ဘယ်လိုမှ ခွဲမရအောင်ကို ရုပ်ချင်းချွတ်စွပ်ဆင်တူနေကြတဲ့ ကမ္ဘာကျော်ဆယ်လီဘရစ်တီများ

Posted on - Mar 14 []

Douglas Thura

စာရေးသူ

ကမ္ဘာပေါ်မှာ နာမည်တူမရှား လူတူမရှားရှိတယ်ဆိုတာ အခုဖော်ပြပေးမဲ့ ကမ္ဘာကျော်ဆယ်လီဘရစ်တီတွေကို ကြည့်ရင်သိနိုင်ပါတယ်။ အခုသက်ရှိထင်ရှားရှိနေတဲ့ ဆယ်လီဘရစ်တီတွေထဲမှာ ခုလို ရုပ်ချင်းချွတ်စွပ်တူနေကြဖို့ ဆိုတာ သူတို့ ရဲ့ အတိတ်ဘ၀က ရေစက်ပါတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့ တွေထဲက တစ်ချို့ တွေကတော့ အပြင်မှာ အရမ်းခင်မင်ကြတဲ့သူငယ်ချင်းတွေလည်း ဖြစ်နေကြတာကို တွေ့ ရပါတယ်။ ဆွေမျိုးမတော်စပ်ပဲ အံ့အားသင့်စရာကောင်းလောက်အောင် ရုပ်ချင်းချွတ်စွပ်တူနေကြတဲ့ ဆယ်လီတွေကို ကြည့်လိုက်ကြရအောင် ...

Katy Perry နဲ့ Zooey Deschanel

မျက်လုံးပြာလဲ့လဲ့လေးတွေကအစ ချွတ်စွပ်တူကြတဲ့ ဆယ်လီနှစ်ယောက်ပါ။ သူတို့ နှစ်ယောက်က အပြင်မှာလည်း တော်တော်ရင်းနှီးကြတဲ့ မိတ်ဆွေတွေဖြစ်ပါတယ်။

Mick Jagger နဲ့ Harry Styles

ကမ္ဘာကျော် Rolling Stones အဖွဲ့ ရဲ့ အဆိုတော်ကြီး Mick Jagger နဲ့ ရုပ်ချင်းဆင်တူနေတာကတော့ One Direction အဖွဲ့ ဝင် Harry Styles ပဲဖြစ်ပါတယ်။ Mick နဲ့ Harry တို့ ဟာ အသက်(၅၀)လောက် ကွာခြားနေပေမဲ့လည်း Harry ဟာ တစ်ကယ့်ကို younger version of Mick ပါပဲ။

Taylor Swift နဲ့ Avicii

ဆုံးပါးသွားပြီဖြစ်တဲ့ Avicii ကတော့ တစ်ကယ့်ကို Taylor Swift ရဲ့ Male Version ပါပဲ။

Nina Dobrev နဲ့ Victoria Justice

The Vampire Diaries မင်းသမီးချော နီနာဒိုဘရက် နဲ့ ချွတ်စွတ်တူတာက မင်းသမီး ဗစ်တိုးရီးယားဂျက်စတစ် ပါ။

Ed Sheeran နဲ့ Rupert Grint

Perfect သီချင်းပိုင်ရှင် အက်ရှီရန် နဲ့ တူနေတာကတော့ Harry Potter ရုပ်ရှင်ထဲက ရွန်ဝေစလေ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားငယ် ရူးပက်ဂရင့် ဖြစ်ပါတယ်။

Bella Hadid နဲ့ Jennifer Lawrence

Silver Linings Playbook ဇာတ်ကားနဲ့ အော်စကာဆုဆွတ်ခူးခဲ့တဲ့ ဂျနီဖာလောရင့်နဲ့ ဆင်တူနေခဲ့တာကတော့ မော်ဒယ် ဘယ်လာဟက်ဒစ် ပါ။

Henry Cavill နဲ့ Matt Bomer

Man Of Steel မင်းသားဖြစ်တဲ့ ဟင်နရီကက်ဗေး ရဲ့ အဖေမတူ အမေကွဲ ညီကတော့ မင်းသားချော မက်ဘွန်မာ ပါ။

Tom Hardy နဲ့ Logan Marshall-Green

Logan Marshall-Green ဟာ Venom မင်းသားချော Tom Hardy ရဲ့ ကိုယ်ပွားလိုပါပဲ။

Ref : Allure
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။