မိန်းကလေးတွေနဲ့ လိင်ဆက်ဆံတဲ့အကြောင်းကို Lee Jonghuyn နဲ့ Jung Joon Young တို့ ထမင်းစား၊ ရေသောက်သဖွယ်ပြောနေတဲ့ Message များ ပေါ်ထွက်

Posted on - Mar 14 []

Zue

စာရေးသူ

CNBLUE ရဲ့ Lee Jonghyun နဲ့ Jung Joon Young တို့ ၂ ယောက်ဟာ မိန်းကလေးတွေနဲ့ လိင်ဆက်ဆံခဲ့တဲ့အကြောင်းကို ထမင်းစား ရေသောက်သဖွယ် ပြောနေတဲ့ Chat တွေဟာ SBS News ကနေတဆင့် ပေါ်ထွက်လို့လာခဲ့ပြီ ဖြစ်ပါတယ်။

ထို စာတွေထဲမှာတော့ Lee Jong Hyun နဲ့ Jung Joon Young တို့ ၂ ယောက်ဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက်ကို သက်မဲ့ပစ္စည်းတစ်ခုသဖွယ်သဘောထားပြီး လိင်ဆက်ဆံတဲ့အကြောင်းကို အေးဆေးပြောနေကြတဲ့အပြင် နောက်ထပ်မိန်းကလေးအသစ်တွေကို ရှာဖွေနေကြောင်းကိုလည်း ပြောထားကြပါတယ်။

ထို Chat Room ထဲကို ဒီမနက်ပိုင်းကမှ အေဂျင်စီကနေရော FTISLAND အဖွဲ့ကနေရော ထွက်ခွာသွားခဲ့တဲ့ Choi Jong Hoon က အိပ်ပျော်နေတဲ့ အမျိုးသမီးတစ်ယောက်ပုံကို ပို့ခဲ့ပါတယ်။ အဲဒီအခါမှာတော့ သူတို့နဲ့ အလိုတူအလိုပါတစ်ယောက်ဖြစ်တဲ့ Mr. Heo က "အဲဒါဘယ်သူလဲ။ ဘော်ဒီက အမိုက်စားပဲ" လို့ ပို့ခဲ့ပါတယ်။ ထိုအခါမှာတော့ Choi Jong Hoon က "မနေ့က တစ်ယောက်လေကွာ' လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ထိုစာတွေနဲ့အတူ နောက်ထပ်ပေါ်ထွက်လာတာတွေကတော့ Lee Jong Hyun နဲ့ Jung Joon Young တို့ ပြောထားတာတွေပါပဲ။

Lee Jonghyun: မနေ့က ငါ xxxxx တို့နဲ့ ဆက်ဆံခဲ့တယ်။

Jung Joon Young: ကောင်းလိုက်တာ....နောက်တစ်ခါ သူတို့ကို ငါနဲ့ မိတ်ဆက်ပေး။

Lee Jonghyun: ငါ့ကို ကောင်မလေးတစ်ယောက်လောက်ပေးစမ်းပါ။ xxxx လို ကောင်မမျိုးပေါ့။

Jung Joon Young: မင်းအတွက် ဘယ်သူ့ကို ပေးရမလဲ။

Lee Jonghyun: မင်းနဲ့ မအိပ်ရသေးတဲ့ကောင်မလေးမျိုးပေါ့။ အိပ်ပြီးပြီဆိုရင်လည်း လှရင် အဆင်ပြေပါတယ်။

Lee Jonghyun: ငယ်လည်းငယ် လှလည်းလှတဲ့ မိန်းကလေးမျိုးမရှိဘူးလား။ ကစားလို့ကောင်းတဲ့ မိန်းမမျိုးပေါ့။

ဒီကိစ္စတွေ မထွက်ပေါ်လာခင် မတ်လ ၁၂ ရက်နေ့တုန်းက FNC Entertainment ဟာ ဒီ Chat Room အမှုမှာ Lee Jonghyun အနေနဲ့ ပါဝင်ပတ်သတ်မှုမရှိကြောင်းကို ထုတ်ပြန်ကြေငြာပေးထားခဲ့ဖူးပါတယ်။

FNC Entertainment အနေနဲ့ ဘယ်လို ဖြေရှင်းချက်တွေနဲ့ ထုတ်ပြန်လာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Ref : Soompi
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။