Jung Joon Young ရဲ့အမှုမှာ TWICE ကို ဆွဲထည့်ခဲ့သူတွေကို ပြင်းပြင်းထန်ထန်တရားစွဲဖို့ပြင်ဆင်နေတဲ့ JYP

Posted on - Mar 14 []

Htoo Yan Ag

စာရေးသူ

မတ်လ ၁၄ရက်နေ့မှာ ဆိုရင် JYP Entertainment မှ သတိပေးစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ အင်တာနက်ပေါ်မှာ မဟုတ်မမှန်သတင်းထုတ်လွှင့်တယ်လို့ သက်သေ ရထားတဲ့လူတွေကိုပြစ်မှုဆိုင်ရာ တရားစွဲဆိုဖို့ရာ စစ်ဆေးဖို့အတွက် ပြင်ဆင်နေပြီလို့သိရပါတယ်။

Jung Joon Young ရဲ့ sex tape မှာ TWICE အဖွဲ့ဝင်တွေလည်းပါဝင်နေတယ်လို့ ဦးစွာကောလဟာလတွေပေါ်ထွက်လာပါတယ်။ ဒါကို ကြားကြားချင်းမှာပဲ အဆိုပါ ကောလဟာလတွေဖြန့်တဲ့ သူတွေကို ကောလဟာလတွေမဖြန့်ဖို့ warning ပေးခဲ့ပါတယ်။ JYP ကတော့ တကယ်ပြောပြီး အဟုတ် အလုပ်လုပ်ပါတယ်။ Warning ပေးပြီး ရက်ပိုင်းတောင် မကြာခင်မှာပဲ သူတို့ ကို တရားစွဲဖို့ပြင်ဆင်နေပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

" ၁ရက်အတွင်းမှာပဲ ကျွန်တော်တို့ အနုပညာရှင်တွေကိုပါထည့်ပြီး ကောလဟာလတွေကို စတင်ဖြန့်ခဲ့တဲ့သူရဲ့ သက်သေတွေကို လိုက်စုခဲ့တယ်။ ပြီးတော့ ပရိတ်သတ်တွေ သတင်းပေးပို့တာကော၊ သုတေသနလုပ်ပြီးရှာဖွေတွေ့ရှိတာတွေကောပေါင်းပြီး လုံလောက်တဲ့ သက်သေတွေစုပြီးချိန်မှာ မတ်လ ၁၃ရက်နေ့မှာပဲ အဲ့ဒီ ဖိုင်တွေကို ပြစ်မှုဆိုင်ရာ တရားစွဲဆိုဖို့ပို့လိုက်ပြီ။" လို့ပြောပြခဲ့ပါတယ်။

"အဆိုပါ အမှုမှာ အန္တာရာယ်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သတင်းအမှားတွေကို ဖြန့်နေတာဖြစ်ကြောင်း လုံလောက်တဲ့သက်သေတွေရှိတယ်။ ပြီးတော့ နောက်ထပ် အပိုအမှုတွေတွေ့ခဲ့မယ်ဆိုရင်လည်း နောက်ထပ် တရားစွဲသွားဖို့ စီစဉ်ထားပြီး အသရေဖျက်မှုနဲ့ တရားစွဲသွားမယ်။" လို့ရှင်းပြခဲ့ပါတယ်။

JYPကတော့ အနုပညာရှင်တွေကို ကာကွယ်ပေးတဲ့နေရာမှာတော့ စံပါပဲနော်။

HYA(momolay)
Source : Allkpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။