MV ကြည့်ရင်း Crush နဲ့ လက်ထပ်ဖို့ထိစိတ်ကူးယဉ်သွားစေမယ့် AR-T ရဲ့ "တဖက်သက်" သီချင်းအသစ်

Posted on - Mar 15 []

Rowena

စာရေးသူ

လူငယ်ကြိုက်တေးသံရှင်တစ်ဦးဖြစ်တဲ့ အားတီက EDM သီချင်းလေးတွေကို မြူးမြုးကြွကြွ သီဆိုတတ်သူ တစ်ဦးပါ။ အားတီရဲ့ သီချင်းလေးတွေက လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစားပြီး အောင်မြင်လှပါတယ်။ အားတီက သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် တစ်ကိုယ်တော်အခွေတွေကိုလဲ များစွာ ထုတ်လုပ်နိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့သူဆိုလဲ မမှားပါဘူး။ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အားတီက မကြာသေးခင်ကပဲ သီချင်းအသစ်လေးတစ်ပုဒ်ကို MV နဲ့ တကွ ပရိသတ်တွေထံ ချပြခဲ့ပါတယ်။

သီချင်းလေးနာမည်ကတော့ "တဖက်သတ်" လို့ နာမည်ရပြီး မြန်မာနိုင်ငံရဲ့ စူပါမော်ဒယ် အောန်ဆိုင်းနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ဦးဖြစ်တဲ့ ထူးအောင်တို့က အမိုက်စား သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ထိုသီချင်းလေးမှာ အောန်ဆိုင်းနဲ့ ထူးအောင်တို့က အမိုက်စားသရုပ်ဆောင်ထားသလို ညောင်ဦးဖီးကျွန်းပေါ်က အလှအပတွေကိုပါ ရင်သပ်ရှုမောစွာ ခံစားရမှာပဲဖြစ်ပါတယ်။

အားတီ - တဖက်သက်

အားတီရဲ့ သီချင်းအသစ်လေးကတော့ နားထောင်သူတိုင်း မကြိုက်နှစ်သက်ပဲ မနေနိုင်လောက်အောင်ကို ကောင်းမွန်လှတာကို တွေ့ရပါတယ်။ ပရိသတ်တွေမှာလဲ ကိုယ့်ရဲ့ တဖက်သတ်ချစ်သူတွေကို ဒီသီချင်းလေးနဲ့ အထာပေးလို့ ရပြီနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: JOOX

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။