ဦးဦး နေတိုးရဲ့ မျက်နှာကို အထူးအဆန်းနဲ့ တစိမ့်စိမ့်ကြည့်နေခဲ့တဲ့ မိုးမိုးသမီးလေး ဂျူးငယ်

Posted on - Mar 15 []

K Kay

စာရေးသူ

သရုပ်ဆောင် မင်းသားများဖြစ်ကြတဲ့ နေတိုး နဲ့ မိုးမိုးတို့ အနုပညာရှင် ညီအစ်ကိုနှစ်ယောက်ဟာဆိုရင် လွန်ခဲ့တဲ့ ခုနှစ်တွေမှာကတည်းကို အနုပညာအလုပ်တွေကို အတူတူ လက်တွဲလုပ်ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အတူတူလက်တွဲလုပ်ဖြစ်ခဲ့ကြတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ နောက်ပိုင်းမှာ သူ့အလုပ် ကိုယ့်အလုပ်တွေနဲ့မို့ သိပ်မတွေ့ဖြစ်တော့ဘဲ ဖြစ်ခဲ့ကြရတာပါ။ မတွေ့ဖြစ်တာကြာနေပြီဖြစ်တဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ မတ်လ ၁၁ ရက်နေ့မှာ သစ်တံခါး ဆရာတော် ဘုရားထံသို့ သွားရောက်ဖူးမျှော်ရင်း အတူတူ တွေ့ဆုံဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

သစ်တံခါးဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမျှော်ရင်း နေတိုးနဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ မိုးမိုးရဲ့ သမီးလေး ဂျူးငယ်ကတော့ ဦးဦးနေတိုးရဲ့ ပွေ့ချီမှုကို ခံခဲ့ရတာကြောင့် အထူးအဆန်းဖြစ်နေကြောင်းကို မိုးမိုးက " ဦးနေတိုးအား ထူးဆန်းနေသည့် မတ်မတ်ဂျုးငယ် 🥰🥰 " ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၁ နှစ်အရွယ်သာ ရှိသေးတဲ့ မိုးမိုးသမီးငယ်လေး ဂျူးငယ်က ဦးဦးနေတိုးကို ကြည့်စိုက်ကြည့်နေလိုက်တာများ အရမ်းကို ချစ်ဖို့ကောင်းလွန်းပါတယ်နော်။

သစ်တံခါး ဆရာတော် ဘုရားကြီးကို သွားရောက်ဖူးမျှော်ခဲ့ကြတဲ့ "နှင်းဆီရင်ခွင်" အငြိမ့်မှ အဖွဲ့သားများရဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်

လွန်ခဲ့တဲ့ ခုနှစ်တစ်ခုမှာကတည်းက အနုပညာအလုပ်တွေကို လက်တွဲမဖြုတ်ဘဲ အတွဲညီညီလုပ်ဆောင်ပေးထားခဲ့တဲ့ ပုံရိပ်လေးတွေကို မိုးမိုးက သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ သတိတရနဲ့ ပြန်လည်မျှဝေ ဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေမှာကတည်းက အနုပညာအလုပ်တွေကို အတူတူတွဲလုပ်ခဲ့တဲ့ မင်းသားချော နေတိုးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မြင်တွေ့ခွင့် ရလိုက်တဲ့အတွက် ပရိသတ်ကြီးလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဦးဦးနေတိုးကို အထူးအဆန်းနဲ့ တစ်စိမ့်စိမ့်ကြည့်နေခဲ့တဲ့ မိုးမိုးရဲ့ သမီးလေး ဂျူးငယ်ရဲ့ ပုံရိပ်လေးကိုကြည့်ရင်း အချစ်တွေပိုမိတယ်ဆိုရင် Share ပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အရင်ကတည်းက အနုပညာအလုပ်တွေကို လက်တွဲမဖြုတ်ဘဲ အတူတူလုပ်ခဲ့ကြတဲ့ နေတိုးနဲ့ မိုးမိုးတို့ကတော့ နောက်ရိုက်မယ့် ကားကြီးတစ်ကားဖြစ်တဲ့ "BOX.88" ရုပ်ရှင်ကားကြီးမှာ အတူတူရိုက်ကူး ပုံဖော်ပေးတော့မှာဖြစ်တဲ့အတွက် မိုမိုလေး ချစ်ပရိသတ်ကြီးလည်း ကျေနပ်နှစ်သက် သဘောကျမိမယ်လို့ ထင်ပါတယ်။

Kay Kay
Ref : Moe Sithu Kyaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။