Jung Joon Young ဆီမှာ ဓားစာခံဖြစ်ခဲ့ရတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ အကြောင်း

Posted on - Mar 14 []

Htoo Yan Ag

စာရေးသူ

အခုဆိုရင်တော့ မြန်မာနိုင်ငံက မိုမိုလေးရဲ့စာဖတ်ပရိတ်သတ်တွေ Jung Joo Young ဆိုတာ ဘယ်သူလဲ သိလောက်ပါပြီ။ အကျဉ်းရုံးပြောရမယ်ဆိုရင်တော့ ကောင်မလေးတွေမြောက်များစွာကို မူးအောင် ဆေးတိုက်၊ ပြီးရင် မုဒိမ်းကျင့်..၊ အဲ့တာနဲ့တင်မပြီးသေးဘဲ အဲ့ဒီ မုဒိမ်းကျင့်တဲ့ဗီဒီယိုတွေကို အလိုမတူဘဲ ရိုက်ကူးထားပြီး group chat တွေမှာ မြိန်ရည်လျှက်ရည်ပြောကြတဲ့သူမျိုးပေါ့။

အမျိုးသမီး သတင်းထောက်ဖြစ်သူ Kang Kyung Yoon ဟာ Seungri ရဲ့ chatroom ကို စတင်ဖော်ထုတ်ခဲ့သူပါ။ သူမဟာ Jung Joon Young ရဲ့ ကိစ္စတွေကိုလည်းဖော်ထုတ်ခဲ့သူဖြစ်ပြီး Jung Joon Young ရဲ့ ချောင်းရိုက်ဗီဒီယိုတွေရဲ့ သားကောင်တွေနဲ့ ရေဒီယိုအစီအစဉ်တစ်ခုမှာသွားရောက်တွေ့ဆုံခဲ့ကာ ယခုလိုပဲ အကျဉ်းရုံးပြောပြခဲ့ပါတယ်။

"Jung Joon Young နဲ့ ပတ်သတ်ပြီး ဓားစာခံ ၄၊၅ ယောက်လောက်နဲ့တွေ့ဖြစ်တယ်။ ဆိုးရွားတဲ့အဖြစ်အပျက်ကြီးတွေဖြစ်ပွားခဲ့ချိန်တွေမှာ သူတို့တွေအားလုံးက အသက် (၂၀)စွန်းစွန်းတွေပဲရှိသေးတယ်။" လို့ Kang Kyung Yoon မှရှင်းပြခဲ့ပါတယ်။ Jung Joon Young ဟာ ဗီဒီယိုတွေရိုက်တယ်ဆိုတာကို သိတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ အကြောင်းကိုကြားခဲ့ပြီးတဲ့အချိန်မှာ သူမဟာ ငိုတောင် ငိုခဲ့မိတယ် လို့သိရပါတယ်။

"သူ့ရဲ့အကြောင်းလည်းကြားပြီးရော ကျွန်မ ငိုခဲ့မိတယ်။ Jung Joon Young က သူမနဲ့ လိင်ဆက်ဆံနေတဲ့ဗီဒီယိုတွေကို ရိုက်ထားတယ်ဆိုတာကို သူမ သိတယ်။ သူ့ရဲ့ဖုန်းကို ကြည့်မိရင်း နောက်ပိုင်းမှာသိခဲ့ရတာ.." လို့ ပြောပြခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုအကြောင်းကိုလည်းသိပြီးတဲ့အချိန်မှာ အဲ့ဒီအကြောင်းအရာကို သတင်းမပေးပို့နိုင်ခဲ့တဲ့အကြောင်းကိုလည်း ယခုလိုပဲရှင်းပြခဲ့ပါတယ်။

"သူမဟာ အခုလို မတရားတဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံနေရမှန်းသိပေမယ့်လည်း တရားမစွဲနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူမရဲ့ ကိုယ်ရေးကိုယ်တာအသေးစိတ်တွေကိုပါ လူသိရှင်ကြားချပြရမှာကြောက်လို့..။ ဒါ့အပြင် သူမဟာ Jung Jiin Young ကို အသနားခံခဲ့ပါတယ်။ မကောင်းတဲ့နေရာတွေရောက်သွားမှာဆိုးလို့ပါ။ ပြီးတော့ အဲ့ဒီဗီဒီယိုတွေကို ဖျက်ပြစ်ဖို့ ပြောခဲ့ပါတယ်။ " လို့ရှင်းပြခဲ့ပါတယ် ။ Jung Joon Young ဟာ အဆိုပါဗီဒီယိုတွေကို သူ့ဖုန်းထဲက ဖျက်လိုက်ပါတယ်။ ဒါပေမယ့်လည်း အဲ့တာတွေကို group chat တွေထဲ ချက်ချင်းဆိုသလို ပို့ပြီးထားပြီးသားဖြစ်ကြောင်းကိုလည်း ယခုလိုပဲပြောပြခဲ့ပါတယ်။

"သာမန်လူတစ်ယောက်ဆိုရင်တော့ သတိထားပြီး အဲ့ဒီအပြုအမူတွေကို ရပ်လိုက်မှာပဲ။ ဒါပေမယ့်လည်း Jung Joon Young ကတော့ အဲ့ဒီ ဗီဒီယိုတွေကို သူ့ဆီပြန်ပို့ပေးဖို့ပြောခဲ့ပါတယ်။" လို့ရှင်းပြခဲ့ပါတယ်။ ပြောချင်တာကတော့ Jung Joon Young ဟာ ကောင်မလေးနဲ့ညှိပြီး ဗီဒီယိုဖျက်လိုက်ပြီဆိုပြီး ပြောလိုက်မယ်.ဒါပေမယ့်လည်း အဲ့ဒီ ချောင်းရိုက်ဗီဒီယိုတွေက လူတွေအများကြီးရှိတဲ့ group chart တွေထဲရောက်သွားပြီးပြီ။ အချိန်မရွေးပြန်တောင်းလို့ရပါတယ်။

လက်ရှိအချိန်မှာတော့Jung Joon Young ဟာ အမှုအတွက်စစ်ဆေးခံနေရပြီပဲဖြစ်ပါတယ်။ မတရားခံရတဲ့ အမျိုးသမီးတွေအားလုံး အတွက် တရားမှုတစ်ခုတော့ဖြစ်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

HYA(momolay)
Source : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။