ဆွာရက်ဇ်ရဲ့ အလိမ်အခေါက် skill ကြောင့် ပရိသတ်များ အံ့အားသင့်ခဲ့ကြ

Posted on - Mar 14 []

Htoo Yan Ag

စာရေးသူ

ဘာစီလိုနာအသင်းဟာ လိုင်ယွန်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ လိုင်ယွန်နောက်ခံလူကို ပြသခဲ့တဲ့ အလိမ်အခေါက် skill ကြောင့် ဥရောပရဲ့ ဘောလုံးပရိသတ်များရဲ့ ဝိုင်းဝန်းချီးကျူးမှုကို ခံခဲ့ရပါတယ်။ ဆွာရက်ဇ်ဟာ အဆိုပါပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ လိုင်ယွန်နောက်ခံလူ မာဆယ်လိုဂွီဒက်စ်ရဲ့ ခြေထောက်ကြားထဲကနေ ဘောလုံးကိုသယ်ယူပြီး လှလှပပ ထွက်ပြခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ကွင်းလယ်ကနေမျှောပေးလိုက်တဲ့ ဘောလုံးကို လက်ခံချိန်မှာ ချက်ချင်းပဲ လှည့်ထွက်ခဲ့ပြီး ဘောလုံးဟာ ဆွာရက်ဇ်ကို လူကပ်ကစားနေတဲ့ မာဆယ်လိုဂွီဒက်စ်ရဲ့ ခြေထောက်ကြားကနေ ထွက်သွားခဲ့ပြီး ဆွာရက်ဇ်ရဲ့ ပြေးလမ်းကြောင်းထဲကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ဆွာရက်ဇ်ရဲ့ ဘောလုံးလမ်းကြောင်းတွက်ဆနိုင်မှု ၊ အမြင်ကျယ်ပြန့်မှု နဲ့ အလိမ်အခေါက် skillတွေက ပရိသတ်ကို ရင်သပ်ရှုမောဖွယ် ဖြစ်စေခဲ့ပါတယ်။ ဂိုးသွင်းကောင်းတဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ယခုလို အဆင့်အတန်းမြင့်မားပြီး လှပတဲ့ လိမ်ခေါက်မှုမျိုးကို မြင်တွေ့ရခဲလှတာကြောင့် ပရိသတ်အများစုက အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။

လိုင်ယွန်နောက်ခံလူ မာဆယ်လိုဟာလည်း ဒီရာသီမှာ အသင်းအတွက်ပုံစံကောင်းတွေပြသထားနိုင်သူ ဖြစ်ပြီး ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ ချိတ်ဆက်မှုတွေကို ခံနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ အဆိုပါပွဲစဉ်မှာ အသင်းဖော် ကော်တင်ဟိုသွင်းယူနိုင်ဖို့ ဂိုးတစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

REF : sport bible
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။