Breaking News : ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုများ ကျင်းပပြီးစီး

Posted on - Mar 15 []

Htoo Yan Ag

စာရေးသူ

ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်မဲခွဲမှုများကိုတော့ ယနေ့ မြန်မာစံတော်ချိန် ၆နာရီခွဲအချိန် ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ကိုတော့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်၂သင်းဖြစ်တဲ့ အာဆင်နယ် နဲ့ ချယ်ဆီး ၊ စပိန်လာလီဂါကလပ်များဖြစ်ကြတဲ့ ဗီလာရီးရဲလ်နဲ့ ဗလင်စီယာ ၊ အီတလီစီးရီးအေကလပ် နာပိုလီ ၊ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ် ၊ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနဲ့ ချက်လိဂ်မှာ ကစားနေတဲ့ ဆလားဗီးယား ပရက်ဂ်တို့ အသီးသီးတက်ရောက် ထားနိုင်ခဲ့ကြပါတယ်။

ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုများကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မဲခွဲမှုများအပြီးမှာ ဆက်လက်ပြီးကျင်းပသွားခဲ့တာဖြစ်ပြီး ယူအီးအက်ဖ်အေရဲ့ အတွင်းရေးမှူး မာချက်တီကပဲ ဦးဆောင်ပြီး ရွေးချယ်ပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ အတွဲအဖက်များကိုတော့ အောက်ပါအတိုင်း မဲခွဲပေးခဲ့ကြပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်(၁) - နာပိုလီ Vs အာဆင်နယ်

ပထမဆုံးအတွဲအဖက်အဖြစ် အီတလီစီးရီးအေကလပ် နာပိုလီအသင်းနဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ လန်ဒန်ကလပ် အာဆင်နယ်အသင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာ စောစောစီးစီးပဲ လာရောက်တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်(၂) - ဗီလာရီးရဲလ် VS ဗလင်စီယာ

ဒုတိယမြောက် အတွဲအဖက်အဖြစ်တော့ စပိန်လာလီဂါကလပ် နှစ်သင်းဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းနဲ့ ဗလင်စီယာအသင်းတို့ဟာ ကွာတားဖိုင်နယ်ပွဲစဉ်(၂) ယှဉ်ပြိုင်သွားရမှာပါ။

ကွာတားဖိုင်နယ်ပွဲစဉ်(၃) - ဘင်ဖီကာ Vs ဖရန့်ဖတ်

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနဲ့ ဂျာမန်ကလပ် ဖရန့်ဖတ် စတဲ့ ခြေစွမ်းညီမျှတဲ့အသင်းနှစ်သင်းဟာလည်း ဒီအဆင့်မှာ လာရောက်တွေ့ဆုံနေပြီး ပရိသတ်တွေအတွက် ဖျော်ဖြေမှု ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်(၄) - ဆလားဗီးယားပရက်ဂ် Vs ချယ်ဆီး

ချက်ကလပ် ဆလားဗီးယားပရက်ဂ်နဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ချယ်ဆီးအသင်းတို့ဟာ ကွာတားဖိုင်နယ်ပွဲစဉ်(၄)အဖြစ် ရင်ဆိုင်သွားရမှာဖြစ်ပြီး ချယ်ဆီးအသင်းအနေနဲ့ အနည်းငယ် ပွဲချောင်နေခဲ့တာ ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။