လွန်ခဲ့တဲ့ (၅)နှစ်ကတည်းက ပြည့်တန်ဆာရှာပေးနေတဲ့ Seungri နဲ့ပတ်သတ်တဲ့ သကသေ message များ

Posted on - Mar 14 []

Moe Kalay

စာရေးသူ

ကိုရီးယားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Sisa Journal ရဲ့တွေ့ရှိချက်အရ Seungri ဟာ သူ့ရဲ့စီးပွားရေးပါတနာကို ပြည့်တန်ဆာတွေထောက်ပံ့နေတာ သြဂုတ်လ ၂၀၁၄ခုနှစ်ကတည်းကဖြစ်ပါတယ်။ အဆိုပါ message တွေမှ Seungri ဟာ ရင်းနှီးမြုပ်နှံသူကို ကောင်မလေးတွေရဲ့ ဈေးစကားပြောနေတာကို တွေ့ရမှာပါ။ ကောင်မလေးတွေရဲ့ ဓာတ်ပုံတွေပါ ပါဝင်လာခဲ့ပါတယ်။

Seugri နဲ့ သူဋ္ဌေးတစ်ယောက် ပြောထားခဲ့တဲ့ ပြည့်တန်ဆာရှာ အကြောင်းများ

Seungri: နံပတ် (၁)ကောင်မလေးက အရမ်း စကားမများဘူး။ ဒါပေမယ့်လည်း သူက ငွေမက်တဲ့ မိန်းမမျိုးပဲ။ ပြီးတော့ သူက မူးနေတဲ့အချိန်မှာလည်း အရမ်း ချစ်ဖို့ကောင်းတဲ့ မိန်းကလေးမျိုးမဟုတ်ဘူး။ ဒါပေမယ့်လည်း ရုပ်ရည်ကတော့ တော်တော်ချောတယ်။

Seungri: နံပတ် (၃)ကောင်မလေး......သူ့ရဲ့ ရုပ်ရည်ကော၊ အကျင့်ကော ကောင်းတယ်။ သောက်ပြီးရင် ဟာသတွေလည်းပြောတယ် ပြီးတော့ သဘောလည်းကောင်းတယ်...ဒါပေမယ့်လည်း မူးသွားရင် ချုံးချုံးကျသွားရော...။

CEO A:နံပတ် (၄)ကောင်မလေး လေးရော..?
CEO A: နံပတ် (၂၊ ၄၊ ၅)ကောင်မလေး လေးရော..?
CEO A: ဒါဆိုရင် ရွေးထားတဲ့အထဲက နံပတ်(၁)ကောင်မလေးကို ပယ်လိုက်ရအောင်။ နံပတ် ၂၊၄၊၅ ကောင်မလေးတွေထဲက နောက်တစ်ယောက်ထပ်ရွေးရအောင်။ ၏
CEO A: ငါတို့ နံပတ် (၃)လိုကောင်မလေးများများ လိုအပ်တယ်။

နောက်ထပ် စကားပြောထားတဲ့ အပိုင်းကလည်းထုတ်ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အထိအခိုက်မခံတဲ့ ပြဿနာကြီးတွေရှိလို့ ရွေးချယ်ထားတဲ့ အပိုင်းတွေကိုသာထုတ်ပြခဲ့ပါတယ်။

Seungri: Mr. CEO, ဘယ်လိုမိန်းကလေးမျိုးကို သဘောကျတာလဲ။

CEO A: ကောင်းပြီ...အရှေ့တောင်အာရှဘက်က အမျိုးသားတွေက အသားဖြုတဲ့ကောင်မလေးတွေကို သဘောကျတယ်။ အသားဖြူတဲ့ကောင်မလေးတွေက အပြစ်ကင်းစင်ပြီး ဖြုစင်တယ် ပြီးတော့လည်း နောက်တစ်ဖက်မှာ ဆွဲဆောင်မှုရှိတယ်။ အပြင်ကင်းစင်တဲ့ XX, XXX, or XXX, ဒါမှမဟုတ် အရမ်းဖော်ချွတ်ပြီး ဖန်စီကျတဲ့ ကောင်မလေးတွေက အမျိုးသမီး အဖွဲ့ဝင်တွေနဲ့တူနေတယ်။ ဒီလိုစတိုင်လေးကော..အရပ် ၁၆၀ စင်တီမီတာ နားဝန်းကျင်..ပြီးတော့ ပိန်ပိန်သွယ်သွယ်လေး..။

CEO A: အင်ဒိုနီးရှားသွားမှာကို သူတို့ကိုပြောသွားလား..။
Seungri: ဟုတ် CEO
CEO A: ၂ည ဒါမှမဟုတ် ၃ညအတွက်ဖြစ်သင့်တယ်။ ဘယ်သူသိနိုင်မလဲ။ ဒါပေမယ့်လည်း ၁၀မီလီယံဝမ်လောက်လား? အဲ့လောက်နည်းအုံးမလား??
Seungri: နားလည်ပြီ။ ၁ယောက်ကို ၁၀မီလီယံဝမ် ဟုတ်တယ်မဟုတ်လား CEO ?

နောက်မှာတော့ Seungri ဟာ CEO ကို ကောင်မလေးတွေရဲ့ဓာတ်ပုံတွေပို့ခဲ့ပါတယ်။ အခုဆိုရင်တော့ Seungri ဟာ ရဲတွေဆီမှာ အစစ်ဆေး နေပြီပဲဖြစ်ပါတယ်။

moekalay
Source : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။