"ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်" ရုပ်ရှင်ကားကြီးရဲ့ နောက်ဆုံးဇာတ်ဝင်တေးသီချင်း video

Posted on - Mar 15 []

K Kay

စာရေးသူ

"ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်" ရုပ်ရှင်ကားကြီးဟာဆိုရင် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် ဒိတ်ဒိတ်ကြဲ အနုပညာရှင်ကြီးတွေက ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ လူငယ်ပိုင်း လူလတ်ပိုင်း အသက်အရွယ်ရလာတဲ့ လူကြီးပိုင်းကို အဓိက အသားပေးပြီး ရိုက်ကူးထားတဲ့ ဒီကားကြီးကတော့ သရုပ်ဆောင်မှုတွေနဲ့လိုက်ဖက်တဲ့ ဇာတ်ဝင်တေးသီချင်းတွေကို ကြည့်ရှုသူ ပရိသတ်တွေ ရသပေါင်းစုံလင်စွာနဲ့ ကြည့်ရှုခံစားရမယ့် ကားကြီးတစ်ကားလည်း ဖြစ်ပါတယ်။

မိန်းမတစ်ယောက်ရဲ့ ခံစားချက်တွေကို တစ်နေရာထဲမှာပဲ အပီအပြင်တွေ့မြင်ရမယ့် "ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်" ရုပ်ရှင်ကားကြီးရဲ့ နောက်ခံတေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ နောက်ဆုံး ဇာတ်ဝင်တေးတစ်ပုဒ်ကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

အရွယ်သုံးပါးလုံးမှာ "ယုံကြည်ထိုက်သော" သီချင်းလေးနဲ့ အဆိုတော် တစ်ယောက်ချင်းစီက သီဆိုပြသပေးသွားမှာဖြစ်ပြီး ယခုနောက်ဆုံး ဇာတ်ဝင်တေးကိုတော့ အဆိုတော်ကြီး ဖြူသီက သီဆိုပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုတော်ကြီး ဖြူသီရဲ့ နောက်ဆုံးဇာတ်ဝင်တေး တစ်ပုဒ်ဖြစ်တဲ့ "ယုံကြည်ထိုက်သော" သီချင်းကို ဆက်လက်ခံစာပြီး နားသောတဆင်ပေးသွားကြပါဦးနော်။

"ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်" ရုပ်ရှင်ကားကြီးမှ အဆိုတော်ကြီး ဖြူသီရဲ့ "ယုံကြည်ထိုက်သော" သီချင်း video

"ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်" ရုပ်ရှင်ကားကြီးမှ အဆိုတော်ကြီး ဖြူသီရဲ့ "ယုံကြည်ထိုက်သော" သီချင်း video လေးကို နားဆင်ရင်း ပရိသတ်ကြီးလည်း သဘောကျ ကြိုက်နှစ်သက်မိမယ်လို့ ထင်ပါတယ်။ ယနေ့မှ စတင်ပြီး တစ်ပြည်လုံးမှာ ရုံတင်ပြသပေးနေပြီဖြစ်တဲ့ "ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်" ရုပ်ရှင်ကားကြီးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြပါဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Kay Kay
Ref: Sein Htay's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။