လိင်ပိုင်းဆိုင်ရာအမှုတွေ ကျူးလွန်ထားတဲ့ Lee Jong Hyun ကို CNBLUE ကနေ ထွက်သွားပေးဖို့အတွက် ပရိသတ်တွေတောင်းဆို

Posted on - Mar 15 []

Zue

စာရေးသူ

အမျိုးသမီးတွေကို တားမြစ်ဆေးတွေတိုက်ပြီး မုဒိမ်းကျင့်မှု၊ ချောင်းရိုက်ထားတဲ့ ညစ်ညမ်းဗီဒီယိုတွေကို Chat Room ထဲ ဖြန့်ဝေမှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ အဆိုတော် Jung Joon Young နဲ့ CNBLUE ရဲ့ အဖွဲ့ဝင် Lee Jong Hyun တို့ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ညစ်ညမ်းတဲ့စကားပြောထားတာတွေဟာ မနေ့က ညနေပိုင်းလောက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုထွက်ပေါ်လာတဲ့သက်သေတွေမှတဆင့် Lee Jong Hyun ဟာ အရင်တုန်းက ချောင်းရိုက်ထားတဲ့ ဗီဒီယိုတွေကို ကြည့်ပြီး မိန်းကလေးတွေကိုလည်း သက်မဲ့ပစ္စည်းတွေသဖွယ်သဘောထားပြီး လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ဖြစ်ရပ်တွေဟာလည်း ပေါ်လာခဲ့ပါတယ်။

ထိုဖြစ်ရပ်တွေပေါ်ထွက်လာပြီးတဲ့အခါမှာတော့ CNBLUE ရဲ့ တချို့သော ပရိသတ်တွေဟာ Lee Jong Hyun ကို အဖွဲ့ကနေ ထွက်ခွာသွားဖို့အတွက် အခုလက်ရှိမှာ တောင်းဆိုနေကြပြီ ဖြစ်ပါတယ်။ 'Lee Jong Hyun ဟာ လူသိများတဲ့ အနုပညာရှင်တစ်ယောက် CNBLUE ရဲ့ အဖွဲ့ဝင်တစ်ယောက် အဆိုတော်တစ်ယောက်ဖြစ်နေရဲ့သားနဲ့ သူ့ရဲ့ တာဝန်တွေကို မေ့လျော့ခဲ့ပြီး ပြစ်မှုတွေကို ကျူးလွန်ကာ CNBLUE နဲ့ FNC Entertainment တို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပါတယ်"

"1:1 chatroom ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဖော်ထုတ်ခံခဲ့ရဲ့ သူဟာ သူ့ကိုယ်သူ လူသိများတဲ့သူတစ်ယောက်ဆိုတာကို မေ့လျော့နေခဲ့ပြီး အမျိုးသမီးတွေကို သက်မဲ့ပစ္စည်တွေသဖွယ်သဘောထားပြီး စော်ကားခဲ့ပါတယ်။ အပြစ်တွေ ကျူးလွန်ခဲ့ပေမယ့်လည်း တောင်းပန်တာပဲဖြစ်ဖြစ် တာဝန်ယူတာပဲဖြစ်ဖြစ် မလုပ်ပဲ နှုတ်ဆိတ်နေခဲ့ပါတယ်။"

"ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကနေ ထွက်ပေါ်လာတဲ့ သူ့ရဲ့လုပ်ရပ်တွေကို ကျွန်မတို့အနေနဲ့ လက်မခံနိုင်ပါဘူး။ သူလုပ်ခဲ့တာတွေက အမျိုးသမီးပရိသတ်တွေဖြစ်တဲ့ ကျွန်မတို့တွေအတွက်ကတော့ တကယ်ကိုကြီးမားတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုကြီးပါပဲ"

"၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာတော့ Lee Jong Hyun ကို အဖွဲ့ကနေ ခဏတာရပ်နားတာမျိုးမဟုတ်ပဲ အပြီးတိုင်ထုတ်ပယ်ပေးဖို့အတွက် လေးနက်စွာတောင်းဆိုပါတယ်။ ဒါပေမယ့်လည်း ဒါက CNBLUE ရဲ့ တခြားအဖွဲ့ဝင်တွေရဲ့ အမြင်မဟုတ်ပါဘူး။ ကျန်တဲ့အဖွဲ့ဝင် ၃ ယောက်ရဲ့ အမြင်ကို ကျွန်မတို့လေးစားပါတယ်"

ဒီနေ့မနက်ပိုင်းမှာတော့ CNBLUE ရဲ့ အေဂျင်စီဖြစ်တဲ့ FNC Entertainment ကနေပြီးတော့ Jonghyun ဟာ ပြစ်မှုတွေကျူးလွန်ခဲ့တာ မှန်ကန်ကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။

Ref : Soompi
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။