ပြင်သစ်မှာ အပေါ့သွားထားတဲ့ ရေသန့်ဘူးတွေနဲ့ ပစ်ပေါက်ခံရပြီး ခွဲခြားဆက်ဆံခဲ့ရတဲ့ Song အမြွာ(၃)ယောက်

Posted on - Mar 15 []

Theingi Kyaw

စာရေးသူ

ကိုရီးယားမင်းသားဖြစ်သူ Song Il Kook က သူ့ရဲ့ သားဖြစ်သူ Daehan၊ Minguk နဲ့ Manse တို့ ပြင်သစ်မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ အဆိုပါ ပြင်သစ်မှာ သူတို့ဟာ အာရှသားတွေ ဖြစ်တာကြောင့် လူတန်းစားခွဲခြားဆက်ဆံခဲ့ရတဲ့အကြောင်းကို ယခုလိုပဲပြောပြလာခဲ့ပါတယ်။ ဘာတွေဘယ်လိုပြောပြခဲ့သလဲဆိုတာကိုတော့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

မတ်လ (၁၅)ရက်မှာ မီဒီယာသတင်းဋ္ဌာနဖြစ်တဲ့ Newsen မှ Song Il Kook နဲ့ အင်တာဗျုးလုပ်ခဲ့ပါတယ်။ Song Il Guk ဟာ မိသားစုနဲ့ ပြင်သစ်မှာ ၁နှစ်ကြာနေခဲ့ပြီး ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတစ်ချို့ကိုပြောပြခဲ့လာခဲ့ပါတယ်။

Song Il Kook ဟာ လုံးဝကို ရှောခ့်ရစရာကောင်းတဲ့ အကြောင်းအရာကိုပြောပြလာခဲ့ပါတယ်။ "ကျွန်တော်တို့ အဲ့ဒီမှာ ကိစ္စတွေ အများကြီးဖြစ်ခဲ့တယ်။ လူတစ်ချို့ဆို လမ်းပေါ်မှာ ကျွန်တော်တို့ကို တွေ့ရင် ဒီအတိုင်း ကျိန်ဆဲသွားကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အာရှသားတွေဖြစ်နေလို့ပဲ။" လို့ရှင်းပြလာခဲ့ပါတယ်။  

သူကပဲ ယခုလိုဆက်လက်ပြောပြလာခဲ့ပါတယ်။ " တစ်ခါတုန်းက Daehan, Minguk, နဲ့ Manse တို့က ဒီအတိုင်း ကစားကွင်းမှာ ကစားနေကြတယ်။ အဲ့ဒီအချိန်မှာပဲ လူတစ်ချို့က အပေါ့စွန့်ထားတဲ့ ဘူးတွေနဲ့ ကလေးတွေကို ပစ်ပေါက်တယ်။ ကျွန်တော် တော်တော် ဒေါသထွက်သွားတော့..အဲ့ဒီအချိန်တုန်းကလည်း ကျွန်တော် ဆဲ နိုင်သလောက် ဆဲခဲ့တာပဲ။" လို့ရှင်းပြလာခဲ့ပါတယ်။

အဲ့ဒီမှာ ခက်ခဲတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အမြွာ (၃)ယောက်ကို ပြင်သစ်ကိုခေါ်သွားခဲ့တာ ကောင်းတဲ့အကြံလို့ထင်ခဲ့ပါတယ်တဲ့..။ " 'The Return of Superman' ရိုက်ကူးရေးအပြီးမှာ လူတော်တော်များများက ကျွန်တော့်သားတွေကို သတိထားမိနေကြတယ်။ ဒါကြောင့် လူတွေအာရုံစိုက်နေတဲ့ နေရာကနေ အမြွာ (၃)ယောက်ကို ခေါ်ထုတ်သွားခဲ့တာ သူတို့အတွက် ပိုပြီး ကျန်းမာမယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။ " လို့ရှင်းပြခဲ့ပါတယ်။

ဒယ်ဟန်၊ မင်ဂု၊ မန်ဆယ် အမြွာ (၃)ယောက်ဟာ KBS ရဲ့ reality show ဖြစ်တဲ့ 'The Return of Superman' မှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ပါဝင်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှ စလို့ ကလေး (၃)ယောက်ဟာ တိုင်းသိပြည်သိဖြစ်သွားခဲ့ပြီး အာရှတစ်ခွင်ပါ လူချစ်လူခင်များခဲ့ပါတယ်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေး(၃)ယောက်မှာ ဒီလိုအဖြစ်မျိုးဖြစ်လာခဲ့တာ တကယ်ကို စိတ်မကောင်းစရာပါပဲ။ အခုတော့ ကလေး(၃)ယောက်ဟာ ပြင်သစ်မှ ကိုရီးယားကို ပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

GI GI(momolay)
Source : SBS News

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။