တစ်ချို့စီနီယာအမျိုးသားIdol တွေကိုသတိထားကြဖို့ အရင်ကတည်းက သတိပေးခဲ့ဖူးတဲ့ Sistar နဲ့ Lee Teuk

Posted on - Mar 14 []

Htoo Yan Ag

စာရေးသူ

လက်ရှိ K-Pop လောကမှာ ဖြစ်နေတဲ့ ကိစ္စတွေကို သိပြီးကြလောက်ပြီဖြစ်မှာပါ။ အဓိက ကတော့ Sex tape ပေါ့..။ တက္ကသိုလ်ကျောင်းသူငယ်ငယ်လေးတွေ၊ ပြီးတော့ တက်သစ်စ IDOL တွေကို တစ်ခွက်တစ်ဖလားသောက်ဖို့ ချိန်းကြမယ်၊ ပြီးရင် ဆေးခတ်မယ်၊ ပြီးရင် အလိုမတူဘဲ လိင်ဆက်ဆံမယ်၊ ပြီးရင် ဗီဒီယိုတွေရိုက်ထားမယ်..။ ဒါတွေက သူတို့ရဲ့ လုပ်ရိုးထုံးစံတွေပေါ့။ ဒါပေမယ့်လည်း ဒီအကြောင်းအရာတွေ ဗူးပေါ်သလိုပေါ်လာခဲ့တာ လွန်ခဲ့တဲ့ရက်ပိုင်းအနည်းငယ်ကသာရှိပါသေးတယ်။

အဲ့ဒီကိစ္စတွေဟာ ကိုရီးယားဖျော်ဖြေရေးလောက်မှာ ဖြစ်ပွားနေတာ နှစ်တော်တော်ကြာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ အကြောင်းအရာတွေနဲ့ တိုက်ဆိုင်လားမသေချာပေမယ့်လည်း Sistar အဖွဲ့ဝင်တွေကတော့ သွယ်ဝိုက်ပြီး သတိပေးခဲ့ပါတယ်။ အမျိုးသမီး တက်သစ်စ idol အဖွဲ့ဝင်တွေကို စီနီယာအမျိုးသားတွေကို သတိထားဖို့ပြောပြခဲ့ပါတယ်။

"ယော်ကျာ်းတွေ၊ ယော်ကျာ်းတွေကို သတိထားပါ။ မင်းတို့ တက်သစ်စဖြစ်နေတဲ့အချိန်မှာ အမျိုးသား စီနီယာတွေက မင်းတို့ကို ဒီအတိုင်း တစ်ယောက်တည်းထားမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း အမျိုးသား စီနီယာတိုင်း လူကောင်းတွေမဟုတ်ဘူး။ ၀င်ကစွပ်တွေလို ဖြစ်ပါစေ။ ဒီအတိုင်း အိမ်မှာပဲနေပါ။ ပြီးတော့ ယောကျာ်းတွေနဲ့ မတွေ့ပါနဲ့ ။ " လို့ အလေးအနက်ထားပြီး သတိပေးခဲ့ပါတယ်။

ကိုရီးယားဖျော်ဖြေရေးလောကထဲမှာ ၁၁နှစ်လောက် ကျင်လည်နေခဲ့တဲ့ Lee Teuk ကလည်း sistar ရဲ့ စကားကို ထောက်ခံခဲ့ပါတယ်။

I.O.I အနေနဲ့ စီနီယာကြီးတွေဆီက မခန့်မှန်းထားတဲ့ အကြံပေးချက်မျိုးရခဲ့တဲ့အတွက် အံ့အားသင့်သွားခဲ့ကြပါတယ်။

HYA (momlay)
Source : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။