ပရိသတ်တွေ အရူးအမူးစောင့်မျှော်နေခဲ့ရတဲ့ Avengers: Endgame ရုပ်ရှင်ရဲ့ Trailer ထွက်ရှိလာ

Posted on - Mar 14 []

Douglas Thura

စာရေးသူ

သင်ဟာ အနောက်တိုင်းရုပ်ရှင်ချစ်ပရိသတ်တစ်ယောက်ဆိုရင် MCU ရဲ့ Avengers ရုပ်ရှင်တွေကိုလည်း မလွတ်တမ်းအားပေးကြမယ်ဆိုတာ အထူးပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ထွက်ရှိသမျှအပိုင်းတိုင်းဟာလည်း Box Office မှာ ၀င်ငွေဒေါ်လာတွေ ဘီလျံချီတဲ့အထိ သောက်သောက်လဲအောင်မြင်တဲ့ Avengers ရုပ်ရှင်တွေရဲ့ တတိယမြောက် Sequel ဖြစ်တဲ့ Infinity War ရုပ်ရှင်ဟာလည်း ပထမအပတ်အနေနဲ့ ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေ ဒေါ်လာသန်းပေါင်း(600) ကျော် ပြန်လည်ရရှိခဲ့ပြီး အဖွင့်ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ Avengers ရုပ်ရှင်ဇာတ်ကား အခုလိုအောင်ပွဲခံနိုင်တာလည်း ဇာတ်ကားထဲက သရုပ်ဆောင်တွေရဲ့ Acting Skill တွေဟာ လက်ဖျားခါရလောက်အောင် ကောင်းမွန်တာကြောင့်လည်းဖြစ်ပါတယ်။ Infinity War ရုပ်ရှင်ရဲ့ အဆုံးသတ်ဟာ ပရိသတ်တွေကို အားမလိုအားမရဖြစ်စေခဲ့တာကြောင့် ပရိသတ်တွေဟာ နောက်ထပ်ထွက်ရှိလာမယ့် Avengers အပိုင်းဆက်ကို စောင့်မျှော်နေခဲ့ကြရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီနေ့ မှာတော့ ပရိသတ်တွေ စောင့်မျှော်နေခဲ့ရတဲ့ ကာလတွေကုန်ဆုံးတော့မယ်လို့ ဆိုရမှာပါ။ အကြောင်းအရင်းကတော့ Infinity War ရဲ့ အပိုင်းဆက်ဖြစ်တဲ့ Avengers: Endgame ရုပ်ရှင်ရဲ့ Official Trailer ထွက်ရှိလာပြီဖြစ်တာကြောင့်ပါပဲ။

ယခုထွက်ရှိလာတဲ့ Trailer ထဲမှာတော့ Infinity War ထဲမှာ ကျန်ရှိနေခဲ့တဲ့ Avengers အဖွဲ့ သားတွေ အားလုံးကိုမြင်တွေ့ ရမှာဖြစ်ပြီး Thanos ကို ရင်ဆိုင်ဖို့ အတွက် အသင့်ပြင်နေတဲ့ အခြေအနေမျိုးကိုမြင်တွေ့ ရမှာဖြစ်ပါတယ်။ ပရိသတ်တွေရင်ခုန်စိတ်လှုပ်ရှားစေမယ့် ဇာတ်ဝင်ခန်းမျိုးကိုတော့ မတွေ့ ရသေးပေမယ့်လည်း Marvel Studio ရဲ့ ထုံးစံအတိုင်း Special Effect တွေများစွာသုံးထားတဲ့ အမိုက်စားရိုက်ချက်တစ်ချို့ ကိုတော့ ယခု trailer ထဲမှာ မြင်တွေ့ ရမှာပါ။

ဒါ့အပြင် လတ်တလောရေပန်းစားနေတဲ့ Captain Marvel ကိုလည်း Thor, Black Widow တို့ နဲ့ အတူ Trailer ထဲမှာ မြင်တွေ့ ရမှာဖြစ်ပါတယ်။(Captain Marvel ရုပ်ရှင်ဟာ ယခုလတ်တလောမှာလည်း မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေတော်တော်များများမှာ ရုံတင်ပြသနေဆဲဖြစ်ပါတယ်)

Endgame trailer ဟာ ပရိသတ်တွေကို စိတ်ကျေနပ်မှုအပြည့်အ၀မပေးနိုင်သေးရင်တောင်မှ ပရိသတ်တွေအနေနဲ့ Avengers အဖွဲ့ သားတွေကို မြင်တွေ့ ရတာနဲ့ တင် ပျော်ရွှင်ကြည်နူးနေကြမှာ အမှန်ပါပဲ။ Endgame ရုပ်ရှင်ဟာ လာမည့် April လ၊ (၂၄) ရက်နေ့ မှာ ကမ္ဘာအနှံ့ ရုံတင်ပြသသွားမှာဖြစ်ပြီး Infinity War ရဲ့ ဝင်ငွေ 2 Billion ကျော်($2,048,359,754) ကို ကျော်လွန်နိုင်မလားဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပါ။(Avengers: Endgame ရုပ်ရှင်ရဲ့ trailer ကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် အောက်မှာတင်ပေးလိုက်ပါတယ်နော်)

Marvel Studios' Avengers: Endgame - Official Trailer

Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။