Jung Joon Young တို့ Chat Room ထဲမှာ Lee Jong Hyun ပါဝင်နေတာနဲ့ ပတ်သတ်ပြီး အေဂျင်စီမှာ ဖြေရှင်းချက်ထုတ်ပြန်

Posted on - Mar 15 []

Zue

စာရေးသူ

CNBLUE ရဲ့ အဖွဲ့ဝင် Lee Jong Hyun တစ်ယောက် အမျိုးသမီးတွေနဲ့ အရင်တုန်းက လိင်မှုကိစ္စရှိခဲ့တာကို Jung Joon Young နဲ့ ပြန်လည်ပြောခဲ့တဲ့ message တွေဟာ မတ်လ ၁၄ ရက်နေ့ မနေ့တုန်းက SBS News ကနေတဆင့် ထွက်ပေါ်လာခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သတ်ပြီး Lee Jong Hyun ရဲ့ အေဂျင်စီဖြစ်တဲ့ FNC Entertainment ကနေပြီးတော့ ဒီနေ့ မတ်လ ၁၅ ရက်နေ့မှာတော့ တရားဝင်ဖြေရှင်းချက်ကို ထုတ်ပြန်ပေးလိုက်ပြီ ဖြစ်ပါတယ်။

'မတ်လ ၁၂ ရက်နေ့တုန်းက ကျွန်တော်တို့ အေဂျင်စီရဲ့ အနုပညာရှင် Lee Jong Hyun ဟာ Chat Room ထဲမှာ ပါဝင်တဲ့အနုပညာရှင်တွေနဲ့ခင်မင်ရင်းနှီးမှုဟာ သာမန်အဆင့်သာရှိပြီး ဒီကိစ္စနဲ့ ပတ်သတ်မှုမရှိဘူးဆိုတာကို ကျွန်တော်တို့ဘက်နေ တရားဝင်ဖြေရှင်းချက်တစ်ခုကို ထုတ်ပြန်ပေးခဲ့ပါတယ်။'

"ထိုကြေညာချက် မထုတ်ပြန်ခင်အချိန်တုန်းက လက်ရှိအချိန်မှာ စစ်မှုထမ်းဆောင်နေတဲ့ Lee Jong Hyun ဆီကို ရဲတွေက မတ်လ ၁၂ နေ့ နေ့လည်အထိ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ထိုအချိန်တုန်းက ရဲတွေလက်ထဲမှာရှိနေတဲ့ တစ်ယောက်ချင်းပြောထားတဲ့ Message [one-on-one conversations] ခန့်မှန်းချေ အစောင် ၂၀ ကို စစ်ဆေးပြီးတဲ့နောက်မှာတော့ သူ့ဆီမှာ (Jonghyun) တရားမ၀င် ချောင်းရိုက်ထားတဲ့ ဗီဒီယိုတွေ၊ ရရှိထားတဲ့ ဗီဒီယိုတွေနဲ့ ပြဿနာဖြစ်စေတဲ့ စကားတွေ မတွေ့ရှိခဲ့တာကြောင့် အထက်ပါ ကြေညာချက်ကို ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်"

"Lee Jong Hyun ထို Chat Room ထဲက သူကိုယ်တိုင် ထွက်ခဲ့တာက လွန်ခဲ့တဲ့ (၄) နှစ် (၅)နှစ်လောက်ကတည်းကမို့လို့ ထိုအချိန်တုန်းက KakaoTalk ပြောခဲ့တာတွေကို အတိအကျသိရှိပြီး အတည်ပြုပေးဖို့က ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် အေဂျင်စီအနေနဲ့ သူ မှတ်မိတဲ့အကြောင်းအရာတွေကို အခြေပြုပြီးတော့သာ ကြေညာချက်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အမှန်တရားကို လျှို့ဝှက်လိုစိတ် အမှားကို ဖုံးကွယ်ထားလိုစိတ်တွေ မရှိခဲ့ပါဘူး။"

'မတ်လ ၁၄ ရက်နေ့မှာ SBS ကနေ သတင်းတွေ ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ Lee Jong Hyun ဆီကို ကျွန်တော်တို့ ဆက်သွယ်ပြီး ဖြစ်ရပ်အမှန်ကို အတည်ပြုခဲ့ပါတယ်။ သတင်းတွေမှာပါတဲ့အတိုင်း KakaoTalk ကနေတဆင့် တရားမ၀င် ချောင်းရိုက်ထားတဲ့ ဗီဒီယိုကြည့်တာတွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ပြောထားတာတွေ၊ အမျိုးသမီးတွေကို သိက္ခာကျစေတဲ့စကားပြောတာတွေလိုမျိုး ပြစ်မှုတွေကို သူ ကျူးလွန်ခဲ့ပါတယ်။'

"သူသာ တကယ်လို့ လိင်ပိုင်းဆိုင်ရာဥပဒေနဲ့ ပတ်သတ်ပြီး အသေအချာနားလည်ခဲ့မယ့် ဒီကိစ္စမှာ ပွဲကြည့်ပရိသတ်တစ်ယောက် ဖြစ်နေခဲ့မှာမဟုတ်ပါဘူး။ ဒါကိုလည်း သူ့အနေနဲ့ အခု နောင်တရနေပါပြီ။ သူ့ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေဖြစ်ခဲ့တဲ့သူတွေ၊ စိတ်ပျက်စေခဲ့တဲ့သူတွေကိုလည်း သူ့အနေနဲ့ အလေးအနက်တောင်းပန်ထားပါတယ်"

'Jong Hyun ဟာ အခုဆိုရင် သူ့ရဲ့ လုပ်ရပ်တွေကြောင့် အများပြည်သူရဲ့ အပြစ်တင်မုန်းတီးခြင်းကို ခံနေရပြီး သူကိုယ်တိုင်လည်း သူ့ရဲ့လုပ်ရပ်တွေအတွက် နောင်တရပြီး ရှက်ရွံ့နေပါတယ်။ လူသိများတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ရှေ့ဆက်ပြီး သူ့ရဲ့ အပြုအမူတွေ ပြောစကားတွေကို ဂရုစိုက်သွားမှာဖြစ်ပြီး သူ့အမှားတွေအတွက်လည်း ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ခံယူသွားမှာဖြစ်ပါတယ်" လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Ref : Soompi
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။