ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရအပြီးမှာ နည်းပြနီကိုကိုဗက်ရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်သွားခဲ့တဲ့ လီဝန်ဒေါစကီး

Posted on - Mar 14 []

Htoo Yan Ag

စာရေးသူ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ လီဗာပူးအသင်းကို (၃-၁)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်အပြီးမှာ နည်းပြနီကိုကိုဗက်ရဲ့ ခံစစ်ကစားတဲ့ နည်းဗျူဟာပိုင်းကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပထမအကျော့ အန်းဖီးလ်မှာတုန်းက ဂိုးမရှိသရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပေမယ့် အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာတော့ ဂိုးပြတ်အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပွဲကစားချိန် ၂၆မိနစ်မှာ ဂိုးသမားနူအာရဲ့ အားနည်းချက်ကို အသုံးချပြီး တိုက်စစ်မှူး မာနေးက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဂနာဘရီရဲ့ ဖြတ်တင်ပေးပို့မှုကို နောက်ခံလူ ဂျိုရယ်မာတစ်ပ် ဖျက်ထုတ်ရာမှာ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာကြောင့် ပထမပိုင်းမှာ သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ နောက်ခံလူ ဗန်ဒိုက်ခ်ျရဲ့ ခေါင်းတိုက်ဂိုးနဲ့ ထပ်မံဦးဆောင်နိုင်ခဲ့ပြီး ဆာလတ်ရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် မာနေးကပဲ ထပ်မံသွင်းယူခဲ့ကာ လီဗာပူးအသင်းအတွက် အဝေးကွင်းနိုင်ပွဲရယူသွားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်စေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လီဝန်ဒေါစကီးဟာ အသင်းရဲ့ နည်းစနစ်ပိုင်းကို အားမလိုအားမရဖြစ်ခဲ့ပြီး နည်းပြကိုဗက်ကို အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ်။

" ဒီပွဲစဉ်က ကျွန်တော်တို့အတွက် အလွန်ခက်ခဲမယ်လို့ တွေးထားပြီးသားပါ။ ဒါပေမယ့် လီဗာပူးနဲ့ကစားခဲ့တဲ့ ပွဲစဉ်၂ပွဲလုံးမှာ ခံစစ်ကို အရမ်းအားပြုကစားခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ဟာ ပထမအကျော့မှာ တိုက်စစ်မှာ အခွင့်အရေးတွေ ဖန်တီးဖို့ မကြိုးစားခဲ့ပဲ ဒုတိယအကျော့မှာလည်း အဲ့ဒီပုံစံအတိုင်း ထပ်ကစားခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ "

" ကျွန်တော်တို့ဟာ တိုက်စစ်ကို ဒီထက်ပိုပြီး တိုက်စစ်ဆင်ကစားသင့်ပြီး နည်းပြက မစွန့်စားရဲခဲ့ပါဘူး။ တစ်ခါတစ်လေမှာ တိုက်စစ်မှာ ကျွန်တော်ဘောလုံးရတဲ့အခါ တစ်ယောက်တည်း ဖြစ်နေပြီး တကယ်ကို အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်နှစ်ပွဲစလုံးကို စိတ်တိုင်းမကျခဲ့ပဲ ကစားခဲ့ရတာဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ပုံစံအစစ်အမှန် မဟုတ်ပါဘူး " လို့ viasport သတင်းဋ္ဌာနကို ပြောကြားသွားခဲ့ပါတယ်။

REF : sportkeeda
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။