အသက်(၁၂)နှစ်ဝန်းကျင်သာရှိတဲ့ ပြည့်တန်ဆာမလေးများနဲ့ နာမည်ကြီးဆယ်လီတွေပါ ရှယ်ယာဝင်ထားတဲ့ ဂန်နမ်ကလပ်များ

Posted on - Mar 15 []

Theingi Kyaw

စာရေးသူ

Joo Won Kyu ဆိုတာ “Made in Gangnam” ဆိုတဲ့ ၀တ္ထုရေးသားသူဖြစ်ပါတယ်။ အဆိုပါစာရေးဆရာဖြစ်သူဟာ ဂန်နမ်ကလပ်လောကမှာ ၆လလောက်အလုပ်လုပ်ခဲ့ရပြီး ဂန်နမ်းကလပ်တွေရဲ့ အဖြစ်အပျက်တွေအားလုံးကို အဆိုပါစာအုပ်ထဲမှာ ဖွင့်ချခဲ့ပါတယ်။ သူ့ရဲ့ ၀တ္ထုအတွက် သုတေသန တွေရှာဖွေဖို့ရာ delivery သမား အနေနဲ့ကော ဖုန်းတွေနဲ့လမ်းချိတ်ရတဲ့ ပြည့်တန်ဆာကောင်မလေးတွေအတွက် ကားသမား အနေနဲ့ (၆)လကြာအလုပ်လုပ်ခဲ့ရပါတယ်။

Joo ရဲ့ပြောကြားချက်အရ Seungri ရဲ့ Burning Sun ပဋိပက္ခဟာ ရှုပ်ထွေးလွန်းလှတဲ့ ပြဿနာကြီးရဲ့ ကိစ္စအသေးအမွှားလေးသာရှိပါသေးတယ်။ မူးယစ်ဆေးဝါးတွေ တစ်မုန်းသုံးပြီး သောင်းကျန်းကြတဲ့ ပါတီတွေ၊ ပြည့်တန်ဆာတွေ၊ နဲ့ ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေဟာ လက်တွေ့မှာ ပိုဆိုးပါတယ်။ ကလပ်ထဲမှာ အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာလေးတွေရဲ့ ပြဿနာတွေ မရေမတွက်နိုင်အောင်ရှိပြီး အသက် (၁၁) နှစ် (၁၂)နှစ် ၀န်းကျင်သာရှိတဲ့ ပြည့်တန်ဆာမလေးတောင်ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဆေးခတ်ပြီး မုဒိမ်းကျင့်ကြတာတွေက လုံးဝလိုပုံမှန်ဖြစ်နေပါတယ်။ ပြီးတော့ ဆေးသုံးတာကို မပေါ်လွင်အောင် ပရော်ဖက်ရှင်နယ်ကျတဲ့နည်းလမ်းတွေကိုလည်း အသုံးပြုခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ပတ်သတ်ပြီး စာရေးဆရာက ယခုလိုပဲပြောပြခဲ့ပါတယ်။

"ကျွန်တော် လွန်ခဲ့တဲ့ (၃)နှစ် အဲ့ဒီမှာ အလုပ်လုပ်တုန်းက အရှေ့တောင်အာရှက ခရီးသွားတွေ လာပြီး ဆေးသုံးတာတွေ၊ ကလပ်တက်တာတွေ လုပ်လေ့ရှိတယ်။စစ်ဆေးရေးဝင်တဲ့အခါ မူးယစ်ဆေးဝါးသုံးထားပေမယ့်လည်း မသုံးထားသလိုမျိုး ရလဒ်ထွက်လာအောင်လုပ်လို့တဲ့ အထူးနည်းစနစ်တွေလည်းရှိပါတယ်။ အစာအိမ်ကိုဆေးတာ ဒါမှမဟုတ် အဲ့တာတွေကို ဖျော်ပစ်ဖို့ရာ တခြားဆေးတွေသုံးကြတာမျိုးပေါ့..။" လို့ Joo Won Kyu မှ ရှင်းပြထားခဲ့ပါတယ်။

တစ်ချို့ ကလပ်မျိုးဆို snuff film မျိုးကို သရုပ်ပြတဲ့ ပွဲမျိုးလုပ်ကြပါတယ်။ snuff film ဆိုတာမျိုးက မုဒိမ်းကျင့်ခံရပြီး သေသွားသွားမျိုးပေါ့။ အဲ့ဒီပွဲတွေမှာ ပါတဲ့ ကောင်မလေးတွေဟာ အဲ့ဒီလိုသရုပ်ပြရင် ၁၀၀မီလီယံဝမ်ရကြတယ် လို့ဆိုပါတယ်။စာရေးသူပြောပြချက်အရ နာမည်ကြီးအနုပညာရှင်တွေတော်တော်များများက အဆိုပါကလပ်တွေရဲ့ ရှယ်ယာရှင်တွေအနေနဲ့ လူသိများကြပါတယ်။

"သူ့ချည်းသီးသန့် ကြီးကြီးမားမား လောကကြီးလိုဖြစ်နေတဲ့ ဂန်နမ် ကလပ်တွေမှာ idol တွေဟာ များသောအားမြင့် အဓိကကလပ်တွေရဲ့ ရှယ်ယာရှင်တွေဖြစ်လာကြပါတယ်။ နာမည်ကြီး *S idol အဖွဲ့ဝင် နဲ့ ဖျော်ဖြေရေးကုမ္ပဏီ အကြီးစား *Y ရဲ့လက်အောက်မှာရှိတဲ့ အနုပညာရှင်တွေဟာ ရှယ်ယာရှင်တွေအနေနဲ့ရှိနေကြပါတယ် ။" လို့ပြောပြခဲ့ပါတယ်။

"ဆယ်ကျော်သက်အိမ်ပြေးလေးတွေနဲ့တွေ့ဆုံပြီးမှာတော့သူဟာ ဂန်နမ်ကလပ်တွေရဲ့ ၀တ္ထုအကြောင်းရေးသားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ "လွန်ခဲ့တဲ့ ၄-၅ နှစ်တုန်းက ကျွန်တော် အိမ်ပြေး အယောက် ၉၀လောက်နဲ့တွေ့ပြီး အင်တာဗျုးခဲ့ပါတယ်။ အဲ့ဒီအထဲကမှ အယောက် (၈၀)လေက်က ဂန်နမ်က adult establishments တွေ (ပြည့်တန်ဆာလုပ်ငန်းတွေ) မှာ အလုပ်လုပ်ချင်ကြပါတယ်။ ကောင်မလေးတွေက ၅-၈ မီလီယံဝမ်လောက် ၀င်ငွေရချင်ကြပြီး ကောင်လေးတွေကတော့ ပြည့်တန်ဆာမြုဆွယ်တဲ့ လုပ်ငန်းကို လုပ်ချင်ကြတယ်။ " လို့သိရပါတယ်။

ဂန်နမ်ရဲ့ ယဉ်ကျေးမှုဟာ စိတ်ကူးထဲကထက်ကိုပိုပြီး ဆိုးရွားတာဖြစ်ကာ burning sun ပဋိပက္ခမှ စတင်ကာ လူမှုအဖွဲ့အစည်းထဲက မျှတမှုတွေကို ရှာဖွေနိုင်ဖို့ မျှော်လင့်ပါတယ် လို့ပြောကြားခဲ့ပါတယ်။

GI GI(momolay)
Source : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။