နာမည်ကြီးဘောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားတွေကို Effect တွေမပါပဲ မြင်တွေ့ ရတဲ့အခါ

Posted on - Mar 15 []

Douglas Thura

စာရေးသူ

Bollywood က ပရိသတ်အားပေးမှုအများဆုံး ဇာတ်ကားအမျိုးအစားတွေဖြစ်တဲ့ Action အမျိုးအစား ရုပ်ရှင်တွေ၊ Science Fiction ( Sci-Fi ) ရုပ်ရှင်အမျိုးအစားတွေအတွက် CGI Effect တွေ နိုင်နင်းအောင်ထည့်နိုင်ဖို့ က အရေးအကြီးဆုံးအချက်တစ်ခုဖြစ်ပြီး Effect တွေမပီပြင်ရင်လည်း ပရိသတ်တွေအားပေးမှုလျော့နည်းပြီး Producer တွေရဲ့ Production Budget တွေနဲ့ မကာမိတော့ပဲ အရှုံးပေါ်ရလေ့ရှိပါတယ်။ ပါးစပ်အဟောင်းသားဖြစ်သွားစေမဲ့ CGI Effect တွေနဲ့ အပီပြင်ဆုံးဖန်တီးရိုက်ကူးနိုင်ခဲ့တဲ့ ဘောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားကြီးတစ်ချို့ ရဲ့ Special Effect တွေမပါသေးစဉ်က ပုံရိပ်တွေနဲ့ Effect ထည့်ပြီး မြင်တွေ့ ရတဲ့ပုံရိပ်တွေကို ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။

Ra.One ဇာတ်ကားထဲမှာ ရထားပေါ်ကခုန်ဆင်းတဲ့ဇာတ်ဝင်ခန်းကလည်း Effect နဲ့ ဖန်တီးထားတာဖြစ်ပါတယ်

Dostana ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာလည်း နောက်ကွယ်ကတိုက်ခန်းတွေဟာ effect နဲ့ ဖန်တီးထားတာဖြစ်ပါတယ်

Ready ဇာတ်ကားထဲမှာသုံးထားတဲ့ Effect (မသိရင်တော့ တစ်ကယ့်ကြောက်စရာပဲနော်)

Wanted ဇာတ်ကားထဲက မင်းသားကြီး Salman Khan ရဲ့ ခန္ဓာကိုယ်ဟာလည်း Effect နဲ့ ပြင်ထားတာဖြစ်ပါတယ်

Fan ဇာတ်ကားထဲမှာ မင်းသားကြီး Shahrukh Khan ရဲ့ မျက်နှာကို Effect တွေသုံးပြီး ပြောင်းလဲထားတာဖြစ်ပါတယ်

ထိတ်ထိတ်ကြဲ Bahubali ဇာတ်ကားထဲက ဖန်တီးမှုပုံရိပ်တစ်ခု

Chak De India ဇာတ်ကားထဲမှာလည်း ပွဲကြည့်နေတဲ့လူအုပ်ကြီးဟာ တစ်ကယ်မရှိပဲ effect တွေသုံးပြီး ပွားထားတာဖြစ်ပါတယ်

Kick ဇာတ်ကားထဲမှာလည်း ရထားနားကဖြတ်တဲ့ဇာတ်ဝင်ခန်းမှာ ရထားကို effect တွေနဲ့ ဖန်တီးပြီး ထည့်ထားတာဖြစ်ပါတယ်

Ref : LaughingColours
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။