ဇော်ပိုင်ရဲ့ "မဆုံသောလမ်း" သီချင်းကို ခံစားချက်ပြင်းပြင်းနဲ့ သီဆိုပေးထားခဲ့တဲ့ ပိုင်တံခွန်ရဲ့ video

Posted on - Mar 15 []

K Kay

စာရေးသူ

မော်ဒယ် သရုပ်ဆောင်မင်းသားချောလေး ပိုင်တံခွန်ဟာဆိုရင် နှင်းဆီခိုင် အမျိုးသမီးတွေရဲ့ သဲသဲလှုပ်ချစ်ခြင်းကို ခံနေခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ အများရဲ့ ချစ်ခြင်းတွေကို ရရှိထားခဲ့တဲ့ သူကတော့ ယခုဆိုရင် ခံစားချက်တွေ ပြင်းပြလွန်းတဲ့ စာသားလေးတွေတစ်ချို့ကို သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးမြဲပဲ ဖြစ်ပါတယ်။

ရင်ထဲက ခံစားချက်တွေကို ခနခန ထုတ်ဖော်ပြသပေးလေ့ရှိတဲ့ ပိုင်တံခွန်ကတော့ မတ်လ ၁၄ ရက်နေ့ညပိုင်း ၁၁ နာရီ ၁၅ မိနစ်အချိန်မှာ ဇော်ပိုင်ရဲ့ " မဆုံသောလမ်း" သီချင်းလေးကို ကိုယ်တိုင်တီး ကိုယ်တိုင်သီဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ တင်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

"မဆုံသောလမ်း" သီချင်းကို ကိုယ်ကိုယ်တိုင်တီးပြီး ခံစားချက်အပြည့်အဝနဲ့ သီဆိုပေးထားခဲ့တဲ့ ပိုင်တံခွန်ကတော့ မျက်နှာပေါ် sticker အုပ်ပြီး ပရိသတ်တွေအတွက် ဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ခံစားချက်တွေနဲ့ mood အပြည့်သွင်းပြီး သီဆိုပေးထားခဲ့တဲ့ ပိုင်တံခွန်ရဲ့ သီချင်းဗီဒီယိုဖိုင်လေးကို ဆက်လပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

ဇော်ပိုင်ရဲ့ "မဆုံသောလမ်း" သီချင်းကို ခံစားချက်ပြင်းပြင်းနဲ့ သီဆိုပေးထားခဲ့တဲ့ ပိုင်တံခွန်ရဲ့ video

"မဆုံသောလမ်း" သီချင်းကို ခံစားချက်တွေ အပြည့်ထည့်ပြီး သီဆိုပေးထားခဲ့တဲ့ ပိုင်တံခွန်ရဲ့ သီချင်း ဗီဒီယိုကို နားထောင်ရင်း သဘောကျ ကြိုက်နှစ်သက်မိတယ်ဆိုရင် Shareပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေဆဲဖြစ်တဲ့ မော်ဒယ် မင်းသားချောလေး ပိုင်တံခွန်ကတော့ ယခုဆိုရင် "တောင်ဘက်စွန်းဆီသို့" ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေခဲ့ပြီဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Kay Kay
Ref: Paing Takhon's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။