ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ Team 143 ရဲ့ "မတ်မတ်" သီချင်း MV

Posted on - Mar 15 []

Rowena

စာရေးသူ

လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုရှင်တွေပါဝင်တဲ့ Team 143 က အခုနောက်ပိုင်းမှာတော့ တော်တော်လေး အောင်မြင်လာတာကို တွေ့ရပါတယ်။ Team 143 ရဲ့ သီချင်းတွေတိုင်းက အောင်မြင်သလို Team 143 ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Double J၊ NJ၊ မြတ်အမရာမောင်နဲ့ RB2 တို့ တစ်ယောက်ချင်းစီရဲ့ သီချင်းတိုင်းက တော်တော်လေး အောင်မြင်တာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ Team 143 ရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ "မတ်မတ်" သီချင်းရဲ့ MV လေး ထွက်ရှိလို့လာပါပြီ။

"မတ်မတ်" သီချင်းက လွန်ခဲ့တဲ့လတွေထဲက ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေပြီး MV ကတော့ အခုမှပဲ ထွက်ရှိတာပဲဖြစ်ပါတယ်။

ဒီသီချင်းလေးမှာ Team 143 အဖွဲ့နဲ့အတူတူ မင်းသမီးချောလေး နွယ်ဒါလီထွန်းက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

မိုမိုလေးပရိသတ်တွေအတွက် "မတ်မတ်" သီချင်း MV လေးကို မျှဝေပေးလိုက်ပါတယ်။

သီချင်းလေးကတော့ ပရိသတ်တွေကြိုက်ပြီးသား သီချင်းလေးဖြစ်ပြီး MV လေးကလဲ ပရိသတ်တွေအကြိုက်ဖြစ်ဦးမှာ အသေအချာပါပဲ။ ဒီသီချင်းလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုလဲ မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: V7Entertainment

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။