မီးမီးခဲ ရဲ့ သီချင်းကောင်းများထဲမှာ ရင်ထဲအထိဆုံး သီချင်း " သို့ " MV

Posted on - Mar 14 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် တေးသံရှင် မီးမီးခဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိပြီး ပရိသတ်တွေကို သူမရဲ့ ထူးခြားတဲ့ အသံလေးနဲ့ ဆွဲဆောင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီးအတွက် မီးမီးခဲ ရဲ့ သီချင်းကောင်းတွေထဲမှာ ရည်းစားဟောင်းနဲ့ ပြန်တွေ့တဲ့ အကြောင်း ကိုသီဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

မီးမီးခဲက လက်ရှိမှာ သူ့ရဲ့မိသားစုနဲ့အတူ နိုင်ငံခြားမှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ မီးမီးခဲက သူမရဲ့ သီချင်းသစ်လေးတစ်ပုဒ်ဖြစ်တဲ့ ငါ့ရဲ့ မျက်ဝန်းညို ဆိုတဲ့ သီချင်းလေးကို ထွက်ရှိထားတာဖြစ်ပြီး ပရိသတ်တွေကြားမှာလည်း ပေါက်နေတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။သူမက နောက်ထပ် သင်္ကြန် သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ " အသဲလေးအေးသွားတဲ့ အထိပက် ဆိုတဲ့ သီချင်းလေးကို ကိုယ်တိုင်းရေးပြီး သီဆိုထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကို ဒီတစ်ခါ ဖော်ပြပေးချင်တဲ့ သီချင်းလေးက တော့ အရင်တုန်းက အသည်းအသန်ချစ်ခဲ့ရတဲ့ ချစ်သူဟောင်းနဲ့ ပြန်တွေ့တဲ့ အခါ ခံစားရတဲ့ ခံစားချက်ကို ရေးထားတဲ့ သီချင်းလေး တစ်ပုဒ်ဖြစ်တဲ့ " သို့'' ဆိုတဲ့ သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

သို့

မိုမိုလေးရဲ့ ပရိသတ်ကြီးတွေထဲကလည်း ကိုယ့်ရဲ့ ရည်စားဟောင်းနဲ့ ပြန်တွေ့တဲ့အခါ ဒီသီချင်းလေးထဲက စာသားလေးလိုပဲ ဖြစ်မယ်ထင်တယ်နော်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။