လက်တွေ့မှာတကယ်​ရှိတဲ့ ရိုးရာအစွဲတစ်​ခုကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ "နို့ဘီလူး" ရုပ်​ရှင်​ဇာတ်ကားကြီးရဲ့ Official Trailer

Posted on - Mar 15 []

Rowena

စာရေးသူ

ဒါရိုက်​တာ လူမင်းပုံ​ဖော်​ထားပြီး လူမင်းကိုယ်တိုင်အြ​ပင် ​​​​ဒိတ်​ဒိတ်​ကြဲ သရုပ်​​ဆောင်​​တွေဖြစ်​ကြတဲ့ ​ဇေရဲထက်​၊ ​ဒေါ်မြတ်​မွန်​နဲ့ ​ရွှေမှုံရတီတို့ အ​ကောင်းဆုံးပါဝင်​သရုပ်​​ဆောင်​ထားတဲ့ "နို့ဘီလူး" ရုပ်​ရှင်​ဇာတ်​ကားကြီးက​တော့ မကြာခင်​မှာ ရုံတင်​ပြသ​တော့မှာပဲ ဖြစ်​ပါတယ်​။ အပြင်​မှာတကယ်​ရှိတဲ့ ရိုးရာအစွဲတစ်​ခုကို အ​ခြေခံပြီးရိုက်​ကူးထားတာ​ကြောင့်​​ရော၊ ဘာသာ​ရေးနဲ့ ​မိဘ​မေတ္တာဖွဲ့ဇာတ်​ကားဖြစ်​တာ​ကြောင့်​ပါ ပရိသတ်​​တွေက ပိုပြီးစိတ်​ဝင်​စား​နေကြတာပါ။

'နို့ဘီလူး"ရုပ်​ရှင်​ဇာတ်​ကားကြီးက အပြင်မှာ အမှန်တကယ်ရှိတဲ့ ရိုးရာအယူအဆတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 'နို့ဘီလူး"ရုပ်​ရှင်​ဇာတ်​ကားကြီးမှာ အဓိက သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ လူမင်း၊ ဇေရဲထက်၊ ရွှေမှုံရတီ နဲ့ အကယ်ဒမီ ဒေါ်မြတ်မွန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်တွေ အားလုံး စိတ်ဝင်စားပြီး စောင့်မျှော်နေကြတဲ့ 'နို့ဘီလူး"ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ Official Trailer ထွက်ရှိလို့လာပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် 'နို့ဘီလူး"ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ Official Trailer ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

"နို့ဘီလူး"ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ Official Trailer

"နို့ဘီလူး" ရုပ်​ရှင်​ဇာတ်​ကားကြီးမှာ သားဆိုးသားမိုက်တစ်ဦးကို မေတ္တာမပျက်တဲ့ အမေတစ်ယောက်ရဲ့ ကြီးမားလှတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ "နို့ဘီလူး" ရုပ်ရှင်ဇာတ်ကားကြီးကို​တော့ လာမယ့်​ မတ်လ (၂၉) ရက်နေ့မှစပြီး မြန်​မာတစ်ပြည်လုံးမှာ ရုံတင်ပြသ​တော့မှာမို့ သွားရောက်ကြည့်ရှုအားပေးဖို့ မမေ့ပါနဲ့နော်။

Rowena
Source:နို့ဘီလူး - ရုပ်ရှင်ဇာတ်ကားကြီး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။