ဘုရားထီးတော်ကို ဟင်္သာတမြို့ ပင့်ဆောင်လာပုံ နဲ့ ခုအချိန်တည်းက လာသမျှ ဧည့်သည်များကိုဧည့်ခံကျွေးနေပုံ

Posted on - Mar 15 []

Moe Kalay

စာရေးသူ

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင်တစ်ဦးပါ။ ပြိုင်းပွဲတစ်လျှောက်အသံပါဝါကောင်းကောင်း နဲ့ သီဆိုယှဉ်ပြိုင်ခဲ့မှုကြောင့် ပရိသတ်တွေရော ဒိုင်တွေကပါ အမြဲချီးကျူးခံခဲ့ရသူပါ။ ဖြိုးမြတ်အောင်က ခုဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ် ။ ခုတ်တလောမှာတော့ ဖြိုးမြတ်အောင်က သာသနဘောင်မှာ ရှင်သာမဏေ အဖြစ်ခံယူထားတာပဲဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင် လှူမယ့်ကိုးန၀င်း စေတီတော်မြတ်ကြီး ရဲ့ ထီးတော်အသစ် ကို ဟင်္သာတ မြို့ ပင့်ဆောင်လာတဲ့ ပုံရိပ်ကလေးတွေကို ချစ်ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

ဖြိုးမြတ်အောင် က သူပြိုင်ပွဲ စ၀င်ချိန်ကတည်းက ဆန္ဒရှိခဲ့တဲ့ ထီးတော်တင်ချင်တဲ့ ဆန္ဒကို ခုအချိန်မှာတော့ အကောင်အထည် ဖော်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်က သူ့အလှူကို တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေကို Online ကနေ ဖိတ်ကြားထားပါသေးတယ်။ လတ်တလောမှာတော့ ဖြိုးမြတ်အောင်က သာသနဘောင်မှာ ရှင်သာမဏေအဖြစ် ခံယူထားပါတယ်။

ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် လှူမည့် ထီးတော် အသစ်ကို ဟင်္သာတ မြို့ကို ပင့်ဆောင်လာတဲ့ ပုံရိပ်များနဲ့ လာသမျှ ဧည့်ပရိသတ်များကို ခုအချိန်တည်း က ဧည့်ခံကျွေးမွေးနေတဲ့ ပုံရိပ်ကလေးတွေနဲ့ video လေးကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

အလှူမတိုင်ခင် လာသမျှ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးနေပုံ

အလှူအတွက် ချက်ပြုတ်ပြင်ဆင်နေပုံ

ဖြိုးမြတ်အောင် ရဲ့ အလှူပုံရိပ်ကလေးတွေကို ပရိသတ်တွေ တွေ့မြင်ရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;phyo myat aung's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။