နားထောင်ပြီး သင်္ကြန်ရောက်ချင်စိတ် ပေါက်သွားစေမယ့် လိမ္မော်သီးတို့ ညီအစ်မရဲ့ "သင်္ကြန်ရေ" သီချင်း Remix

Posted on - Mar 15 []

Rowena

စာရေးသူ

တစ်ယောက်နဲ့တစ်ယောက် အသက် ၈ နှစ်တာ ကွာဟပေမယ့် အမွှာလေးတွေအလား အရမ်းကို ချစ်ဖို့ကောင်းလွန်းကြတဲ့ အဆိုတော် လိမ္မော်သီးနဲ့ ဝေလာရီတို့ ညီအစ်မနှစ်ယောက်ကို ပရိသတ်အများက အားပေးချစ်ခင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ပရိသတ်အများရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့ကြတဲ့ သူတို့ ညီအစ်မနှစ်ယောက်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်နေကြဆဲဖြစ်တဲ့ သူလေးတွေလဲဖြစ်ပါတယ်။

လိမ္မော်သီးနဲ့ ဝေလာရီတို့ညီအစ်မက မကြာခင်ကျရောက်တော့မယ့် သင်္ကြန်ပွဲတော်အတွက် သင်္ကြန်သီချင်းလေးတစ်ပုဒ်ကိုလဲ မြူးမြူးကြွကြွ သီချင်းလေးကို မျှဝေထားပါတယ်။

ထိုသီချင်းလေးက တစ်ချိန်က နာမည်ကြီးသီချင်းဖြစ်တဲ့ "သင်္ကြန်ရေ" ဆိုတဲ့ သီချင်းလေးဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် လိမ္မော်သီးနဲ့ ဝေလာရီတို့ညီအစ်မ မြူးမြူးကြွကြွ သီဆိုထားတဲ့ "သင်္ကြန်ရေ" ဆိုတဲ့ သီချင်းလေးကို မျှဝေထားပါတယ်။

သင်္ကြန်ရေ ( Remix ) - Hugo လိမ္မော်သီး ဝေလာရီ

သီချင်းလေးက နားထောင်လိုက်တာနဲ့ သင်္ကြန်ကို ရောက်သွားသလိုပဲနော်။ Hugo ကလဲထိုထဲမှာ သရုပ်ဆောင်ထားတာ လုံးဝမိုက်ပြီး Jade Dragon အဖွဲ့ရဲ့ ကကွက်တွေကလဲ တကယ်ကို မိုက်လှပါတယ်။ ဒီသီချင်းလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုမိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source; V7Entertainment

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။