iHeart Radio Music Awards မှာ ဆုရရှိခဲ့တဲ့ Tiffany နဲ့BTS ပရိတ်သတ်များ

Posted on - Mar 15 []

Theingi Kyaw

စာရေးသူ

၂၀၁၉ခုနှစ်ရဲ့ iHeart Radio Music Awards ကို မတ်လ ၁၄ရက်နေ့ Los Angeles မှာကျင်းပခဲ့ပါတယ်။ အဆိုပါဆုပေးပွဲမှာ Tiffany ဟာ Best Solo Breakout award မှာ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ တစ်ဦးတည်းသော အာရှသားဖြစ်ပါတယ်။ အခုတော့ ဟောလိဝုဒ်မှာ အမေရိကန်အဆိုတော်အနေနဲ့ ပွဲဦးထွက်နေပြီပေါ့နော်။ BTS ရဲ့ ပရိတ်သတ်တွေကလည်း အကောင်းဆုံးပရိတ်သတ်တွေအနေနဲ့ ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။

Best Solo Breakout award ကို ရရှိသွားတဲ့ Tiffanny

အဆိုပါ ဆုကိုရရှိသွားတဲ့အချိန်မှာ TIffany ဟာ အရမ်းကို ရှောခ့်ရသွားခဲ့ပါတယ်။ သူမကယခုလိုပဲကျေးဇူးတင်ခဲ့စကားပြောခဲ့ပါတယ်။ "ဒီအခိုက်အတန့်လေး....!!!! ကျွန်မရဲ့ ပရိတ်သတ်တွေအားလုံး နဲ့ K-Pop ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မင်းတို့ အားလုံးတူတူ သိပ်ကို လှလှပပနဲ့ လာခဲ့ကြတာပဲ။ ပြီးတော့ ဒီလိုအခွင့်အရေးတွေနဲ့ ပြောင်းလဲမှုကို ဖန်တီးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ မင်းတို့အားလုံးက ပြောင်းလဲစေတာပါပဲ။" လို့ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

Best Solo Breakout ဆုအတွက်ကျေးဇူးတင်စကားပြောခဲ့တဲ့ Tiffany

Best Fan Army award - ARMY [BTS’s official fan club name]

ARMY [BTS ရဲ့ တရားဝင် fan club နာမည်ဖြစ်တဲ့ ARMY မှ Best Fan Army award ကို ရရှိခဲ့ပါတယ်။ အဆိုပါဆုဟာ အတက်ကြွဆုံးနဲ့ အာအပေးနိုင်ဆုံးသော ပရိတ်သတ်အုပ်စုကို ဆုပေးခဲ့တာဖြစ်ပြီး BTS ရဲ့ ပရိတ်သတ်တွေဖြစ်တဲ့ ARMY တွေဟာ Ariana Grande ရဲ့ Arianators, Justin Bieber ရဲ့ Beliebers, နဲ့ Taylor Swift ရဲ့ Swifties အစရှိတဲ့ ပရိတ်သတ်တွေကို ကျော်ဖြတ်ပြီး ဆုရခဲ့တာဖြစ်ပါတယ်။

BTS အဖွဲ့သားတွေကလည်း သူတို့ရဲ့ ပရိတ်သတ်တွေအတွက်ယခုလိုပဲဂုဏ်ယူစကားပြောကြားခဲ့ပါတယ်။ "ငါတို့လည်း မင်းတို့အတွက် အရမ်း ဂုဏ်ယူရပါတယ်။ မင်းတို့တွေစဉ်ဆက်မပြတ်ပေးတဲ့ အချစ်တွေနဲ့ အားပေးမှုတွေသာမရှိရင် ဒီလိုမျိုးတွေတောင်လုပ်နိုင်မှာမဟုတ်ပါဘူး။" လို့ပြောကြားလာခဲ့ပါတယ်။

#BTSArmy Win The Choice Award For Best Fandom

ဒီနှစ်ဟာဆိုရင်တော့ ARMY တို့ ဆုရရှိခဲ့တာ ၂နှစ်မြောက်ပါ။ လွန်ခဲ့တဲ့နှစ်ကiHeart Radio Music Awards မှာပဲ အကောင်းဆုံး FANDOM ဆုရသွားပြီး BTS ကလည်း အကောင်းဆုံးအမျိုးသားအဖွဲ့ဆုကိုရရှိသွားပါတယ်။

GI GI(momolay)
Source : Soompi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။