မိန်းကလေးပရိသတ်တွေကို အိပ်ဆေးတိုက်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်လို့ သတင်းတွေထွက်နေတဲ့ CNBLUE ရဲ့ Jonghyun

Posted on - Mar 14 []

Zue

စာရေးသူ

အခုတလော Kpop ပရိသတ်တွေအကြားမှာ အပြောများနေကြတဲ့ သတင်းတွေထဲမှာ Jung Joon Young ရဲ့ အမှုကိစ္စတွေက ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ မိန်းကလေးတွေကို အိပ်ဆေးတွေ တိုက်၊ မုဒိမ်းကျင့်ကာ ဗီဒီယိုတွေရိုက်ပြီး Chat Room တွေကနေ တဆင့်ဖြန့်ဝေခဲ့မှုနဲ့ ပတ်သတ်ပြီး အစွပ်စွဲခံခဲ့ရတဲ့ Jung Joon Young ဟာ အခုဆိုရင် သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအားလုံးကို ၀န်ချတောင်းပန်ပြီးနောက် ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှုကို ခံယူနေရပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီကိစ္စက ဒီမှာတင်မပြီးသေးပါဘူး။ ထို Chat Room ထဲမှာ တခြားသော နာမည်ကြီးအမျိုးသားဆယ်လီတွေပါဝင်နေတယ်လို့လည်း သတင်းထောက်တွေက ပြောထားသေးတာကြောင့် ထိုဆယ်လီတွေက ဘယ်သူဘယ်ဝါဆိုတဲ့ ကောလဟာလတွေထွက်ပေါ်လာခဲ့ပါတယ်။ ထိုကောလဟာလတွေထဲမှာ ပါဝင်နေတဲ့တစ်ယောက်ကတော့ CNBLUE ရဲ့ Jonghyun ပဲ ဖြစ်ပါတယ်။

ဒီလိုမျိုးပါဝင်နေတယ်ဆိုပေမယ့်လည်း Jonghyun ရဲ့ အေဂျင်စီဘက်နေ ဒီအမှုကိစ္စမှာ သူတို့ရဲ့ Idol မပါဝင်တဲ့အကြောင်းကို ငြင်းဆိုပေးထားခဲ့ပါတယ်။ ဒီတစ်မှုကို ငြင်းထားပေမယ့်လည်း နောက်ထပ်သတင်းတစ်ခုက ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ Jonghyun ဟာ အရင်တုန်းက အသက်မပြည့်သေးတဲ့ မိန်းကလေးပရိသတ်တွေကို အိပ်ဆေးတွေတိုက်ကျွေးပြီး လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုတဲ့ သတင်းပါပဲ။

ထိုသတင်းတွေပြန့်နှံ့ခဲ့တဲ့ အစကတော့ လွန်ခဲ့တဲ့ (၅) လလောက်က အမည်မသိရတဲ့လူတစ်ယောက်တင်ထားတဲ့ ပို့စ်အဟောင်းတစ်ခုကြောင့်ပါပဲ။ ထိုပို့စ်ထဲမှာ ပါဝင်ရတဲ့အကြောင်းအရာအရဆိုရင် Jonghyun ဟာ ရဲတွေဆီမှာ ကြိမ်ဖန်များစွာ အစစ်ဆေးခံခဲ့ရကြောင်းသိရပါတယ်။ ဒါ့အပြင် ထိုကိစ္စကို ကျူးလွန်ခဲ့သူက သူတစ်ယောက်တည်းတင်မဟုတ်ပဲ အခုလက်ရှိမှာ လူမဆန်လှတဲ့လုပ်ရပ်တွေကို ၀န်ခံထားတဲ့ Jung Joon Young လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

"CNBLUE ရဲ့ ပရိသတ်တွေကို ပြောစရာရှိတယ်။ Lee Jonghyun ကို သိပ်စိတ်နှစ်ပြီးတော့ မကြိုက်ကြနဲ့နော်။ သူက နာမည်ကျော် အမျိုးသမီး idol အဖွဲ့တစ်ဖွဲ့နဲ့ လိင်ဆက်ဆံခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်။ ပြီးတော့ သူ့ရဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးပရိသတ်တွေကိုလည်း စော်ကားခဲ့ဖူးတယ်တဲ့။ ငါ ပြောတာကို နားထောင်ကြပါ။ ဒါက တစ်ချိန်ကျရင်တော့ သတင်းတွေထဲမှာ ပါလာမှာပဲ။ သတင်းခေါင်းကြီးပိုင်းတွေမှာတော့ မပါခဲ့ဖူးပေမယ့် Lee Jonghyun က ရဲတွေဆီမှာ အကြိမ်များစွာ အစစ်ဆေးခံခဲ့ဖူးတယ်" လို့ ရေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုပို့စ်အောက်ရဲ့ ကွန်မန့်မှာလည်း "ပြောရဦးမယ်။ '1 Night 2 Days' က Jung Joon Young နဲ့ Lee Jonghyun တို့က အသက်မပြည့်သေးတဲ့ မိန်းကလေးပရိသတ်တွေကို အိပ်ဆေးတွေတိုက်ပြီး စော်ကားခဲ့ဖူးတယ်တဲ့' လို့ ရေးထားတာကိုလည်း တွေ့ရပါတယ်။

ထိုပို့စ်တတ်လာတဲ့အချိန်တုန်းကတော့ ပရိသတ်တွေက သူတို့တွေရဲ့ Idol ကို မနာလိုမုန်းတီးသူတွေက တိုက်ခိုက်တယ်လို့ထင်ကာ Jonghyun ကိုပဲ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုလတ်တလောဖြစ်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်တော့ ဒါတွေဟာ မှန်ကန်ဖို့ရာခိုင်နှုန်းများနေပြီလို့ ပရိသတ်တွေက မှတ်ချက်ပြုထားကြပါတယ်။

Jonghyun ရဲ့ အေဂျင်စီဖြစ်တဲ့ FNC Entertainment ကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မည်သည့်ထုတ်ပြန်ချက်မှ မထုတ်ပြန်သေးပါဘူး။

Ref : Allkpop
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။