အမ်မရီဟာ အာဆင်နယ်အသင်းအတွက် ယူရိုပါလိဂ်ဖလား ရယူပေးမှာဖြစ်ကြောင်း ပြောကြားလိုက်တဲ့ ရောဘတ်ပီရက်စ်

Posted on - Mar 14 []

Htoo Yan Ag

စာရေးသူ

အာဆင်နယ်အသင်းရဲ့ စီနီယာကစားသမားဟောင်း ရောဘတ်ပီရက်စ်က အသင်းရဲ့ လက်ရှိနည်းပြ အူနိုင်းအမ်မရီဟာ အာဆင်နယ်အသင်းနဲ့ ကိုက်ညီမှုအရှိဆုံးနည်းပြတစ်ဦးဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ယူရိုပါလိဂ်ဖလားကို ရယူပေးသွားမှာဖြစ်ကြောင်း ချီးကျူးပြောကြားသွားခဲ့ပါတယ်။ အမ်မရီဟာ ယခုရာသီအစကမှ အသင်းရဲ့ သက်တော်ရှည်နည်းပြကြီး အာဆင်ဝင်းဂါးရဲ့နေရာကို အစားထိုးဝင်ရောက်လာတဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

နည်းပြအမ်မရီဟာ အာဆင်နယ်အသင်းရဲ့ နည်းပြဘဝအစမှာ အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာကို ရောက်ရှိလာခဲ့ကာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် အခြေအနေကောင်းနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း မဟာပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကို ၂ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး တတိယနေရာက စပါးအသင်းနဲ့ သုံးမှတ်အကွာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားဟောင်းကြီး ရောဘတ်ပီရက်စ်က အသင်းရဲ့ နည်းပြဖြစ်သူ အမ်မရီကို ယုံကြည်မှုအပြည့်အဝရှိနေပြီး မနက်ဖြန်မှာ ကစားမယ့် ရန်းနက်စ်အသင်းနဲ့ ယူရိုပါလိဂ် ၁၆သင်း အဆင့် ဒုတိယအကျော့ပွဲစဉ်ကို ဂိုးပြတ်အနိုင်ရရှိဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ ပီရက်စ်က " အမ်မရီရဲ့ အာဆင်နယ်နည်းပြဘဝအစက တကယ်ကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ "

" သူဟာ နည်းပြဟောင်း အာဆင်ဝင်းဂါးနဲ့ အမြဲလိုလို နှိုင်းယှဉ်ခံခဲ့ရပြီး တစ်ပွဲလေးရလဒ်မကောင်းတာနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာ ပရိသတ်ကြီးနဲ့ မီဒီယာတွေ အသိဆုံးဖြစ်မှာပါ။ ဒါပေမယ့် အမ်မရီဟာ ထူးချွန်တဲ့နည်းပြကောင်းတစ်ဦးဖြစ်ပြီး သူ့ရဲ့အတွေးအခေါ်ဟာ ကောင်းမွန်ပြီး စပိန်နည်းပြတွေမှာ တွေ့ရလေ့ရှိတဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ကစားဟန်ကို ယူနိုက်တက်နဲ့ပွဲမှာ ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။"

" ယူနိုက်တက်ကို အနိုင်ရခဲ့သလိုမျိုး ရန်းနက်စ်အသင်းကိုလည်း အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ " လို့ Omnisport နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ရန်းနက်စ်အသင်းနဲ့ ပထမအကျော့ အဝေးကွင်းပွဲစဉ်တုန်းက (၃-၁)ဂိုးနဲ့ အရေးနိမ့်ထားခဲ့တာကြောင့် အိမ်ကွင်းပွဲစဉ်မှာ အနည်းဆုံး (၂-၀) ဆိုတဲ့ ရလဒ်ထွက်ပေါ်အောင် ကစားသွားရမှာလည်း ဖြစ်ပါတယ်။

REF : omnisport
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။