ကွာတားဖိုင်နယ်အဆင့်တွင် မန်ချက်စတာယူနိုက်တက် (သို့မဟုတ်) ပေါ်တိုနှင့်သာ တွေ့ဆုံလိုနေသည့် ဘာစီလိုနာအသင်းသားများ

Posted on - Mar 15 []

Htoo Yan Ag

စာရေးသူ

ဘာစီလိုနာအသင်းရဲ့ ကစားသမားများဟာ လာမယ့်ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် မန်ချက်စတာယူနိုက်တက် (သို့မဟုတ်) ပေါ်တိုနှင့်သာ တွေ့ဆုံလိုနေကြောင်း ပြောကြားသွားခဲ့ပါတယ်။စပိန်မီဒီယာတစ်ခုဖြစ်တဲ့ AS သတင်းစာမှာတော့ ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက် (သို့မဟုတ်) ပေါ်တို နဲ့သာ တွေ့ဆုံမယ်ဆိုရင် အလွန်ကျေနပ်မိမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပေါ်တိုအသင်းတို့ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့်မှာ ပြိုင်ဘက်အသင်းတွေကို ပထမအကျော့ရှုံးနိမ့်နေရာမှ ဒုတိယအကျော့မှာ ပြန်လည် come back နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ ၂ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ နောက်ဆုံးမိနစ် ပင်နယ်တီဂိုးနဲ့ ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။

ပေါ်တိုအသင်းကလည်း ရိုးမားအသင်းကို အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရပေမယ့် အိမ်ကွင်းမှာတော့ (၂-၁)ဂိုးနဲ့ ပြန်လည် အနိုင်ရရှိခဲ့ပြီး အချိန်ပိုဆက်လက် ကစားခဲ့ရကာ အချိန်ပိုမှာတော့ ပင်နယ်တီရရှိခဲ့ပြီး တဲလက်စ်က အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဘာစီလိုနာအသင်းကလည်း လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ (၅-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့တာပါ။

AS သတင်းစာမှာတော့ ဘာစီလိုနာအသင်းရဲ့ ကစားသမားများဟာ ရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ် ၊ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းတို့ကို ရှောင်လွှဲလိုနေပြီး မန်ချက်စတာယူနိုက်တက် (သို့မဟုတ်) ပေါ်တိုအသင်းတို့နှင့်သာ တွေ့ဆုံလိုနေတာ ဖြစ်ကြောင်း ဖော်ပြသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုများကိုတော့ ယနေ့ညနေမှာ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

REF : AS sportnews
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။