လူရွှင်တော် ဦးတိုင်းကျော်နေအိမ်သို့ အကူအညီပေးရန် သွားရောက်ခဲ့တဲ့ကြတဲ့ သဘင်အဖွဲ့သားများနဲ့ ဝင်းနောင် တို့ရဲ့video

Posted on - Mar 15 []

K Kay

စာရေးသူ

တစ်ခေတ်တစ်ခါက ဇာတ်သဘင်လောကမှာ အရမ်းကို အောင်မြင်ကျော်ကြားခဲ့ရပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးဖြစ်ခဲ့ရတဲ့ ဝင်းနောင်ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားခဲ့ရတဲ့ ဇာတ်မင်းသားချောကြီး တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားခဲ့ရတဲ့ ဝင်းနောင်ကတော့ လတ်တလောမှာ အရမ်းကို လူပြောများပြီး ဝေဖန်ခြင်းကို ခံနေခဲ့ရတဲ့ လူရွှင်တော်ကြီး ဦးတိုင်းကျော်ရဲ့ နေအိမ်ကို အကူအညီပေးရန် သွားရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

မန္တလေးမြို့ကြီးမှာ လှည့်ပတ်အလှူခံပြီး စားသောက်နေခဲ့ရတဲ့ ဦးတိုင်းကျော်ဟာဆိုရင် ကိုယ်ပိုင်ခြံနဲ့ ကိုယ်ပိုင်အိမ်လေးကို ပိုင်ဆိုင်ထားရှိခဲ့တဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ အသက်အရွယ်ရလာတဲ့ ဦးတိုင်းကျော်ကတော့ သားသမီး ကျောတောင့်နောက်ခံမရှိဘဲ လင်မယားနှစ်ယောက်ထဲ ရပ်တည်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ အသက်အရွယ်ရလာခဲ့ကြတဲ့ သူတို့လင်မယားနှစ်ယောက်အဖို့ စားဝတ်နေရေးက အခက်အခဲရှိလွန်းခဲ့တာကြောင့် အလှူခံပြီး စားသောက်နေခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

သားသမီး ကျောတောင့်နောက်ခံမရှိခဲ့တာကြောင့် စားဝတ်နေရေးအတွက် အလှူခံပြီး စားသောက်နေခဲ့ရတဲ့ လူရွှင်တော်ကြီး ဦးတိုင်းကျော်ရဲ့ နေအိမ်ကို ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ မန်းလေးသဘင်အဖွဲ့သားများနဲ့ ဇာတ်မင်းသား ဝင်းနောင်တို့က အကူအညီပေးရန် သွားရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဦးတိုင်းကျော်ရဲ့ နေအိမ်ကို အကူအညီပေးရန် လူကြီးတွေနဲ့ သွားရောက်ခဲ့တဲ့ ဝင်းနောင်ကတော့ " လူရွှင်တော် ဦးတိုင်းကျော် အိမ်သို့ မန်းလေးသဘင် EC အဖွဲ့သားများနဲ့ ကျနော် ဝင်းနောင် သွားရောက်ခဲ့ပါတယ် ခင်ဗျာ..." ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ဦးတိုင်းကျော် နေအိမ်ထိ သွားရောက်ခဲ့ကြတဲ့ ဝင်းနောင်တို့ အဖွဲ့သားများရဲ့ ဗီဒီယိုဖိုင်လေးကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

လူရွှင်တော်ကြီး ဦးတိုင်းကျော်ရဲ့ နေအိမ်သို့ အကူအညီပေးရန် သွားရောက်ခဲ့ကြတဲ့ သဘင်အဖွဲ့သားများနဲ့ ဇာတ်မင်းသား ဝင်းနောင်တို့ရဲ့ Video

လူရွှင်တော်ကြီး ဦးတိုင်းကျော်ရဲ့ နေအိမ်သို့ အကူအညီပေးရန် သွားရောက်ခဲ့ကြတဲ့ သဘင်အဖွဲ့သားများနဲ့ ဇာတ်မင်းသား ဝင်းနောင်တို့ရဲ့ Video

လူရွှင်တော်ကြီး ဦးတိုင်းကျော်ရဲ့ နေအိမ်သို့ အကူအညီပေးရန် သွားရောက်ခဲ့ကြပေမယ့်လည်း စားဝတ်နေရေးအတွက် လိုက်လံအလှူခံနေခဲ့ရတဲ့ ဦးတိုင်းကျော်ကို ဝင်းနောင်တို့ အဖွဲ့သားတွေကတော့ တွေ့ဆုံခြင်း မရှိခဲ့ရသေးပါဘူးနော်။ ဦးတိုင်းကျော်နဲ့ မတွေ့ခဲ့ရသေးပေမယ့်လည်း ဦးတိုင်းကျော်ရဲ့ ဇနီးနဲ့ တွေ့ဆုံခဲ့ကြတဲ့ သဘင်အဖွဲ့သားများနဲ့ ဇာတ်မင်းသား ဝင်းနောင်တို့ရဲ့ Video file လေးတွေကို Share ပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Kay Kay
Ref : Win Naung's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။