Seungri ဟာ လှည့်ကွက်ထဲဝင်သွားပြီး ပြည့်တန်ဆာရှာပေးတယ်ဆိုတာ ထောင်ချောက်သာဖြစ်ကြောင့် ရှေ့နေမှပြောကြား

Posted on - Mar 15 []

Theingi Kyaw

စာရေးသူ

မတ်လ ၁၄ရက်နေ့မှာ Seungri ဟာ လွန်ခဲ့တဲ့ (၅)နှစ်ကတည်းက ပြည့်တန်ဆာရှာဖွေပေးတဲ့အလုပ်ကို လုပ်နေပါလို့ သတင်းတွေတက်လာခဲ့ပါတယ်။ အဆိုပါ စကားပြောကြတဲ့အထဲမှာ Seungri ဟာ ကောင်မလေးတွေ (ပြည့်တန်ဆာမလေးတွေ) ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ပြောပြနေပြီး သူတို့ရဲ့ ဈေးတွေကို နံပတ် တွေ တပ်ပေးနေတဲ့ စကားပြော message ထွက်လာခဲ့ပါတယ်။

Seungri ရဲ့ ရှေ့နေဖြစ်သူက ယခုလိုပဲပြောပြခဲ့ပါတယ်။ အဲ့ဒီအချိန်က Seungri ပေးပို့ခဲ့တဲ့ message တွေဟာ "CEO A" ရဲ့ အန္တာရာယ်ရှိတဲ့ မေးခွန်းတွေ (လှည့်ကွက်တွေ) ကြားကျရောက်သွားခဲ့ပြီး အဲ့ဒီလိုရလဒ်ဖြစ်လာတယ်လို့ပြောပြခဲ့ပါတယ်။

ရှေ့နေရဲ့ပြောကြားချက်အရ CEO A ဟာ Seungri ကို $1,756,319 USD လိမ်လည်သွားခဲ့တယ်လို့ဆိုပါတယ်။ ပြီးတော့ Seungri ရဲ့ message တွေကလည်း CEO A ရဲ့ အန္တာရာယ်ရှိတဲ့ မေးခွန်းတွေ (ပြောရမယ်ဆိုရင်တော့ လှည့်ကွက်တွေ) ကြားထဲကျရောက်သွားခဲ့တာပါ လို့ယခုလိုပဲပြောပြခဲ့ပါတယ်။

ပြည့်တန်ဆာရှာပေးတယ်လို့ စွပ်စွဲခံရတဲ့ Seungri ရဲ့ message

" CEO A ဖြစ်သူဟာ Seungri ကို ၂ဘီလီယံဝမ် လိမ်လည်ခဲ့ပါတယ်။ Seungri ဟာ သူ့ကို လိမ်လည်မှုနဲ့ တရားစွဲခဲ့ပေမယ့်လည်း တမင်သပ်သပ် ထောင်ခြောက်ဆင်ပြီးမေးထားတဲ့ မေးခွန်းတွေထဲကို ၀င်သွားခဲ့ပါတယ်။ ကြည့်ရတာတော့ အဆိုပါ CEO ဖြစ်သူက လိမ်လည်မှုနဲ့ တရားစွဲခံရပြီး ပြဿနာကြီးလာခဲ့ရင် အဲ့ဒီအကြောင်းကို ခြိမ်းခြောက်တဲ့နေရာမှာ အသုံးပြုဖို့ စေ့စေ့စပ်စပ်စီစဉ်ထားပုံပါပဲ။" လို့ Seungri ရဲ့ ရှေ့နေဖြစ်သူမှ ပြောကြားခဲ့ပါတယ်။

Seungri ဟာ ပြည့်တန်ဆာကောင်မလေးတွေရဲ့ဓာတ်ပုံတွေပို့တဲ့ message နဲ့ ပတ်သတ်ပြီး ရှေ့နေဖြစ်သူက ယခုလိုပဲရှင်းပြခဲ့ပါတယ်။ Seungri ဟာ CEO ဖြစ်သူရဲ့ လှည့်ကွက်တွေထဲရောက်သွားပြီး သူ့ရဲ့ ပိုက်ဆံတွေကို ပြန်ရလိုရငြား အင်တာနက်ပေါ်မှာ ပြန့်နှံ့နေတဲ့ ဓာတ်ပုံတွေကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ အပေးအယူဆိုတာလည်း တကယ်မဖြစ်ခဲ့ပါဘူးတဲ့။

"အင်တာနက်ပေါ်မှာ ပြန့်နေပြီး သူမသိတဲ့ ကောင်မလေးတွေရဲ့ဓာတ်ပုံတွေကို ဒီအတိုင်းပဲပို့လိုက်တယ်။ အပေးအယူတကယ်မဖြစ်ခဲ့ဘူး။ သူ့ရဲ့ ပိုက်ဆံ ၂ဘီလီယံဝမ် ရလိုရငြားလုပ်ခဲ့တာ။" လို့ရှေ့နေဖြစ်သူထံမှရှင်းပြခဲ့ပါတယ်။ လောလောဆယ်မှာတော့ Seungri ဟာ စစ်မှုထမ်းမယ့်ရက်ကို ရွေ့ဆိုင်းထားပြီး အဆုံးအထိ စစ်ဆေးရေးမှာ ပူးပေါင်း ပါဝင်သွားမှာဖြစ်ပါတယ်။

GI GI(momolay)
Source : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။