္တာလှိုင်​ရဲ့ဗီဒီယို

Posted on - Mar 13 []

Myint Myat

စာရေးသူ

ဆယ်ကျော်သက်လေးလို အမြဲနုပျိုနေတဲ့ သန္တာလှိုင်ကတော့ ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ အားကစားလိုက်စားသူတစ်ဦးမို့ အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ အမြဲလိုလို ပရိသတ်တွေအတွက် အကျိုးရှိစေမယ့် လေ့ကျင့်ခန်းအားကစားတွေ သူမရဲ့ ဖေ့စ်ဘုတ်ကနေ မျှဝေပေးလေ့ရှိတဲ့ သန္တာလှိုင်ကတော့ လတ်တလောမှာလည်း တင်ပါးလုံးပြီး ကျစ်လာစေဖို့ လေ့ကျင့်ခန်းလေးတစ်ခုကို လူမှုကွန်ယက်ပေါ်မှာ တင်ပေးခဲ့တာ တွေ့ရပါတယ်။ တင်ပါးကို သေချာထိရောက်ပြီး Squat ထိုင်နည်းမမှားအောင် သန္တာလှိုင်ရဲ့ဗီဒီယိုလေးကိုတော့ ပရိသတ်တွေ အကုန်သဘောကျနေကြတာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သန္တာလှိုင်ရဲ့လေ့ကျင့်ခန်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

သန္တာလှိုင်ကတော့ "အပတ်စဉ် တင်ပေးနေတဲ့ လေ့ကျင့်ခန်းတွေကို လိုက်လုပ်လို့ ရအောင် အမရဲ့ နာမည်ရဲ့ ညာဘက်ဘေးက လက်မလေးက်ု အပြာရောင်ဖြစ်သွားအောင် 👍 နှိပ်ထားလိုက်ပါ။ သူများရှယ်မှ မြင်ရတဲ့အထိ စောင့်စရာ မလိုပဲ အမတင်သမျှ လေ့ကျင့်ခန်းတွေ တင်လိုက်တိုင်း မြင်ရမှာပါ။ အဲဒီလေ့ကျင့်ခန်းတွေထဲက Squat ကို သေချာ မထိုင်တတ်လို့ တင်ပါးလေး လုံပြီး ကျစ်မလာပဲ ပေါင်တွေပဲ ကြီးလာပါတယ် လို့ တောင်းဆိုနေကြလို့ တင်ပါးကို သေချာထိထိရောက်ရောက် ရှိပြီး squat ထိုင်တတ်အောင် အခု Video လေးမဲ့ ပြပေးလိုက်ပြီနော်... ညီအမတွေ အချင်းချင်း ရှယ်ပေးကြအုံးမော်... တစ်ယောက်ထဲ ကျိတ်ပြိီးမလုပ်နဲ့ 😘" ဆိုပြီး လေ့ကျင့်ခန်းဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။

သန္တာလှိုင်ပြောပြတဲ့ Squat ထိုင်နည်း လေ့ကျင့်ခန်းဗီဒီယို

သန္တာလှိုင်က​တော့ လက်​ရှိမှာ ချစ်​ရတဲ့ခင်​ပွန်းသည်​နဲ့အတူ က​လေး​တွေကိုပြုစု​စောင့်​​ရှောက်​ရင်း ​ဘဝကို​အေးချမ်းစွာ ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ အသက်​ ၄၀ ​ကျော်​ပြီဖြစ်​တဲ့ အမျိုးသမီးတစ်​​ယောက်​​ပေမယ့်​ အဆီပိုမရှိ ကျစ်​လစ်​တဲ့ခန္ဓာကိုယ်​အချိုးအစားကို ပိုင်​ဆိုင်​ထားတဲ့ သန္တာလှိုင်​က​တော့ အခုအချိန်အထိ အရမ်းကို လှရက်​လွန်းနေတာပါ​​နော်​။ မိုမို​လေးချစ်​ပရိသတ်​​တွေ​လည်း အလှအပနဲ့ ကျန်းမာ​ရေးအတွက်​ ​လေ့ကျင့်​ခန်းလုပ်​ကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Thandar Hlaing's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။