နတ်သမီးလေးတစ်ပါးလို ခမ်းနားလှပလွန်းတဲ့ ဖက်ရှင်မျိုးနဲ့ ပွဲတက်လာတဲ့ Taylor Swift

Posted on - Mar 15 []

Douglas Thura

စာရေးသူ

အချစ်နတ်ဆိုးမလေးလို့ တင်စားရအောင် ချစ်ရေးချစ်ရာကိစ္စတွေမှာ ရှုပ်ထွေးလွန်းလှတဲ့ ကမ္ဘာကျော်ပေါ့ပ်အဆိုမလေး Taylor Swift ဟာ လက်ရှိမှာတော့ မင်းသားချော Joe Alwyn နဲ့ လက်တွဲနေတာဖြစ်ပြီး ချစ်သူသက်တမ်း(၂)နှစ်ကျော်တောင် ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် တေလာတစ်ယောက် Joe ကိုပဲ အတည်ယူလိုက်တော့မှာလားဆိုပြီး ပရိသတ်တွေကလည်း ရင်ခုန်စွာနဲ့ သိချင်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာ Musical ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Cats ကို ရိုက်ကူးနေတဲ့ တေလာဟာ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ကျင်းပခဲ့တဲ့ 2019 iHeartRadio Music Awards ဆုပေးပွဲကို ခမ်းနားလှပလွန်းတဲ့ Rosa Bloom ‘Mella Cape Playsuit’ ၀တ်စုံကိုဝတ်ပြီး တက်ရောက်လာတာတွေ့ ရပါတယ်။

Taylor ၀တ်လာတဲ့ Mella Cape Playsuit ဟာ တန်ဖိုး £185 ရှိပြီး မြန်မာငွေနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင်တော့ ကျပ်(၃)သိန်းကျော်လောက် ကျသင့်မှာဖြစ်ပါတယ်။

လက်စွပ်တွေရဲ့ တန်ဖိုးစုစုပေါင်းကို တွက်ကြည့်လိုက်မယ်ဆိုရင်တော့ မြန်မာငွေ ကျပ်သိန်း(၉၀)နီးပါး ကျသင့်တာကို တွေ့ ရပါတယ်။

ဝတ်စုံနဲ့ လိုက်ဖက်လွန်းပြီး Taylor ကို နတ်သမီးလေးတစ်ပါးလို လှပနေစေခဲ့တဲ့ Sophia Webster Silver Mirror Leather ဖိနပ်လေးရဲ့ တန်ဖိုးကတော့ မြန်မာငွေနဲ့ တွက်ကြည့်မယ်ဆိုရင် ကျပ်(၁၂)သိန်းကျော်လောက် ကျသင့်မှာဖြစ်ပါတယ်။

ဝတ်စုံနဲ့ လိုက်ဖက်နေအောင် Taylor ဟာ သူမရဲ့ ဆံပင်အဖျားလေးတွေကိုလည်း ပန်းနုရောင်ဆေးဆိုးလာတာကို တွေ့ ရပါတယ်။

တစိမ့်စိမ့်ငေးကြည့်ချင်နေစရာကောင်းအောင်ကို လှရက်လွန်းနေတဲ့ Taylor

အသက်ဝင်နေတဲ့ ဘာဘီအရုပ်မလေးလိုပါပဲလား Taylor ရယ် ...

အဆိုပါ 2019 iHeartRadio Music Awards ဆုပေးပွဲမှာ Taylor ဟာ Best Music Video ဆုနဲ့ Tour Of The Year ဆုတို့ ကိုလည်း ရရှိခဲ့ပါသေးတယ်။

ဂီတလောကရဲ့ အကြီးမားဆုံးဆုဖြစ်တဲ့ Grammy ဆု(၁၀)ဆုပိုင်ရှင် Taylor ဟာ လက်ရှိမှာ Cats ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအနေနဲ့ လည်း ရုပ်ရှင်လောကရဲ့ အကြီးမားဆုံးဆုဖြစ်တဲ့ Oscar ဆုပေးပွဲမှာ တေလာအတွက် အခုတည်းက မျှော်လင့်လို့ ရပြီလို့ ဆိုရမှာပါ။ လက်ရှိမှာလည်း Album အသစ်ထွက်ရှိတော့မယ်လို့ သတင်းတွေပြန့် နှံ့ နေတာဖြစ်ပြီး တစ်ကယ်ထွက်ရှိလာမယ်ဆိုရင်တော့ 2019 ခုနှစ်ဟာ Taylor ရဲ့ ပရိသတ်တွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ ပြည့ှ်နှက်နေမှာအမှန်ပါပဲ။

Ref : Popsugar
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။