နောက်ဆုံးရရှိထားတဲ့ ချောင်းရိုက်ဗီဒီယိုဖြန်တဲ့ Chatroom ထဲမှာ ပါဝင်တဲ့အဖွဲ့ဝင် (၈) ယောက်

Posted on - Mar 15 []

Zue

စာရေးသူ

MBN သတင်းဌာနဟာ ဒီနေ့ညနေပိုင်းလောက်မှာ KakaoTalk chatroom နဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့သတင်းတစ်ခုကို ထုတ်ပြန်ပေးလိုက်ပါတယ်။ အဲဒါကတော့ ထို Chatroom ထဲမှာပါဝင်နေတဲ့သူတွေရယ်လို့ သတ်မှတ်ခံထားရတဲ့ (၈) ယောက်ပါပဲ။ အခုဖော်ပြပေးမယ့် အဖွဲ့ဝင် (၈) ယောက်ဟာဆိုရင် အဆိုပါ Chatroom ထဲမှာ ပါဝင်နေတယ်လို့ MBN သတင်းဌာနက ထုတ်ပြန်ပေးထားတာ ဖြစ်ပါတယ်။

သူတို့တွေကတော့.....

1. Seungri

2. Jung Joon Young

3. Choi Jonghoon (formerly of FTISLAND)

4. Yoo In Suk (သူ့ကိုတော့ Yuri Holdings ရဲ့ CEO အဟောင်း Mr.Yoo လို့ သိကြပြီး မင်းသမီး Park Han Byul ရဲ့ ခင်ပွန်းလည်း ဖြစ်ပါတယ်။)

5. Mr. Kim ( သူကတော့ ကလပ်ရဲ့ ၀န်ထမ်းဖြစ်ပါတယ်။)

6. အမျိုးသမီး Idol တစ်ယောက်ရဲ့ ဆွေမျိုး (Mr.A)

7. YG Entertainment ရဲ့ ၀န်ထမ်းဟောင်း (Mr.B)

8. Jung Joon Young နဲ့အတူ ခရီးသွားအစီအစဉ်တစ်ခုမှာ ပါဝင်ဖူးတဲ့ သူ့ရဲ့ သူငယ်ချင်း (Mr.C)

Jung Joon Young ကတော့ အခုလက်ရှိမှာ သူ့အပြစ်ကိုသူ ၀န်ချတောင်းပန်ပြီး တာဝန်ရှိသူတွေရဲ့ စစ်ဆေးမေးမြန်းမှုကို ခံယူနေရတာဖြစ်ပါတယ်။ Seungri ဟာဆိုရင်လည်း အနုပညာလောကကနေ အနားယူကြောင်း သူကိုယ်တိုင်ကြေညာထားပြီး လတ်တလောမှာ အစစ်ဆေးခံနေရကာ Choi Jong Hoon ကတော့ FTISLAND ကနေ နှုတ်ထွက်ထားပြီး သူဟာလည်းပဲ အစစ်ဆေးခံရမှာ ဖြစ်ပါတယ်။

Yong Junhyung နဲ့ CNBLUE ရဲ့ Lee Jong Hyun တို့ကတော့ ထို Chatroom ထဲမှာ ပါဝင်ခြင်းမရှိသော်လည်း Jung Joon Young နဲ့ပြောထားတဲ့ 1:1 Message တွေကနေ ချောင်းရိုက်ဗီဒီယိုတွေကြည့်ခြင်းနဲ့ ညစ်ညမ်းတဲ့လိင်မှုကိစ္စတွေမှာ ပါဝင်နေတယ်ဆိုတာကို ၀န်ခံထားကြသူတွေ ဖြစ်ကြပါတယ်။

FNC Entertainment ကတော့ ဒီနေ့မနက်ပိုင်းမှာ Lee Jong Hyun နဲ့ ပတ်သတ်တဲ့ဖြေရှင်းချက်ကို ထုတ်ပေးခဲ့ပြီး Yong Junhyung ကတော့ Highlight အဖွဲ့ကနေ ထွက်ခွာခဲ့ပြီဆိုတဲ့အကြောင်းကို မတ်လ ၁၄ ရက်နေ့ကတည်းက ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

Ref : Soompi
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။