နိုင်ငံတကာဂီတလောကမှာ ပရိသတ်တွေကို အလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးအဆိုတော်(၇)ယောက်

Posted on - Mar 15 []

Douglas Thura

စာရေးသူ

အနောက်တိုင်းတေးဂီတလောကမှာ နိုင်ငံပေါင်းစုံက ထိတ်ထိတ်ကြဲအဆိုတော်တွေလည်း နေရာယူနိုင်လာကြတာကိုတွေ့ ရပြီး အထူးသဖြင့် အမျိုးသမီးအဆိုတော်တွေဟာ အမျိုးသားအဆိုတော်တွေထက် ပိုပြီးအောင်မြင်နေကြတာကို music chart တွေ၊ Album Sales တွေနဲ့ ဆုပေးပွဲတွေအရ သိရှိနိုင်ပါတယ်။ Album ရောင်းအားတွေ ကောင်းမွန်လာတာနဲ့ အမျှ အမျိုးသမီးအဆိုတော်တွေတော်တော်များများရဲ့ Net Worth တွေဟာ အမျိုးသားအဆိုတော်တွေထက်တောင် ပိုမိုများပြားလာတာကိုလည်း တွေ့ ရပါတယ်။ အခုဖော်ပြပေးမှာကတော့ နိုင်ငံတကာဂီတလောကမှာ ပရိသတ်တွေကို အလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးအဆိုတော်(၇)ယောက်စာရင်းပဲ ဖြစ်ပါတယ်။ ဒီ(၇)ယောက်ထဲမှာ ဘယ် Female Singer တွေ ပါဝင်နေလဲဆိုတာ ကြည့်လိုက်ကြရအောင် ...

7. Dua Lipa

Dua Lipa ရဲ့ သီချင်းတော်တော်များများကို နားထောင်လိုက်တိုင်း ပရိသတ်တိုင်း ကချင်စိတ်တွေအလိုလိုဖြစ်လာတာမျိုးကို ခံစားမိကြမှာပါ။ ဒါဟာ Dua တစ်ယောက် ဒီစာရင်းထဲပါနေရခြင်းရဲ့ သက်သေပါပဲ။

6. Beyonce

ထုတ်သမျှ Album တိုင်း ပေါက်တဲ့အမျိုးသမီးအဆိုတော်တွေထဲမှာ Formation သီချင်းအဆိုတော် Beyonce လည်း အပါအ၀င်ဖြစ်ပါတယ်။ သာယာချမ်းမြေ့ တဲ့ အိမ်ထောင်ရေးတစ်ခုကိုလည်း တည်ဆောက်ထားနိုင်တဲ့ Beyonce ဟာ အမျိုးသမီးပရိသတ်ရော အမျိုးသားပရိသတ်တွေကိုပါ လွှမ်းမိုးနိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

5. Rihanna

This Is What You Came For သီချင်းအဆိုတော် Rihanna ကတော့ ဂီတလောကကနေ ခေတ္တအနားယူနေတာတောင်မှပဲ သူမရဲ့ သီချင်းဟောင်းတွေကတော့ ဘယ်နှခါပြန်နားထောင်ထောင် မရိုးနိုင်တာကို တွေ့ ရပါတယ်။ ရုပ်ရှင်လောကမှာလည်း နေရာတစ်ခုကို ရယူထားနိုင်ပြီဖြစ်တဲ့ Riri ဟာ Fenty Beauty အမည်နဲ့ cosmetic brand တစ်ခုကိုလည်း အောင်မြင်စွာထူထောင်ထားနိုင်ပြီဖြစ်ပါတယ်။

4. Katy Perry

ယောက်ျားလေးပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ 365 သီချင်းအဆိုတော် Katy Perry ကတော့ မရိုးနိုင်တဲ့ အလှတရားတွေနဲ့ ဖမ်းစားထားနိုင်သူပါ။ Katy ဟာ လက်ရှိမှာ American Idol Season(17) ရဲ့ Judge အဖြစ်လည်း လုပ်ကိုင်နေတာကို တွေ့ ရပါတယ်။

3. Ariana Grande

7 Rings သီချင်းအဆိုတော် Ariana Grande ကတော့ လက်ရှိမှာ သူမရဲ့ ခေတ်ကိုရောက်နေပြီလို့ ပြောလို့ ရအောင်ကို အောင်မြင်နေတဲ့ အဆိုတော်မလေးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

2. Taylor Swift

Delicate သီချင်းအဆိုတော် Taylor Swift ကတော့ အဆိုတော်အချင်းချင်းကတောင် Idol အဖြစ်သတ်မှတ်ခံထားရတဲ့ အဆိုတော်မလေးဖြစ်ပါတယ်။ ထွက်တဲ့ Album တိုင်း ရောင်းအားသန်းချီရှိတဲ့ Taylor ဟာ ဂီတနယ်ပယ်မှာ အလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးအဆိုတော်လို့ ပြောရင်လည်း မမှားပါဘူး။

1. Lady Gaga

2019 ခုနှစ်ကို ရောက်ရှိလာတဲ့အခါမှာတော့ Shallow သီချင်းအဆိုတော် Lady Gaga ရဲ့ အောင်မြင်မှုဟာ ကြောက်ခမန်းလိလိပါပဲ။ ယခုနှစ်အတွင်းမှာပဲ Gaga ဟာ ဂီတလောကရဲ့ အကြီးမားဆုံးဆုဖြစ်တဲ့ Grammy ဆုတွေကို ထပ်မံရရှိထားပြီး ရုပ်ရှင်လောကရဲ့ အကြီးမားဆုံးဆုဖြစ်တဲ့ Oscar ဆုကိုလည်း ရယူထားနိုင်ပြီဖြစ်ပါတယ်။

Ref : BrainBerries
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။