မိခင်ဖြစ်သူနဲ့ ညီမလေးကို ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ One Direction အဖွဲ့ ဝင် Louis Tomlinson

Posted on - Mar 15 []

Douglas Thura

စာရေးသူ

ကမ္ဘာကျော်အဆိုတော်အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ One Direction အဖွဲ့ ဟာ လတ်တလောမှာ ဂီတလောကကနေ အနားယူနေတယ်ဆိုပေမယ့် အဖွဲ့ ဝင်တစ်ဦးချင်းစီကတော့ solo career တွေအတွက် အပြိုင်အဆိုင်လှုပ်ရှားနေကြတာကို တွေ့ ရပါတယ်။ 1 D အဖွဲ့ ဝင်တွေထဲမှာ Louis Tomlinson ဟာလည်း လူကြိုက်အများဆုံးအဖွဲ့ ဝင်ဖြစ်ပြီး အခုလတ်တလောမှာတော့ Louis တစ်ယောက် ၀မ်းနည်းကြေကွဲစရာဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။

အကြောင်းအရင်းကတော့ Louis ရဲ့ ညီမအရင်းဖြစ်သူ Félicité Tomlinson ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ က လန်ဒန်မြို့ က သူမရဲ့ တိုက်ခန်းမှာရှိနေစဉ် heart attack ဖြစ်ပြီး ရုတ်တရက်ဆုံးပါးသွားခဲ့တာကြောင့်ပါပဲ။ ရဲတွေဟာ နီးစပ်ရာ သူမရဲ့ ဆွေမျိုးသားချင်းတွေကို အကြောင်းကြားခဲ့ပြီး သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ လည်း ဆိုပါတယ်။

Félicité Tomlinson ဟာ မော်ဒယ်တစ်ယောက် ဖြစ်သလို social media influencer တစ်ယောက်လည်းဖြစ်ပြီး သူမရဲ့ အင်စတာဂရမ်မှာ follower ပေါင်း 1.3 million ကျော်တောင် ရှိတာဖြစ်ပါတယ်။ အခုဆုံးပါးသွားတဲ့အချိန်မှာ သူမရဲ့ အသက်ဟာ (၁၈)နှစ်သာ ရှိပါသေးတယ်။

Louis ရဲ့ မိခင်ဖြစ်သူ Johannah Deakin ဟာ အသက်(၄၂)နှစ်အရွယ်မှာပဲ သွေးကင်ဆာနဲ့ ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး အခုအချိန်မှာလည်း ညီမအရင်းဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရပြီဖြစ်တာကြောင့် Louis အနေနဲ့ ပြောမပြတတ်လောက်အောင်ကို ကြေကွဲခံစားနေရမှာအမှန်ပါပဲ။ Louis ကိုချစ်ကြတဲ့ မိုမိုလေးပရိသတ်ကြီးကလည်း Louis အတွက် အားပေးစကားလေးတွေ ပြောသွားခဲ့ကြပါဦးနော်။

Ref : EOnline
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။