ချန်ပီယံလိဂ်တွင် All-English Final ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ဝန်ခံသွားခဲ့တဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်

Posted on - Mar 14 []

Htoo Yan Ag

စာရေးသူ

အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ နည်းပြဖြစ်သူ ဂါရတ်ဆောက်ဂိတ်ဟာ ယခုနှစ်ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်္ဂလန်ကလပ် အသင်းအချင်းချင်း ပြန်လည်တွေ့ဆုံမှာကို စိုးရိမ်မိကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ယခုနှစ်ချန်ပီယံလိဂ်မှာတော့ ပရီးမီးယားလိဂ်ကလပ်လေးသင်းလုံး အခြေအနေကောင်းမွန်လျက်ရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို အသီးသီး တက်ရောက်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဟာ UEFA National League ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ထားတာဖြစ်ပြီး လာမယ့် ဇွန်လ၇ရက်နေ့မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒါဟာ ဇွန်လ၂ရက်နေ့မှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲနဲ့ ၅ရက်သာ ကွာဟနေတာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကိုသာ အင်္ဂလန်ကလပ်နှစ်သင်း တက်ရောက်သွားမယ်ဆိုရင် သူ့ရဲ့လက်ရွေးစင်ကစားသမားအများစု ပွဲပန်းမှာ စိုးရိမ်တာကြောင့် မတွေ့ဆုံလိုနေတာ ဖြစ်ပါတယ်။ " ကျွန်တော့်ရဲ့ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါပြီ။ ဒီပြိုင်ပွဲဟာ ကျွန်တော်တို့အတွက် တကယ့်ကိုအရေးပါတဲ့ ပြိုင်ပွဲတစ်ခုပါ။ "

" တကယ်လို့များ ကျွန်တော့်အသင်းဟာ နယ်သာလန်ကို ကျော်ဖြတ်ပြီး ဖိုင်နယ်ကိုရောက်သွားမယ်ဆိုရင် နောက်ထပ်သုံးရက်အကြာမှာ ပေါ်တူဂီ ၊ ဒါမှမဟုတ်ရင် ဆွစ်ဇာလန်အသင်းတွေနဲ့ ကန်ရမှာ ဖြစ်တာကြောင့် ကျွန်တော့်ကစားသမားတွေ ကြ့ခိုင်မှုပြည့်ဝနေဖို့လိုပါတယ်။ အခုအချိန်မှာ ပရီးမီးယားလိဂ်ကလပ် လေးသင်းလုံးက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါတယ်။ "

" ကျွန်တော့်ရဲ့ အသင်းမှာ အဲ့ဒီ့လေးသင်းက ကစားသမားအများစုပါဝင်နေပြီး သူတို့ထဲကနှစ်သင်းသာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်သွားခဲ့ရင် ကျွန်တော့်ကစားသမားတွေ အရမ်းပင်ပန်းပါလိမ့်မယ်။ ဒါကြောင့် All-English Final ကို မမြင်တွေ့လိုပါဘူး။ " လို့ ဆောက်ဂိတ်က ဝန်ခံပြောကြားသွားခဲ့ပါတယ်။ လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ မန်ချက်စတာယူနိုက်တက် ၊ တော့တင်ဟမ်ဟော့စပါး ၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေဟာ ပြိုင်ဘက်တွေကို အသီးသီး အနိုင်ယူကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်တာပဲ ဖြစ်ပါတယ်။

REF : mirror
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။