သဘာဝတရားကြီးကို ဖျက်စီးနေတဲ့ စည်းကမ်းမရှိသူတစ်ချို့ကြောင့် အမှိုက်လိုက်ကောက်ခဲ့ရတဲ့ သန္တာလှိုင်

Posted on - Mar 14 []

Myint Myat

စာရေးသူ

မြန်​မာနိုင်​ငံက အမျိုးသမီးထု​တွေ ​အားကျချစ်​ခင်​ရတဲ့ ​​မော်​ဒယ်​သန္တာလှိုင်​က​တော့ ကျန်းမာ​ရေးလိုက်​စားပြီး ပြီးပြည့်​စုံတဲ့ ခန္ဓာကိုယ်​အချိုးအစားကို ပိုင်​ဆိုင်​ထားတာပါ။ သူမက​တော့ လက်​ရှိမှာ ချစ်​ရတဲ့ခင်​ပွန်းသည်​နဲ့အတူ က​လေး​တွေကိုပြုစု​စောင့်​​ရှောက်​ရင်း ​ဘဝကို​အေးချမ်းစွာ ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ သန္တာလှိုင်​က ခင်ပွန်းနဲ့အတူ ကမ်းခြေသို့ အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သန္တာလှိုင်က ရှိုးအပြည့်နဲ့ ကမ်းခြေမှာ လမ်းလျှောက်ရင်း မရှက်တတ်တဲ့ စည်းကမ်းမရှိသူတွေကြောင့် အမှိုက်ကောက်ပြီး ပြန်လာခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် စည်းကမ်းမရှိတဲ့ အမှိုက်ဖွသူတွေကြောင့် မြန်မာနိုင်ငံကြီး ညစ်ပတ်နေတဲ့အကြောင်းကို ပြောလာတဲ့ သန္တာလှိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သန္တာလှိုင်ကတော့ "စစချင်းတော့ ရှိုးအပြည့်နဲ့ ကျော့ကျော့လေး...ခဏလောက်လျှောက်ပြီးတော့မြင်မကောင်းအောင် ဖျက်စီးနေတဲ့ အမှိုက်တွေ မနေနိုင်လို့ လိုက်ကောက်ရင်း အမှိုက်တွေ လက်ထဲမှာ အပြည့်နဲ့ပဲ ကိုယ့်ချစ်တွေအတွက် ဓါတ်ဖမ်းရတော့တယ်...ကိုယ်စည်းကမ်းမရှိ ပစ်လိုက်တဲ့ အမှိုက်က အမှိုက်ပုံကို အလိုလိုရောက်မသွားပါဘူး.... လမ်းဘေးမှာချတဲ့ အမှိုက်တွေ မိုးရွာရင် မြောင်းတွေပိတ်လို့ ရေတွေလျှံပြီး ဗွက်တွေ ထပါတယ်.... ကိုယ့်ရဲ့ အိမ်ရှေ့ လမ်းဘေးနဲ့ သူများအိမ်ရှေ့တွေမှာရွံစရာကော်ုအောင် ပွထနေပါတယ်.....

ပြီးတော့ ဒီလိုသဘာဝအတိုင်း လှပနေတဲ့ လူတွေနဲ့အဝေးကြီးက သောင်ပြင်တွေပေါ် ရောက်သွားပါတယ်.... အင်း... ဒါတွေကို နားလည်အောင် ကိုယ့်နိုင်ငံက လူတွေကို ဘယ်လို ပြောရပါ့မလဲ? အင်မတန် အမှိုက်ချပြီး ညဟ်ပတ်ပါတယ်လို့ နာမည် ကြီးတဲ့ India နိုင်ငံကို သွားပြီး ပြန်လာတဲ့ ဧည့်သည်တွေကတာင် India က မြန်မာနိုင်ငံလောက် အမှိုက် မရှုပ်ပွဘူး မညစ်ပတ်ဘူးလို့ ကြားလာရပြီးဆိုတော့ ကျွန်မတို့တွေ ရှက်တတ်ရင် အင်မတန် ရှက်ဖို့ ကောင်းနေပါပြီ။ 😔 ကျွန်မကိုကူညီပြီး နားလည်အောင် ရှင်းပြပေးကြပါအုံးလို့..." လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

သန္တာလှိုင်က​တော့ လက်​ရှိမှာ ချစ်​ရတဲ့ခင်​ပွန်းသည်​နဲ့အတူ က​လေး​တွေကိုပြုစု​စောင့်​​ရှောက်​ရင်း ​ဘဝကို​အေးချမ်းစွာ ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ အသက်​ ၄၀ ​ကျော်​ပြီဖြစ်​တဲ့ အမျိုးသမီးတစ်​​ယောက်​​ပေမယ့်​ အဆီပိုမရှိ ကျစ်​လစ်​တဲ့ခန္ဓာကိုယ်​အချိုးအစားကို ပိုင်​ဆိုင်​ထားတဲ့ သန္တာလှိုင်​က​တော့ အခုအချိန်အထိ အရမ်းကို လှရက်​လွန်းနေတာပါ​​နော်​။ မိုမို​လေးချစ်​ပရိသတ်​​တွေ​လည်း အမှိုက်မပစ်ခြင်းနဲ့ နိုင်ငံကို လှပအောင် ဖန်တီးကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

Myint Myat
Source;Thandar Hlaing's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။